ကျွန်တော် ရွံ့ရှာခဲ့တဲ့ အဖေ့ရဲ့ ဖိနပ်စုတ်လေး တရံ (ရင်ကို ထိခတ်စေတဲ့ ဝတ္ထုတို တပုဒ်)

“မောင်ဇော်ဝင်းမောင်ဧည့်သည်” အဆောင်စာကျက်ခန်းမှာ စာကျက်နေတဲ့ကျနော် ဆရာမအသံကြောင့် ဧည့်ခန်းဘက်ကို ထွက်လာခဲ့တယ်။ ဧည့်ခန်းဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီး စုပ်ပြတ်နေတဲ့ ဖိနပ်တရံ ကျနော်နှာခေါင်းရှုံလိုက်မိတယ်။

ဧည့်ခန်းထဲဝင်မိတော့ ကုလားထိုင်မှာထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေပေါ်အောင် ပြုံးနေတဲ့အဖေ အဝတ်အစားကလဲဖရိုဖရဲ။ “သား ´အဖေသားအတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုးရယ် လာပို့တာလေ။ အဖေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေ တချို့ထုတ်ပေးရင်း ကျနော်ကိုပြုံးကြည့်နေတယ်။

“အဖေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လည်း အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လာပေါ့ အခုဟာက စုတ်ပြတ်နေတာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပြတ် စုတ်ပြတ်နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင် သားသိက္ခာ ကျမှာပေါ့” “အင်းပါသားရယ် မတ္တရာမှာ အသီးအနှံပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေတွေ့ချင်လို့ မန္တလေးဆင်းလာတာပါကွယ် နောက်လာရင်အဖေသပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သား ကျန်းမာရေးဂရုစိုက်အုံး”

ခေါင်းငိုက်စိုက်နဲ့ ပြန်သွားတဲ့အဖေကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်မိသွားသည်။ ဒီနောက်ပိုင်း အဖေပေါ်မလာတော့ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ ၁၀မိုင်လောက်ဝင်ရတဲ့ ရွာလေးတရွာမှာ အသီးအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့။ အမနှစ်ယောက်ရှိပေမယ့် ရွာမူလတန်းကျောင်းလေးမှာ ၄တန်းအထိပဲ ပညာသင်ခဲ့ရတာ။

အငယ်ဆုံးသားကျနော်ကတော့ အလယ်တန်းကို မတ္တရာမှာထား ၉ တန်းအောင် ၁၀တန်းရောက်တော့ အဖေက ပညာတတ်စေချင်သည့်အတွက် အမေတားသည့်ကြားက မန္တလေးက ဘော်ဒါတခုမှာ ကျောင်းအိပ်ကျောင်းစား ပို့ကာ ကျောင်းထားပေးသည်။ ကျနော်တို့ ၁၀တန်းစာမေးပွဲးနီးလာပြီ။ အဖေကမန္တလေးမလာတော့ မကြီးတလှဲ့ မလေးတလှဲ့သာလာသည် အဖေကိုမေးတော့ အဖေ စိုက်ခင်းတွေကို စိတ်မချလို့မလာတာတဲ့ အမတွေမျက်နှာမကောင်း ဘာလို့လဲမေးတော့ခရီးပန်းလို့တဲ့။

၁၀တန်းတွေစာမေးပွဲပြီးတော့ မကြီးလာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွာရင် အိမ်ဝင်းထဲသို့ရောက်တော့ “အဖေ အမေ သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ်” လို့ပြောပြီးပြေးဝင်လာတော့ အမေက`သား´လို့အော်ရင် ပြေးဖက်ငိုပါလေရော မကြီးနဲ့မလေးလဲဝိုင်းဖက်ငိုကြတယ်လေ။

အာ့ကြမှ အမေအဖေရောဟင်။ သား မင်းအဖေ ပိုးထိလို့ဆုံးတာ ၁လ လောက်ရှိပြီကွဲ့။ “ဗျာ” အဲ့တာဘာလို့မပြောတာလဲအမေ။ နင့်အဖေက မပြောရဘူးတဲ့ ငါ့သားစာမေးပွဲအတွက် စိတ်အနှောင့်အယှက်ဖြစ်မယ်တဲ့ သားဘော်ဒါကြေးအတွက် မတ္တရာက သီးနှံပွဲရုံက ငွေတွေထုတ်ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ ညဖက်နင့်အဖေ ငါးရှာရတယ်လေ။

နင့်ပညာရေးအတွက်သူ့မှာအဝတ်အစား တောင်မဝယ်နိုင်ဘူး အစုတ်နဲ့ မိန်းမနဲ့သမီးအပျို ၂ယောက် အတွက် ဦးစားပေးရသေးတယ်လေ။ ဟိုမှာ နင်အဖေ စီးခဲ့တဲ့ ဖိနပ်လေး ကြည့်ပါဦးသားရယ် ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန်နောက်ကျသွားပြီးလေ အမေတို့အသက်မှီရုံလေး နောက်ဆုံးအသက်ငွေ့ငွေ့မှာ မှာသွားသေးတယ်။

တကယ်လို့သူသေသွားရင် သားကိုစာမေးပွဲပြီးမှပြောပါတဲ့ ပြီးတော့ သားကိုဘွဲ့ရအောင်ထားပါလို့ မှာသွားသေးတယ်သားရယ် ဟင့် ဟင့်ဟင့်။ ကျနော်မျက်ရည်တွေကျရင်း နောင်တတွေနဲ့ ခေါင်ရင်းမှာ ထောင်ထားတဲ့အဖေ့ဖိနပ်စုပ်လေး ရင်မှာပိုက်ရင်း အားရပါအော်လိုက်မိပါတယ်၊ `အဖေ´(KoAung)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page