ရန်ကုန်မြို့မှာ လတ်တလော အပြင်ထွက်ရင် ရှောင်သင့်၊ ဆောင်သင့်သည့် အချက်များ

ရန်ကုန်မှာ နေ့စဉ် စားဝတ်နေရေးအတွက် အပြင်သွားလာကြရတဲ့အခါ ရှောင်သင့်၊ ဆောင်သင့်တဲ့ အချက်တွေကို ဖော်ပြ လိုက်ပါတယ်-

(၁) ရွှေ၊ငွေ ပစ္စည်းတွေ မဝတ်တာအကောင်းဆုံးပါ။ (၂) ဘတ်စ်ကားစီးတဲ့အခါ တန်ဖိုးရှိတဲ့ ဖုန်း၊ပိုက်ဆံအိတ် အထူးဂရုစိုက်ပါ။

(၃) တက်စီ စီးတဲ့အခါလည်း တက်စီ ပေါ်မတက်ခင် တက်စီ နံပါတ်မှတ်ပါ။ မိသားစုဝင် ယုံကြည်ရတဲ့ လူတစ်ဦးဆီ မိမိစီးလာတဲ့ တက်စီ နံပါတ်ပေးပို့ပါ။ ကားပေါ်ရောက်သည့်အခါလည်း မိမိကားပေါ်ရောက်နေပြီဖြစ်ကြောင်း လှမ်းအကြောင်းကြားပါ။

(၄) ကိုယ်ပိုင်ကား မောင်းနှင်သူများလည်း ကားပေါ်တက်ပြီဆိုတာနဲ့ ကားတံခါး လော့ခ်ချပါ။ (၅) ကားတစ်စီးပေါ် ဆွဲတင်ကာ အိမ်ကိုဖုန်းဆက်ပြီး ပိုက်ဆံတောင်းသည့် ပြန်ပေးဆွဲခြင်း ဖြစ်ရပ်မျိုး အလွန်များလာသည်မို့ (ရပ်ထားသော)ကားများဘေးမှ ကပ်သွား ဖြတ်သွားရသည့်အခါ အထူးဂရုစိုက်ပါ။

(၆) ပစ္စည်းလက်ထဲက ဆွဲလုသွားတာမျိုး မိမိမှာကြုံရသည့်အခါ ဆွဲလုသွားသူနောက် ပြေးမလိုက်ပါနဲ့ လူ့ အသက်က ပစ္စည်းထက်ပိုတန်ဖိုးကြီးပါတယ်။ အားလုံးပဲ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page