နှစ်ပေါင်း ၁၂၀ ကျော် ကြာခဲ့တာတောင် မပျက်စီးသေးတဲ့ ရွှေတိဂုံစေတီပေါ်က ထူးဆန်းတဲ့ ရွှေပြားတချပ်

နှစ်ပေါင်း ၁၂၀ ကျော် ကြာခဲ့တာတောင် မပျက်စီးသေးတဲ့ ရွှေတိဂုံစေတီပေါ်က ထူးဆန်းတဲ့ ရွှေပြားတချပ်

မြန်မာ ဘုရင် မင်းတုန်းမင်း လက်ထက်နှစ်ပေါင်း ၁၂၀ကျော်က ရွေတိဂုံစေတီတော်မြတ်ကြီးမှာ ၎င်းရဲ့သမီတော် လှူဒါန်းထားတဲ့ ရွှေစင် ၊ ရွှေပြားဟာ ပျက်စီးခြင်းမရှိဘဲ ပကတိ ရွှေအတိုင်း တည်ရှိနေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ဇန်နဝါရီ ၂ရက်က ဝန်ကြီးဌာနရဲ့ ၅နှစ်တာဆောင်ရွက်ချက်တွေမှာ ထည့်သွင်း ပြောကြားပါတယ်။

ပြီးခဲ့နှစ်က စပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးကိုရွှေသင်္ကန်းပြန်ကပ်ဖို့ ကြာမှောက်ကြာလန် ဧရိယာကို ငြမ်းဆင်လိုက်တဲ့အခါမှာ ထူးဆန်းတဲ့ ရွှေပြားတစ်ပြားတွေ့ခဲ့ရပြီး အဲဒီရွှေပြားဟာ မင်းတုန်းမင်း သမီတော်ရဲ့ရွှေပြားဖြစ်တယ်လို့ ဆိုပါတယ်။

“ရွှေတိဂုံစေတီတော်မြတ်ကြီးကိုရွှေသင်္ကန်းပြန်ကပ်ဖို့ အထူးသဖြင့် ကြာမှောက်ကြာလန် ဧရိယာကိုပေါ့လေ ငြမ်းဆင်လိုက်တဲ့အခါ ကျွန်တော်တို့မိုတက်စစ်တဲ့အခါမှာ ထူးဆန်းတဲ့ ရွှေပြားတစ်ပြား သွား တွေ့ပါတယ်။ တစ်ပေပတ်လည်ဖြစ်ပါတယ်။ အဲ့ဒါကိုဖြုတ်ခွာပြီးတော့ ကြည့်လိုက်တဲ့အခါကျတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀လောက်ကမင်းတုန်းမင်းရဲ့သမီးတော်တင်လှူခဲ့တဲ့ဟာဖြစ်ပါတယ်။ ကျွန်တော်တို့အောက်မှာဖွင့်ကြည့်တော့ ပကတိရွှေစင်ရွှေပြားအတိုင်းဖြစ်ပါသေးတယ်။ နှစ်ပေါင်း ၁၂၀ကျော်ကြာခဲ့သော်လည်းရွှေဟာပျက်စီးသွားခြင်းမဲသွားခြင်း မရှိပါဘူး ” လို့ ဝန်ကြီးသူရဦးအောင်ကိုက ပြောပါတယ်။

လက်ရှိ ရွှေတိဂုံစေတီတော်ကြီးမှာကပ်ထားတဲ့ရွှေသင်္ကန်းတွေက မြတ်ပါးဖြူကို အခြေခံထားတဲ့ ရွေသင်္ကန်တွေဖြစ်တာကြောင့် ရန်ကုန်တိုင်းရဲ့ ရာတီဥတုက မိုးများတဲ့အတွက် ၅နှစ်သာခံတယ်လို့သိရပါတယ်။ ၅နှစ်ပြီးပါက ပြန်လည်ပြုပြင်မွမ်းမံရာမှာ ပြည်သူ့ဘဏ္ဍငွေ ရွှေပိသာာ ၇၀၀ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

