မြန်မာပြည်မှာ လျှပ်စစ်ကားတွေ လုံးဝ မအောင်မြင်နိုင်သေးတဲ့ နောက်ကွယ်က အဓိက အကြောင်းရင်း

နာမည်ကြီးနေတဲ့ လျှပ်စစ်ကားတွေကတော့ ထောက်ကြံကညနမှာ ကနဦး နံပါတ်ယူယာဉ်စစ် ၂ စီး လာလုပ်သွားပါပြီ။ Brand ကတော့ ဒီကလူတွေရင်းနှီးပြီးသား ဘီဝိုင်ဒီ တံဆိပ်ပါ။ ဈေးကတော့ လူကြီးမင်းတို့ထင်မှတ်ထားသလိုတော့ မပေါပါဖူး။

တတ်နိုင်သူတွေအတွက်တော့ သာသာယာယာဝယ်လို့ ရနိုင်ပါတယ်။ ပြင်ဆင်စရိတ်လဲ မသေးနိုင်သလို ကားကိုဝယ်ရင် မြတ်မှဆိုတာမျိုးလဲ ရှိနိုင်မှာမဟုတ်ပါဖူး။ ဘက်ထရီကားဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဘက်ထရီ အသုံးခံမှု လျော့ကျလာမှာကိုလဲ ထည့်တွက်ရမှာဖြစ်ပါတယ်။

စီးပြီးရင် ကိုယ်ဝယ်တုန်းက ဈေးပြန်လိုချင်နေလို့တော့ ရမှာမဟုတ်ပါဖူး။ ဆီမထည့်ရတော့ မီတာခနဲ့ပဲကုန်မယ်။ ဆီဖိုး၊ အင်ဂျင်ဝိုင်၊ ပလပ် လဲရတာတော့ တဖက်မှာ သက်သာသွားနိုင်ပါတယ်။ ၁၀ နှစ်၊ နှစ်၂၀ အမုန်းဗြင်းချင်တဲ့ ညိုကီတို့နဲ့တော့ ကီးမကိုက်နိုင်ပါဖူး။ ကားပစ္စည်းဖြုတ်တဲ့ သူခိုးများတဲ့နိုင်ငံဖြစ်လို့ ပစ္စည်းတခုပျောက်သွားရင် အခွန်လွတ်ဈေးမှာ ရှာလို့လဲ မတွေ့နိုင်တော့ပါဘူး။

Showroom မှာ ဒေါ်လာပေါက်ဈေးနဲ့ ပေးဝယ်ရမှာပါ။ ဘယ်လိုပဲပျက်ပျက် သူ့ Service မှာပဲ သွားပြင်ကိုပြင်ရမှာပါ။ ရောင်းပြီးဝန်ဆောင်မှု (After Sale) ဆားဗစ်ဆိုတာ ဒီရောက်နေတာ နှစ်ကြာပြီဖြစ်တဲ့ SKD ဆီသုံးကား တွေတောင် ပြည့်ပြည့်ဝဝ ဆားဗစ်မပေးနိုင်တဲ့အကြောင်းလဲ စီးဖူးသူတွေ သိကြမှာပါ။

တရုတ်ကား အပိုပစ္စည်း ဈေးဘယ်လောက် ပေးဝယ်ရတယ်ဆိုတာ သိကြမှာပါ။ ဒီအတွက် ပညာရှင်တွေ အများကြီး လိုအပ်လာအုံးမှာပါ။ လျှပ်စစ်ကားတွေ ပေါ်လာတာ ကမ္ဘာကြီးအတွက် တကယ် ကောင်းပါတယ်။ စာရေးသူကိုယ်တိုင်လဲ စီးချင်ပါတယ်။ မချမ်းသာသူမို့ ဝယ်နိုင်ဖို့ရာ မလွယ်ကူသေးပါ။

အခုမြန်မာပြည်မှာ သုံးမယ့် လျှပ်စစ်ကားဆိုတာ သာမန်လူတန်းစား တွေအတွက်တော့ လောလောဆယ်မှာ မဖြစ်နိုင်သေးသလို အခြေခံအဆောက်အဦး ​အရမ်းတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် စိန်ခေါ်မှုတခုဖြစ်နေဆဲပါ။

ပေါ်လစီအရ နည်းပညာမြင့် နာမည်ကြီး တက်စလာကလွဲရင် လျှပ်စစ်ကား Brand အစုံကို ဆက်တိုက်မြင်လာကြရမှာပါ။ ဒါပေမယ့် လျှပ်စစ်ကားတွေဟာ နောင်၃ နှစ်ဝန်းကျင်အထိ ငွေဘယ်နားသုံးရမှန်းမသိတဲ့ လူချမ်းသာတွေ အယားဖျောက်တဲ့ ဇိမ်ခံပစ္စည်းသာ ဖြစ်နေပါဦးမယ်လို့ ယူဆမိပါတယ်။ လက်တွေ့နဲ့ မနီးစပ်တဲ့ စိတ်ကူးယဉ်ဝတ္ထုတွေကို ကြိုက်တတ်သူဆိုရင်တော့ ဒီစာတပုဒ်က ဘယ်လိုမှ ဖတ်ရအဆင်ပြေမှာမဟုတ်ပါဘူး။ ကားလောက (Yangon Car News)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page