ရွှေဈေး ၂၉ သိန်းခွဲဖြင့် စံချိန်တင် မြင့်တက်၊ ပြည်သူများ အသည်းအသန် ဝယ်ယူနေဟုဆို

ယနေ့ သြဂုတ်၂၉ ရက်နေ့မှာ အခေါက်ရွှေဈေး တစ်ကျပ်သားကို ၂၉ သိန်းခွဲနဲ့ စံချိန်တင် ထပ်တက်သွားတယ်လို့ သိရပါတယ်။ နေ့လည်ပိုင်းမှာ ၂၈ သိန်း ၈ သောင်းဈေးကနေ တနာရီနီးပါးအကြာမှာ ၂၉ သိန်း ကျော်သွားပြီး ရွှေဈေးကွက် ပိတ်ကာနီးမှာ ၂၉ သိန်းခွဲဖြင့် စံချိန်တင် သွားခဲ့တယ်လို့ သိရပါတယ်။

ဈေးကွက်အတွင်းမှာ လိုက်ဝယ်နေတဲ့သူတွေ အများအပြား ရှိနေပြီး အခေါက်ရွှေတွေကို နည်းမျိုးစုံတွေနဲ့ ပြည်သူများက လိုက်လံဝယ်ယူနေတယ်လို့ သိရပါတယ်။ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ မိန့်ခွန်းပြောအပြီးမှာ ကမ္ဘာ့ရွှေဈေးက အရင်ရက်တွေကလောက် မမာတော့ဘဲ ပျော့လာပေမယ့် မြန်မာ့ ဒေါ်လာဈေးဆက်မာနေပြီး ရွှေဝယ်လိုအားဆက်ကောင်းနေတာကြောင့် မြန်မာ့ရွှေဈေးက အတက်ဘက်မှာ ဆက်ရှိနေနိုင်တယ်လို့ စီးပွားရေး ပညာရှင်များက သုံးသပ်နေကြပါတယ်။

ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်နေချိန်မှာပဲ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းက ပြင်ပဈေးကွက်ဒေါ်လာပေါက်ဈေးနဲ့ပဲ ရွှေအရောင်းအဝယ်ပြုလုပ်ပြီး တင်ပြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

“အသင်းရုံးမှာလည်း ရည်ညွှန်းစျေးဆိုတာရှိတယ် သူက ဗဟိုဘဏ်ဒေါ်လာ ပေါက်စျေး ၂၁၀၀ နဲ့ သတ်မှတ်တာ။ အပြင်မှာကျတော့ ဒေါ်လာစျေး ၃၀၀၀ နဲ့တွက်ချက်ပြီးတော့ သွားတယ်။ အခု အသင်းမှာလည်း ၃၀၀၀ နဲ့ စျေးဖြတ်ပြီး ရောင်းဝယ်လို့ရတယ်ဆိုပြီး ခွင့်ပြုပေးလိုက်တာ။ အပြင်ရွှေစျေးနဲ့ အသင်းစျေးနဲ့ညီသွားမယ့်သဘောပေါ့။ ဒီနေ့ဆိုရင် လူ ၁၀၀ လောက်အပြိုင်လာဝယ်ကြတယ်။ ဝယ်တဲ့သူကများတယ် ရောင်းတဲ့သူကနည်းတော့ စျေးစဖွင့်တော့ ၂၈ သိန်းကျော်ပဲ ပိတ်တော့ ၂၉ သိန်းကျော်မှာပိတ်သွားတယ်။ ရည်ညွှန်းစျေးကတော့ ကြမ်းခင်းစျေးဖြစ်လို့ ဆက်ထုတ်ပြန်မှာပါ” လို့ ဦးမျိုးမြင့်ကပြောပါတယ်။

မြန်မာငွေတန်ဖိုး စံချိန်တင် ကျဆင်းပြီး ရွှေဈေးနှုန်းများ စံချိန်တင် မြင့်တက်နေချိန်မှာ ရွှေလုပ်ငန်းရှင်များ အသင်းအနေနဲ့ ရွှေဈေးနှုန်းကို နှုန်းရှင် သတ်မှတ်ပေးလိုက်ပေမယ့် ဆေးမမီတော့မယ့် အခြေအနေ ဖြစ်သွားပြီလို့ ဈေးကွက်နဲ့ နီးစပ်သူတဦးက သုံးသပ်ပါတယ်။ မြန်မာ့ရွှေဈေးနှုန်း တကျပ်သား ၃၅ သိန်းအထိ ဖြစ်သွားမလား ဆိုတာကတော့…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page