ရွှေနဲ့ ဒေါ်လာ ဈေးထိုးကျသွားလို့ ခြောက်ခြားနေတဲ့ သူတွေ ခေါင်းထဲမှတ်ထားရမယ့် အချက်များ

ရွှေနဲ့ဒေါ်လာဟာ အခိုင်မာဆုံးပါ။ ကျပ်နဲ့ ယှဉ်တဲ့အခါ ရှိသင့်တဲ့​ ဈေးတန်းမှာပဲရှိရမှာပါ။ စကစ ဒေါ်လာ ပေါ်လစီ အမှားကြောင့် စွတ်တက်တယ်။ ပေါ်လစီအမှားပေါ် ထပ်ပြီး အမြတ်ထုပ်ဖို့ ချောင်းနေတဲ့ လူတစုက ထပ်ပြီး ခြောက်တယ် လှန့်တယ်။

အဲတော့ ကြောက်တယ်၊ ချွေးနည်းစာ ပိုင်ဆိုင်မှုလေးတွေ အလုံးအထည်လျော့မှာ ကြောက်တော့ ဝယ်ရရောင်းရလွယ်တဲ့ ခိုင်မာတဲ့ ရွှေနဲ့ ဒေါ်လာ ပြေးဝယ်တယ်။ နှာခေါင်းစည်း (Mask) တို့ အောက်ဆီဂျင်တို့လိုပါပဲ။ လိုလိုမလိုလို ကြောက်ပြီးဝယ်တဲ့အခါ ရောင်းလိုအားနဲ့ ဝယ်လိုအား (supply demand) မမျှတော့ ​ဖြစ်သင့်တဲ့ ဈေးတွေထက် ၂ ဆ ခုန်တက်ကုန်တယ်။

အဲတုန်းက အကွက်မြင်လို့ mask တို့ အောက်ဆီဂျင်တို့ ရောင်းသလို ကြိုကိုင်ထားတဲ့ သူတွေ မျိုးမျိုးမြတ်မြတ် ရလိုက်တယ်။ ရွှေတို့ ဒေါ်လာတို့ ဆိုတာ ဒီနိုင်ငံထဲမှာ လုံးဝ အကန့်အသတ်ရှိနေတဲ့ ပစ္စည်းမျိုးတော့ မဟုတ်ပါဘူး။ ဝင်လာစရာ လမ်းကြောင်းတွေ အများကြီးရှိနေပါတယ်။

ထပ်ပြောမယ်။ ဒေါ်လာနဲ့ ရွှေဟာ အခိုင်မာဆုံးပါ။ ဖြစ်သင့်တဲ့ ဈေးတန်တခု မှာ ခိုင်မာနေမှာပါ။ ဈေး ၃ ဆ လောက် ခုန်တက်သွားရလောက်အောင်အထိ ဆိုတာတော့ ခုနက mask တို့ အောက်ဆီ ဂျင်တို့လိုမျိုးပဲ ထင်ပါတယ်။ အချိန်တန်တော့ သူ့ဈေးတန်းတခုကို ပြန်ရောက်သွားပါတယ်။

တက်စေချင်လား ကျစေချင်လား တလွဲပေါ်လစီ ကောက်ထုတ်လိုက်ရုံပဲ။ ရွှေသမင်က မင်းကြီးတာကပဲ ထွက်ပါတယ်။ ထုတ်ကုန် (Export) မရှိလို့ သွင်းကုန် (import) ပဲရှိနေလို့တို့ ဘာတို့ ဆိုပေမယ့် သယံဇာတနဲ့ မမြင်နိုင်တဲ့ ငွေမဲတွေက အများကြီးပါ။

နောက်တခုက နိုင်ငံစီးပွားရေး စုတ်ပြတ်သတ်သွားလို့ နိုင်ငံခြား ထွက်မယ့်သူ တန်းစီနေပါတယ်။ ထိုင်းနိုင်ငံတစ်ခုထဲမှာတင် တရားဝင် ၁ သန်းရှိပါတယ်။ (တရားမဝင်မပါသေး) အဲဒီ တစ်သန်း က တစ်လ ကို တစ်ယောက် ဒေါ်လာ ၂၀၀ အိမ်ကို ပြန်လွှဲရင်တောင် တစ်လ ကို ဒေါ်လာ သန်း ၂၀၀ ရှိပါတယ်။

ထပ်ထွက်နေတဲ့ သူတွေ မပါသေးပါ။ (ဥပမာ ပေးရရင် mask တွေဝယ်မရလို့ တစ်ဘူး တစ်သောင်းနဲ့ ဝယ်ထားတဲ့ mask တောင်ခုထိ အိမ်မှာရှိနေတုန်း) (Lin Set)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page