စကစရဲ့ ပေါချောင်အောင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နောက်ဆုံးတကြိမ် ထပ်လုပ်ပေးမည်ဟုဆို

စကစရဲ့ သုံးလပြတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်တဲ့နေ့မှာ စနစ်ဟောင်း စာမေးပွဲကို ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကျင်းပပေးမယ်လို့ သိရပါတယ်။

စကစ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့်အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျင်းပပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ စနစ်ဟောင်းနဲ့ကျင်းပတဲ့နောက်ဆုံးစာမေးပွဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် စာမေးပွဲကျသူတွေနဲ့ မဖြေသူတွေဟာ နောင်နှစ် စနစ်သစ်ဖြစ်တဲ့အတွက် ၂၀၂၄ ခုနှစ်ကျမှ ပြန်ဖြေရမှာဖြစ်လို့ အခုလိုမျိုး ၂၀၂၃ မှာ စာမေးပွဲကျင်းပမယ်လို့ ကြေညာတာလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ နှစ်ယောက်လာဖြေရင် တယောက်အောင်သွားတဲ့ စကစရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းက လူပြောအများဆုံး ကိစ္စ တရပ် ဖြစ်နေပါတယ်။

အောင်ရုံတင်မက ဂုဏ်ထူးများလည်း ပေါပေါလောလော ထွက်ရှိခဲ့ပြီး ယခင်က အောင်ချက် ၅ ရာခိုင်နှုန်း မကျော်ခဲ့တဲ မြို့နယ်တွေမှာလည်း စံချိန်တင် အောင်ချက် ရာခိုင်နှုန်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ယခုလို ပေါချောင်အောင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမျိုးကို တသက်လုံး မတွေ့ဖူးကြောင်း၊ ယခင်က အောင်ချက် ရာခိုင်နှုန်း ၃၀ ကျော်နေတာ အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်တွေလည်း များကြမှာ ဖြစ်ကြောင်း၊ စကစအနေနဲ့ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးပြီး အပြလုပ်နေသရွေ့အောင်မြင်မှာ မဟုတ်ကြောင်း ကျောင်းဆရာဟောင်း တဦးက မှတ်ချက်ချပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page