စကစရဲ့ အကုန်အောင် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်မယ့်နေ့ အတိအကျ သိရပါပြီ

သုံးလပြတ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်မယ့်နေ့ကို စကစ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာချက် အပြည့်အစုံကို ဖော်ပြ ပေးလိုက်ပါတယ်-

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို (၁၇-၆-၂၀၂၂) ရက်၊ သောကြာနေ့ နံနက် (၆) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ အဆိုပါ အောင်စာရင်းတွေကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ တချိန်တည်း ကပ်ထားမှာ ဖြစ်ပါတယ်။

အောင်စာရင်း ထုတ်ပြန်မယ့် (၁၇-၆-၂၀၂၂) ရက်နေ့၊ နံနက် (၄) နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဆိုက်တွင် ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ထားပါမည်။ (လိုင်းကျဖို့ သေချာသလောက်ရှိ)

အောင်စာရင်းတွေကို ဝက်ဆိုက်မှ အသိပေး ထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသော ဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ် ကောင်းစွာ မရရှိသော စာစစ်ဌာနများရဲ့ အောင်စာရင်းတွေကို မြန်မာ့အသံရေဒီယို အစီအစဉ်မှလည်း အောင်စာရင်းထွက်မည့်နေ့မှာ ကြေညာပေးပါမယ်။

အောင်စာရင်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များ ရှိလာပါက စကစ လက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁-၆၅၃၅၀၆၊ ၀၉-၄၃၁၄၀၂၂၆ တို့ထံသို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် (၁၇-၆-၂၀၂၂) ရက်နေ့ သောကြာနေ့မှာ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

စကစရဲ့ သုံးလပြတ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုသူ ၂ သိန်းကျော်သာ ရှိခဲ့ပြီး အောင်ချက် အလွန်ကောင်းတယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။

ရောကြော်၊ လုံးသုတ် ဖြေဆိုသူ အားလုံးကို အအောင်ပေးမယ်လို့ သတင်းထွက်နေတဲ့ အတိုင်း အကုန်အအောင် ပေးမှာလား၊ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ထင်ထားသမျှတွေ အကုန်လွဲကုန်မလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page