အာဏာသိမ်းပြီး မြန်မာ့စီးပွားရေးကို ကမ္ဘာ့ဘဏ် မခန့်မှန်းနိုင်တော့၊ စီးပွားပျက်နိုင်ငံအဖြစ် သတ်မှတ်

စစ်တပ်အာဏာသိမ်းထားသည့် တစ်နှစ်ကျော်အတွင်း မသေချာမရေရာမှုများ မြင့်မားလာ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကိုခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ဘဏ်က ၂၀၂၂ ဇွန်လမှာ နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင် ယခုလို ဆိုထားခြင်းဖြစ်ပါတယ်။

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများ ရှိသည်ဟု ဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ်မှ စတင်ပြီး စီးပွားရေးအခြေအနေများကို ခန့်မှန်းနိုင်စွမ်း မရှိတော့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က​ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေးသည့် ၂၀၂၁ခုနှစ်အတွင်း စီးပွားရေးကျဆင်းနှုန်းသည် ၁၈ ရာခိုင်နှုန်းရှိခဲ့သည်ဟုလည်းတွက်ချက်​ဖော်ပြထားပါတယ်။။ သို့သော်လည်း ၂၀၂၂ မှစတင်ပြီး မြန်မာ့စီးပွားရေးကို ကမ္ဘာ့ဘဏ်က ခန့်မှန်းခြင်းမရှိတော့ပေ။

ထိုဖြစ်ရပ်သည် အာရှ ပစိဖိတ်နိုင်ငံများအတွင်း တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်ပါတယ်။ “စစ်ကောင်စီရဲ့ တင်းကြပ်ပြီး မတည်ငြိမ်တဲ့ မူဝါဒတွေကြောင့် စီးပွားရေးက အနိမ့်ဆုံးကို ကျဆင်းသွားတာ ပါတယ်”ဟု စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောပါတယ်။

ဒေါ်လာအ​ပေါ် ကန့်သတ်မှု၊ ဆက်သွယ်ရေးကွန်ယက်ကို ထိန်းချုပ်မှုနှင့် နိုင်ငံတွင်း ကျယ်ပြန့်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာ့စီးပွားရေးသည် ကြောက်စရာကောင်းမွန်လောက်အောင် ပျက်စီးသွားကြောင်း ၎င်းကဆက်​ပြောပါတယ်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံကို ၂ ဒဿမ ၉ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၅ ဒဿမ ၉ နှင့် ကမ္ဘောဒီယားနိုင်ငံကို ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျလာပြီး နိုင်ငံအတွင်း အလုပ်လက်မဲ့ပြသနာ၊ ဝင်ငွေဆုံးရှုံးသည့်ဒဏ်၊ ကျန်းမာရေးနှင့်အစားအသောက် မလုံလောက်သည့် ဒဏ်များကို ပြည်သူများခံစားနေရသည်ဟုလည်း ကမ္ဘာ့ဘဏ်ကသုံးသပ်ထားပါတယ်။ (လူထုနွေဦး)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page