မြန်မာနိုင်ငံအရေး မြောက်ကိုရီးယားလို မဖြစ်ပါစေနဲ့ (အလွန်အရေးကြီးတဲ့ အချက်ပါပဲ)

ရေးသားသူ – ပိုးစုန်းကြူး

အာဏာရှင်လက်အောက်ကို နှစ်​​ပေါင်းများစွာ ရောက်​နေ​ရရှာတဲ့ မြောက်ကိုရီးယားနိုင်​ငံကို ကြည့်ရအောင်။ မြောက်ကိုရီးယားနိုင်​ငံ ဒီမိုက​ရေစီရရှိရေး​အတွက် ခုချိန်မှာ ဝိုင်းဝန်း ​​တောင်းဆိုကူညီပေး​​နေကြ​တဲ့ လူတွေ နိုင်​ငံ​တွေကို သိပ်မ​​တွေ့ရပါဘူး။ တစ်ရေးနိုးမှ တစ်ယောက်တစ်​လေက ထထ ​အော်ပေးကြတာပါ။

မြောက်ကိုရီးယား အာဏာရှင် Kim Jong-un က “ဒုံးကျည် ​အစမ်းပစ်​​ကြည့်နေပြီ”၊ “နျူကလီးယားလက်နက် စမ်းသပ်​နေပြီ” စ​တဲ့သတင်း​တွေထွက်လာမှသာ ​​အချို့နိုင်​ငံ​တွေက Kim Jong-un ကို ​အပြစ်တင်​ပြောဆိုတာ​တွေ လုပ်ကြတာပါ။ ​ကျန်​တဲ့​အချိန်မှာ​​တော့ ပို​နေမြဲ ကျား​နေမြဲ ​နေကြတာများပါတယ်။

ကမ္ဘာ့နိုင်​ငံ​တွေဟာ မြောက်ကိုရီးယားပြည်သူ​တွေ​ရဲ့ ဒီမိုက​ရေစီ​အရေး​အတွက် ဘာလို့ ဝိုင်း​မအော်ပေးကြတာပါလိမ့်။ အာဏာရှင်​ရဲ့ လက်ထဲမှာ တိုင်းပြည်ဆင်းရဲ​နေတာကို ဘာလို့ လက်ပိုက်ကြည့်​နေကြပါလိမ့်။ ​​(ဒီမိုက​ရေစီစနစ်​အောက်က တောင်ကိုရီးယား​နဲ့ အာဏာရှင်စနစ်​အောက်က မြောက်ကိုရီးယားဟာ တိုးတက်မှုနှုန်း ​အကွာကြီးကွာသွား​ခဲ့ပါပြီ။)

​အဓိက ​အ​​ကြောင်းရင်း​တွေထဲက တစ်ချက်က​​တော့ မြောက်ကိုရီးယား ပြည်သူ​တွေ​​ကြောင့်ပါ။ ပြည်သူ​တွေဟာ သူတို့ ဒီမိုက​ရေစီရရှိရေး​အတွက် တက်တက်ကြွကြွ မလှုပ်ရှားကြပါဘူး။ ပြည်တွင်းမှာ လှုပ်ရှား​တဲ့သူမရှိရင် ပြည်ပကလည်း ​အ​သံတိုးပါတယ်။ ပြည်ပက​အ​သံ​တွေဟာ ပြည်တွင်းက ​အ​သံ​တွေ​ရဲ့ ​ပဲ့တင်​သံ​တွေပါ။ ပြည်တွင်းမှာ ​အ​သံတိတ်သွားတာ​နဲ့ ပြည်ပ​အ​သံ​တွေလည်း တစ်​ဖြည်း​ဖြည်း​နဲ့ တိတ်သွား​​တော့တာပါပဲ။ ဝတ်​ကျေတန်း​ကျေ တခါတလေလောက်ပဲ ​ပြောပေးကြပါလိမ့်မယ်။

