စံချိန်တင်ဈေး၊ ကွာဟချက် ကြီးမားလွန်းတဲ့ ဈေးကွက် နှစ်ခုနဲ့ မြန်မာ့ရွှေဈေးကွက် နိဂုံး

ရန်ကုန်ရွှေစျေးကွက်မှာ ၁၆ပဲရည် အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၃သိန်းကျော်အထိ မြန်မာ့စံချိန်တင်စျေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရန်ကုန်မြို့ရှိ ရွှေအရောင်းအဝယ်ပြုလုပ်သူတွေနဲ့ ရွှေဆိုင်တွေထံက ဇူလိုင် ၂၆ရက်နေ့မှာ သိရပါတယ်။

ဒီနေ့မနက်ပိုင်း ရွှေအဖွင့်စျေးအနေနဲ့ ရန်ကုန်ရော မန္တလေးမှာပါ အခေါက်ရွှေ တစ် ကျပ်သားကို ကျပ် ၂၂ သိန်းအထက်နဲ့ အရောင်းအဝယ် လုပ်ပြီး ၁၅ပဲရည် တစ်ကျပ်သားကို ကျပ် ၂၁ သိန်းအထက်နဲ့ အရောင်းအဝယ် လုပ်နေပါတယ်လို့ ရန်ကုန်မှာရှိ တဲ့ရွှေဆိုင် တွေဆီကနေ သိရပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေစျေးဟာ ကျဆင်းနေပေမယ့် ပြည်တွင်းရွှေစျေးကတော့ ဒေါ်လာစျေး မြင့်တက်မှုနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်မှုတွေကြောင့် အခေါက်ရွှေတစ်ကျပ်သား ကို ကျပ် ၂၀၆၀၀၀၀ အမြင့်ပိုင်းမှာပဲ တည်ငြိမ်နေတာလို့ ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များ အသင်းကပြောကြားထားခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ၂၃သိန်းကျော်ပေါက်ဈေးသည် ဈေးကစားကြသူများ၏ လုပ်ရပ်ကြောင့်သာဖြစ်ပြီး ထွက်ပေါ်နေသည့်သတင်းများမှာလည်း အမှန်မဟုတ်ပဲ ကောလဟာလများသာဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထပ်မံပြောကြားပါတယ်။

မြေပြင်မှာတော့ ရွှေအသင်းထုတ်ပြန်တဲ့ စျေးနဲ့ ကွာဟနေပြီး စျေးနှုန်းမြင့်တက်လာကာ မနေ့က (ဇူလိုင် ၂၅ရက်)ရွှေအပိတ်စျေးမှာတင် ၂၁၉၀၀၀၀ အထိ မြင့်တက်လာပြီးနောက် ဒီနေ့မှာ ၂၃သိန်း ၄ သောင်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိပြည်တွင်းရွှေစျေးကွက်ထဲ ဆိုင်စျေးနဲ့သာ ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုး အရောင်းအဝယ်လုပ်ကြနေပြီး အရောင်းအဝယ် အေးလျက် ရှိနေပါတယ်။

ရန်ကုန်မြို့အပါအဝင် အခြားသော မြို့ကြီးတွေက ရွှေဆိုင်တွေအနေနဲ့ ယခင်က နေ့စဉ်ရွှေပေါက်စျေးကို ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားပေမယ့် လက်ရှိမှာ ထုတ်ပြန်ထားတာမရှိတော့ပဲ ရွှေလုပ်ငန်း ရှင်းကသတ်မှတ်ထားတဲ့ရွှေစျေးနှုန်းထက် အပြင်ပေါက်စျေးက စျေးနှုန်းမြင့်စွာအရောင်း အဝယ်ဖြစ်နေတယ်လို့ ရွှေအရောင်းဝယ်ပြုလုပ်သူတွေထံက သိရှိရပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ဈေးနှုန်းတွေဟာ စာရွက်ပေါ်မှာသာ ရှိကြောင်း၊ အပြင်က ဈေးနဲ့ အလွန်ကွာဟနေကြောင်း၊ သူတို့ပြောတဲ့ ဈေးနဲ့ရရင် ရွှေတပိဿာ ချက်ချင်းဝယ်မှာ ဖြစ်ကြောင်း၊ မြန်မာ့ရွှေဈေးကွက်က အပျက်ဖက်ကို ဦးတည်နေပြီ ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

စကစက ပြည်တွင်းရှိ ဒေါ်လာငွေတွေ အားလုံးကို ကန့်သတ်ထိန်းချုပ်လိုက်ပြီးနောက် မြန်မာ့စီးပွားရေး ပြိုလဲမှု ပိုမို ထင်ရှားလာကာ ရွှေဈေး၊ ဒေါ်လာဈေး၊ ဆန်ဆေး၊ ဆီဆေး စသဖြင့် တက်လို့ ရတဲ့ အရာမှန်သမျှ ဈေးနှုန်းတွေ မြင့်တက်နေပြီး ပြည်သူလူထုအနေနဲ့ စားဝတ်နေရေး အလွန်ကြပ်တည်းနေကြပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page