ဘယ်လိုမှ ရှာလို့မရတဲ့ ရုပ်အလောင်းနှင့် မိသားစုဝင်များအား အိပ်မက်ပေးခဲ့တဲ့ ဝိဉာဉ်

ဘယ်လိုမှ ရှာလို့မရတဲ့ ရုပ်အလောင်းနှင့် မိသားစုဝင်များအား အိပ်မက်ပေးခဲ့တဲ့ ဝိဉာဉ်…

ပင်လယ်ပြင်တွင် ငါးဖမ်း ထွက်ရင်း ပျောက်ဆုံးနေသော ရေလုပ်သားမှ သူ့အား လိုက်မရှာကြရန်နှင့် အချိန်တန်ရင်သူ၏ အလောင်းအား အလိုလိုမြင်တွေ့ရမည် ဟု မိသားစုဝင်များ ကို အိပ်မက်ပေးပြီးနောက် အလောင်းအားရှာဖွေတွေ့ရှိခဲ့ပါသည်။

ပြီးခဲ့တဲ့ဇူလိုင်လ ၇ ရက်နေ့က ထိုင်းနိုင်ငံ ပရကျွပ်ခီရိခမ်း ခရိုင်၊ ဆမ်လွိုက်ယော့ဒ် မြို့နယ်တွင် ပယ်လယ်ထဲသို့စက်လှေဖြင့် တစ်ဦးတည်း ငါးဖမ်းထွက်သွာရင်း စက်လှေ မှာ ” ရေမိုင် ၆ မိုင်ကွာအခန့်ရှိ နုမ်းဆောင် ” မယ်တော်ကျွန်းအနီး တွင် လူမပါဘဲ စက်နိုးလျှက်မျောနေသည် ကို ရေလုပ်သားအချင်းချင်းကတွေ့ ရှိခဲ့သဖြင့်တာဝန်ရှိသူများထံ သို့ သွားရောက် အကြောင်းကြားခဲ့သဖြင့် အပူတပြင်း လိုက်လံရှာဖွေနေကြဆဲဖြစ်ပြီး မနေ့ကညနေစောင်း အထိရှာ၍ မတွေ့ရှိခဲ့သေကြောင်းသိ ရှိရပါတယ် ။

ပျောက်ဆုံးနေသူ စက်လှေပိုင်ရှင် ရေလုပ်သား Phaiboon Jareangsak (၄၀-၅၀) နှစ်သည် ၎င်း၏ မိသားစုဝင်များအား ဇူလိုင်လ ၈ ရက်နေ့ညက ” သူ့အားအပင်ပမ်းခံ လိုက်လံ မရှာကြဖို့ ၊ ဘယ်လိုမှတွေ့မှာမဟုတ်ဘူး ၊ အချိန်တန်ရင်သူ ၏ ရုပ်အလောင်း ကို ပယ်လယ်ပြင် မှာ တွေ့ကြလိမ့် ” လို့အိပ်မက်ပေးခဲ့တယ်လို့မိသားစုဝင်များက ဆိုပါတယ် ။

အဲ့ဒီနောက်ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ ရှာဖွေးရေးအဖွဲ့နှင့် ရေလုပ်သားအဖွဲ့များသည် Phaiboon အားလိုက်လံ ရှာဖွေစဉ် ” ခိုလမ်ကျွန်း ” အနီးတစ်ဝိုက် မီတာ ၅၀၀ အကွာခန့်တွင် ရေပေါ်၌ ပက်လက်မျှောနေသော ရုပ်အလောင်းတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူ မှာ Phaiboon ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် ကမ်းခြေသို့ပြန် လည်သယ်ဆောင်ခဲ့ကြကြောင်း သိရှိရသည် ။

ဘာ့ကြောင့် စက်လှေမှာ စက်နိုးလျှက် ဘယ်လို အခက်အခဲကြောင့် ၎င်းသေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပေမယ့် သေဆုံးသူ ဝိဉာဉ်သည် မိသားစုဝင်များအား ထပ်မံအိပ်မက်ပေး ၍ ပြော / မပြောဆိုတာ ကိုတော့ ထပ်မံစောင့်ကြည့်ရမည်ဟု ဆရာတော်တစ်ပါး မှ မိန့်ကြားခဲ့ကြောင်း သိရှိရပါသည် ။

SiThuMaung Freelance

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page