ငါးဈေးထဲ ရောက်လာတဲ့ ကပ်သမျှင်ငါးကနေ မမျှော်လင့်ဘဲ သိန်း (၁၄၀) ချက်ချင်းရသွားတဲ့အဖြစ်

ဇွန်လ ၆ ရက်နေ့ ယနေ့မှာ ရန်ကုန်မြို့ရှိရွှေပိတောက်ငါးဈေးတွင်ကုန်သည်တစ်ဦးက ၁၄ ပိဿာဝန်းကျင်သာရှိတဲ့ကပ်သမျှင်ငါးမှ မမျှော်လင့်ဘဲ ငွေကျပ်သိန်း ၁၄၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ကပ်သမျှင်ငါး ပိဿာ(၂၀)ဝန်းကျင်ငါးတစ်ကောင်မှ စီဗောင်းခန့်မှန်းခြေ (၂၀)သားခန့်သာ ထွက်ရှိလေ့ရှိရာ ယခုတစ်ခေါက်တွင် ၁၄ ပိဿာခန့်သာရှိသော ကပ်သမျှင်ငါးမှ မမျှော်လင့်ဘဲ စီဗောင်း (၅၅)ကျပ် သားရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

ယင်းကပ်သမျှင်ငါးမှာ လပွတ္တာမြို့နယ်မှငါးကုန်သည်တစ်ဦးက ရန်ကုန်မြို့ငါးဈေးရှိပွဲရုံသို့တင်ပို့လိုက်ခြင်းဖြစ်ပြီးစီဗောင်းဝယ်သူက သိန်း ၁၄၀ ကျပ်ဖြင့် ဈေးပေးပြီး ဖြစ်ကြောင်းသိရပါတယ်။

ကပ်သမျှင်ငါးသည် ဈေးကွက်အတွင်း စီဗောင်းပါငါးအရွယ်အစားအနေဖြင့်ရရှိမှုရှားပါးကာ ရေလုပ်ငန်းလုပ်ကိုင်သူများ၏ အဆိုအရကပ်သမျှင်ကို မိုးရာသီတွင်ရရှိတတ်လေ့ရှိကြောင်း သိရပါတယ်။

ကပ်သမျှင်ငါး စီဗောင်းအား ဆေးဝါးဖော်စပ်ရန်နှင့်တန်ဖိုးကြီးရေမွှေးကဲ့သို့ ကုန်များထုတ်လုပ်ရာတွင် အသုံးပြုကြပြီး အာရပ်နိုင်ငံတွင် မီးနေသည်အတွက် စီဗောင်းအား မီးရှို့ကာအငွေ့ရှူကြကာ တရုတ်နိုင်ငံတွင်ဆေးဝါးနှင့်လက်ဆောင်ပစ္စည်းအဖြစ်အသုံးပြုကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် တရုတ်ကုန်သည်များက ဈေးကောင်းပေးဝယ်လေ့ ရှိပြီး ကပ်သမျှင်ငါး ရရင် ထီပေါက်စရာ မလိုတော့ဘူးဆိုတဲ့ စကားပါ ပြောစမှတ်တွင်နေကြတယ်လို့ သိရပါတယ်။(Aung Tun)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page