မီတာခ လက်ရှိနှုန်းအတိုင်းပဲ ကောက်မည်ဟု အီးပီစီ ထုတ်ပြန် (တိုးမကောက်ဟု မပြောသေး)

လျှပ်စစ် မီတာခများကို လက်ရှိနှုန်းအတိုင်းပဲ ကောက်မယ်လို့ အီးပီစက ထုတ်ပြန်လိုက်ပါတယ်။ သတင်း အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-

(ဓာတ်အားသုံးစွဲသူများသို့ အသိပေးပန်ကြားချက်) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၉ခုနှစ် ဇူလိုင် ၁ ရက်နေ့ ယခင် (၃) နှစ် ကတည်းကမှစ၍ ဓာတ်အားခ နှုန်းထားများကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး

ယနေ့အချိန်ထိ အဆိုပါနှုန်းထားများအတိုင်း ကောက်ခံလျက်ရှိပါကြောင်းနှင့် လူမှုကွန်ယက်တွင် ဖြန့်ဝေနေသည့် ဓာတ်အားခနှုန်းထား တိုးမြှင့်မည့် သတင်းမှာ ယခင် ၂၀၁၉ ခုနှစ်က သတင်းအား ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါကြောင်း ရှင်းလင်းအသိပေးအပ်ပါသည်။

ယခုကောက်ခံလျက်ရှိသည့် ဓာတ်အားခနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပြီး နှုန်းထားပြောင်းလဲမှုမရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်-

လက်ရှိနှုန်းထားအတိုင်း ကောက်ခံမယ်လို့ ကြေညာထားပေမယ့် နောက်ပိုင်းမှာ မတိုးဘူးလို့ အာမ မခံသေးတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ နိုင်ငံစီးပွားရေးပြိုလဲ၍ အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေနည်းပါးနေချိန်တွင် ယခုကဲ့သို့ မီတာခတွေ တိုးမြှင့်လိုက်ပါက အလွန်ခက်ခဲသွားလိမ့်မယ်လို့ ပြည်သူတွေက မှတ်ချက် ချနေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page