“မြတ်ပါးဖြူကိုအခြေခံတဲ့အခါကျတော့ ဒီရွှေသင်္ကန်း ကရန်ကုန်ဒေသရဲ့ရာသီဥတု မိုးများပြားမှုကြောင့်မို့လို့ ၅နှစ်ပဲခံပါတယ်။ ၅နှစ်ပြီးရင် ပြန်လည်ငြမ်း ဆင်ပြီးတော့ ရွှေမိုက်အကုန်ပြန်ထုတ်ရပါတယ်။ အဲ့တော့ ငြမ်းဆင်ခချည်းပဲ ဝါးဖိုး ၊အုန်းဆံကြိုးဖိုး၊လုပ်အားခ အချိန်တစ်လကျော်ကြာပြီးတဲ့အခါမှာ ကျပ်သိန်း ၁၂၀၀ကနေ ၁၅၀၀လောက်ထိကုန်ကျပါတယ်။ ငြမ်းဆင်ခပဲဖြစ်ပါတယ်။ ရွှေမိုက်ထုတ်လိုက်ပါတယ်။ ထုတ်ပြီးတော့ ရတဲ့ရွှေတွေကိုပြန်သန့်စင်တဲ့အခါမှာ ရွှေအကောင်းက ၃၀ရာနှုန်းလောက်ပဲရပါတယ်။ကျန်တဲ့ ၇၀ ရာနှုန်းက ၅နှစ်တာ ကာလအတွင်းမှာလေ ဒဏ်မိုးဒဏ်နဲ့လွင့်ပါးဆုံးရှုံးသွားခဲ့ပါတယ်။ပိသာ၁၀၀၀ခန့်ဖြစ်လို့ချင်ရင် ပိသာ ၃၀၀ခန့်ပဲပြန်ရပါတယ်။ ပိသာ ၇၀၀ ဆုံးရှုံးသွားပါတယ်။ ဒါ ၅နှစ်တစ်ကြိမ်ဆုံးရှုံးနေတာဖြစ်ပါတယ်။တစ်နည်းအားဖြင့်တော့ ပြည်သူ့ဘဏ္ဍာတွေပါပဲ။ တစ်နည်းအားဖြင့်တော့ သာသနာ့ဘဏ္ဍာတွေဖြစ်ပါတယ်” သူရဦးအောင်ကိုကပြောပါတယ်။

အခုလို မင်းတုန်းမင်း သမီးတော် လှူဒါန်းထားတဲ့ ရွှေပြားတွေ့ရှိမှု နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတ္တုပညာရှင်တွေနဲ့ ဝန်ကြီးဌာန က အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပြီး ပြည်တွင်းမှာ ထုတ်နိုင်ဖို့အတွက် ရွှေစင်ရွှေပြားကြိတ်တဲ့သွန်းခတ်တဲ့ စက်ရုံတစ်ခုကို ဂျပန်နိုင်ငံက စက်ရုံသုံး ပစ္စည်းများ ဝယ်ယူက ပြည်တွင်းမှာ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတ္တုပညာရှင်တွေ၊ ရွှေနဲ့ပတ်သက်ပြီး သူတို့ အလုပ်ရုံ ဆွေးနွေးပွဲတွေလုပ်ပါတယ်။ လုပ်ပြီးတော့ ရွှေတိဂုံဘုရားတောင်ဖက်မုခ်နားမှာ ရွှေစင်ရွှေပြားကြိတ်တဲ့သွန်းခတ်တဲ့စက်ရုံတစ်ခုကို ဂျပန်နိုင်ငံက မှာပြီးတော့တည်ဆောက်လိုက်ပါတယ်။ တည်ဆောက်ပြီးတော့ မှ အခုနပြောသလို တစ်ပေပတ်လည်မှာ ၆ကျပ်သားရွှေပြားတွေ စထုတ်နေပါပြီ။ အဲ့ဒီ ရွှေစင်ရွှေပြား သွန်းထုတ်တဲ့ စက်ရုံကို နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့်ကိုယ်တိုင်တက်ရောက်ပြီးမှ ဖွင့်လှစ်ပေးခဲ့တာလည်း သမိုင်းဝင်ဆောင်ရွက်ခြင်းတစ်ခုဖြစ်ပါတယ်။ အခုဆိုထုတ်နေပါပြီ။ ဒီရွှေစင်ရွှေပြားတွေနဲ့ နှစ်ပေါင်းရာချီတည်တံ့အောင် ဆက်လဲသွားမှာဖြစ်ပါတယ်။ အကုန်မလဲနိုင် ရင်လဲ မြတ်ပါးရွှေနဲ့လဲသွားမှာဖြစ်ပါတယ်။ ” လို့ သူရဦးအောင်ကိုကပြောပါတယ်။

လက်ရှိမှာ ရွှေတိဂုံဘုရားကြီးရဲ့ဘဏ္ဍာငွေ ဟာ ၂၀၂၀ အောက်တိုဘာလအထိ မြန်မာကျပ်ငွေ ၉၄ဒသမ ၁၂ ဘီလီယံ နဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါးရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page