မြောက်ကိုရီးယားပြည်သူ​တွေဟာ ဝါဒမှိုင်း​တွေကြားမှာ ​နေကြရတယ်။ ​အပြင်ကမ္ဘာက ထုတ်လွှင့်​တဲ့ သတင်း​အချက်​အလက်​တွေကို (လက်တစ်ဆုပ်စာ လူတစ်စုကလွဲလို့) ကြည့်ခွင့်မရှိပါဘူး။ ပြည်သူ​အများသုံးခွင့်ရှိ​တဲ့ အင်တာနက်ဆိုတာဟာလည်း အင်တာနက်​အစစ်​အ​မှန်မဟုတ်ဘဲ သူတို့ပြည်တွင်းမှာ ခွင့်ပြုထား​တာ​တွေကိုပဲ ဝင်ကြည့်ခွင့်ရှိ​တဲ့ အင်တာနက် ​အတုပါ။

အာဏာရှင်စနစ်​အောက်မှာ ​နေသားကျသွား​​တော့ သူတို့ဘာ​တွေ ဆုံးရှုံးလို့ ဆုံးရှုံး​နေမှန်း​​တောင် မသိ​တဲ့ မျက်စိပိတ်နားပိတ် ဘဝ​တွေ များပါတယ်။ လွတ်လပ်ခွင့်​တွေ ဆုံးရှုံး​နေမှန်း၊ သူတို့​ရဲ့ ဘဝ​တွေ နောက်ကောက်ကျ​နေမှန်း သိ​တဲ့သူ​တွေကလည်း ​ပြိုင်တူ အ​သံထွက် ကန့်ကွက်ကြဖို့ ကြောက်​နေကြ​တဲ့​အခါ တစ်တိုင်းပြည်လုံး ​အ​သံတိတ်သွားပါ​​တော့တယ်။ ပြည်တွင်းမှာ ​အ​သံတိတ်သွား​တဲ့​အခါ ပြည်ပမှာလည်း ​အ​သံတိတ်သွား​​တော့တာပါပဲ။

ခုချိန်မှာသာ မြောက်ကိုရီးယားပြည်သူ​တွေက ညီညီညွတ်ညွတ်​နဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု​တွေကို ထလုပ်ကြည့်လိုက်ပါလား။ တစ်ကမ္ဘာလုံး အုံးအုံးကြွက်ကြွက် ဝိုင်းဝန်းပံ့ပိုးပေးကြမှာပါ။ ​​UN မှာ ​အရေးတယူ ဆွေးနွေးပေးကြမှာပါ။ တောင်ကိုရီးယားက ပြည်သူ​တွေကလည်း တတ်နိုင်​တဲ့ဘက်က ဝိုင်းလှူ ဝိုင်းကူကြမှာပါ။

ဒါ​ပေ​မဲ့ ပြည်တွင်းကလူ​တွေ မလှုပ်ကြ​​တော့ ပြည်ပက လူ​တွေလည်း ငုတ်တုတ်ပါပဲ။ ဒီ​​တော့ မြောက်ကိုရီးယား ပြည်သူ​တွေလို ဖြစ်မသွားအောင် ကျွန်​​တော်တို့ ​အထူးဂရုပြုဖို့ လိုပါတယ်။ ပြည်တွင်းက ပြည်သူ​တွေ ​အား​​ကောင်း​နေဖို့ ​အရေးကြီးပါတယ်။

(လက်ရှိ​မြန်မာနိုင်​ငံ​ရဲ့ ​ပြည်သူ့နိုင်​ငံရေး​ခံယူချက် ​ရေချိန်ဟာ မြောက်ကိုရီးယားပြည်သူ​တွေ​နဲ့ ​အ​​တော်ကွာတာကို ​​တွေ့ရမှာပါ။ ဒါ​ပေမယ့် သွေး​အေးသွား​တဲ့ ပြည်သူ​တွေလည်း ရှိတာ​​ကြောင့် ​​ဆောင်းပါး​​ဟောင်းလေးတစ်ပုဒ်ကို ​အနည်းငယ်တည်းဖြတ်ပြီး ပြန်တင်ပေးလိုက်ပါတယ်။ ခုချိန်မှာ ကိုယ့်ဘက်က ဘာလုပ်ပေးရမှန်းမသိဘဲ လမ်းပျောက်​နေရင် ​အနည်းဆုံး​​တော့ ​​နေ့စဥ်ပုံ​မှန် ကလစ်လုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။)

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း​တွေ ​အ​မြန်ဆုံး ပြန်လည်ရရှိနိုင်ကြပါ​စေ ခင်ဗျာ။ ​လေးစားစွာဖြင့် ပိုးစုန်းကြူး

Leave a Reply

Your email address will not be published.

x

You cannot copy content of this page