သီရိလင်္ကာသမ္မတ နိုင်ငံတွင်းက ထွက်ပြေးဖို့ ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ပျောက်ဆုံးနေ

သီရိလင်္ကာသမ္မတ ရာဂျာပက်ဆာဟာ နိုင်ငံတွင်းက ထွက်ပြေးဖို့ ကြိုးပမ်းရာမှာ လေဆိပ်၀န်ထမ်းတွေက ဖိအားပေးတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ သူ့ကို ရာထူးကနေဆင်းပေးဖို့ လပေါင်းများစွာဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ သမ္မတဟာ ဇူလိုင် ၁၁ ရက်မှာ ဒူဘိုင်းကို ထွက်ပြေးဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လေဆိပ်လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းတွေက သူ့ရဲ့ပတ်စ်ပို့ကို တံဆိပ်တုံးထုဖို့အတွက် VIP နေရာကို လာခွင့်မပြုခဲ့ကြောင်း၊ သမ္မတဟာ လူထုအုံကြွမှုကို ကြောက်တာကြောင့် သာမန်တန်းစီရတဲ့နေရာကိုလည်း ဖြတ်သန်းမှာမဟုတ်ဘူးလို့ လူ၀င်မှုကြီးကြပ်ရေး တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီအတွက်ကြောင့် သမ္မတရာဂျာပက်ဆာဟာ ဒူဘိုင်းကိုသွားမယ့် လေယာဉ်ကို လွဲချော်ခဲ့ပြီး ဇနီးဖြစ်သူနဲ့အတူ အနီးနားရှိ စစ်အခြေစိုက်စခန်းကိုပြန်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဒီအတောအတွင်း သမ္မတရဲ့ညီဖြစ်သူ ဘဏ္ဍာရေး၀န်ကြီးဟောင်း ဘာဆေးရာဂျာပက်ဆာကိုလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်တားမြစ်ထားကြောင်း လူ၀င်ကြီးကြီးကြပ်ရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

သီရီလင်္ကာသမ္မတသည် လေဆိပ်လူဝင်မှုကြီးကြပ်ရေးနှင့် အရှက်ရစရာ ထိပ်တိုက်တွေ့ဆုံမှုအပြီး အင်္ဂါနေ့တွင် ကျွန်းမှထွက်ပြေးရန် ရေတပ်ကင်းလှည့်ရေယာဉ်ကို အသုံးပြုရန် စဉ်းစားနေကြောင်း သတင်းများက ဆိုပါတယ်။

သီရိလင်္ကာ သမ္မတ ဘယ်ရောက်နေလဲဆိုတာကို သမ္မတရုံးက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သီရိလင်္ကာ စစ်တပ် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက် ရှိနေသေးပါတယ်။

သမ္မတ၏ အနီးကပ်ဆုံး စစ်ဘက်လက်ထောက်များက ၎င်းနှင့် ၎င်း၏ အပေါင်းအပါများကို ရေတပ်ကင်းလှည့်ရေယာဉ်ဖြင့် ပင်လယ်မှ မယ်လ်ဒီးဗ် သို့မဟုတ် အိန္ဒိယသို့ ခေါ်ဆောင်ရန် ဆွေးနွေးနေကြသည်ဟု ထိပ်တန်း ကာကွယ်ရေး သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရဲ့ ထိပ်တန်းတာ၀န်ရှိသူတွေကို ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မပေးရေးအတွက် လူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတွေအပေါ် ဖိအားကျရောက်နေကြောင်း လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းများအသင်းတာ၀န်ရှိသူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page