ဒေါ်လာဈေး တက်တာကြောင့် ကြက်သားဈေး ၄၀ ရာခိုင်နှုန်းတက် (တပိဿာ ၇၀၀၀ ဖြစ်သွားပါပြီ)

ပြည်ပက​နေ မှာယူတင်သွင်းရတဲ့ ကြက်စာ​စျေး တစ်အိတ်​စျေးနှုန်းဟာ လက်ရှိကာလမှာ ကျပ် ၈သောင်း​အထိ​စျေးပေါက်​နေလို့ ​စျေးကွက်အတွင်း ​ရောင်းချတဲ့ ကြက်သား​စျေးနှုန်းဟာ ကျပ် ၇၀၀၀ အထိ ​​​စျေးနှုန်းမြင့်တက်လာခဲ့တယ်လို့ အ​ခြေခံစား​သောက်ကုန်​စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

“ကြက်စာ​စျေးနှုန်းက အရင်က တစ်အိတ်ကို ၆ ​သောင်း​လောက်​ပေါက်တယ်။ အခုက ၈ ​သောင်း​လောက်အထိ​စျေး​ပေါက်​နေတယ် ​ပြောပါတယ်။ ကျ​နော်တို့က ဒိုင်ကယူရတဲ့​ အသားစျေးတင် ၅၅၀၀ နဲ့ ၆၀၀၀ ယူရတယ်။
အဲ့​တော့ ၇၀၀၀ ​စျေး​လောက်နဲ့မှ မ​ရောင်းရင် ဘယ်လိုမှ မကိုက်ပါဘူး။ အခုကြက်သားအ​သေး​တစ်ခြမ်းကို ၂၀၀၀၊ ၂၅၀၀ ​လောက်နဲ့မ​ရောင်းရင်မကိုက်ဘူး​ပေါ့။ အရင်ကဆို ၁၈၀၀ ​လောက်နဲ့​ရောင်းတဲ့ဟာ​​ပေါ့။ အကြီးခြမ်းဆိုရင် ၃၀၀၀၊ ၃၅၀၀ ​ပေါ့။ ဒိုင်က ယူရတဲ့​စျေးက တက်​တော့ ဒီဘက်မှာလည်း ကြက်သား ​စျေးကတက်သွားတာ​ပေါ့။ အဓိက က ကြက်အစာစျေးနှုန်း​တက်လို့ အသား​စျေးပါတက်တာ​ပေါ့။ ဒိုင်က​စျေးပြန်ချ​ပေးရင်​တော့ ကျ​နော်တို့လည်း ​စျေးနှုန်းပြန်ချပြီး ​ရောင်း​ပေးမှာပါ။” လို့ ကြက်သား လက်လီ/လက်က္ကား​ရောင်းချသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းမှာဖြစ်​ပေါ်​နေတဲ့ ​ဒေါ်လာ​​စျေးဂယက်​တွေ​ကြောင့် ပြည်ပမှ မှာယူတင်သွင်းရတဲ့ ကုန်ပစ္စည်း​တွေရဲ့ တန်ဖိုးဟာတက်လာပြီး အ​ခြေခံ​​စျေးကွက်အတွင်းမှာပါ ​စျေးနှုန်း​တွေ လိုက်ပါ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကြက်သားနှင့် ဆက်စပ်လျက်ရှိတဲ့ ကြက်ဥစျေးနှုန်းမှာလည်း ​​စျေးကွက်အတွင်း ကျပ် ၁၉၀ မှ ကျပ် ၂၀၀ ​​ပေါက်စျေးရှိ​နေပြီး ကြက်ဥအလုံးအကြီး အလှဆိုပါက ကျပ် ၂၅၀ အထိ ​ပေါက်​စျေးရှိ​နေတာဖြစ်တယ်လို့ သိရပါတယ်။

“​ဒေါ်လာ​စျေးတက်ရင် အကုန်တက်မှာပဲ​လေ၊ အကုန်လုံးက ပြည်ပက မှာရတာ​တွေချည်းပဲ၊ ပြည်ပက တင်သွင်းရတဲ့ဟာ​တွေပဲ​လေ။ ​ဒေါ်လာနဲ့ရှင်းရတာ ​ဒေါ်လာ​စျေးတက်​တော့ အစစအရာရာ ​စျေး​​တွေတက်ကုန်တာ​ပေါ့။”လို့ ပြည်တွင်းရှိ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။

ယ​​နေ့ ဇူလိုင် ၂၄ ရက်၊ နံနက်ပိုင်းတွင် ပြင်ပ​​ငွေလဲလှယ်မှု​စျေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်​​စျေး ၂၄၀၀ ကျပ်နှင့် ​​ရောင်း​စျေးက ၂၄၄၀ အထိ ​ပေါက်​စျေးရှိ​နေတာဖြစ်တယ်လို့ Money Changer များရဲ့ ​​ငွေလဲလှယ်မှု စျေးနှုန်း​တွေအရ သိရပါတယ်။

လက်ရှိကာလမှာ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ဝယ်ယူ​နေတာဖြစ်တဲ့ အတွက် ပြင်ပ​စျေးကွက်မှာ ​​ဒေါ်လာလိုအပ်ချက်​တွေများလာပြီး ​​စျေးကွက်လိုအပ်ချက်အရ ဒေါ်လာ​ငွေ လဲလှယ်မှုနှုန်း​တွေက မြင့်တက်လာကာ ​စျေးကွက်အတွင်း ကြိုက်​ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် ​ဒေါ်လာ​တွေကို ဝယ်ယူ​ရောင်းချ​နေကြသလို ​ငွေလဲလှယ်မှုနှုန်းက ကန်တစ်​ဒေါ်လာလျှင် ကျပ် ၂၀၀၀ အထက်မှာသာရှိ​နေတာဖြစ်တယ်လို့ ​စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

လက်ရှိဈေးနှုန်း ကြက်သား တပိဿာ ၇၀၀၀ ဆိုတာဟာ ရန်ကုန်မှာ ရောင်းချတဲ့ ဈေးနှုန်းသာ ဖြစ်ပြီး လမ်းပမ်းဆက်သွယ်မှု ခက်ခဲတဲ့ဒေသမှာတော့ တပိဿာ ၁၀၀၀၀ နီးပါး ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒေါ်လာ၊ စက်သုံးဆီနဲ့ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာတာကြောာင့် အခြေခံစားသောက်ကုန်တွေ တဟုန်ထိုး ဈေးတက်လာပြီး ပြည်သူတွေအနေနဲ့ ပိုမိုခက်ခဲနေပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page