တိုင်းနဲ့ ပြည်နယ်အလိုက် ပတ်စ်ပို့လုပ်နိုင်တဲ့ ရုံးလိပ်စာများ (ဂျင်းပွဲစားများကို ရှောင်ကြဉ်နိုင်ကြပါစေ)

ပြည်ပထွက်လိုသူများအတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လုပ်လိုသူများအတွက် ရန်ကုန် တမြို့ထဲကိုပဲ စုပြုံလာစရာ မလိုပါဘူး။ တိုင်းနဲ့ ပြည်နယ်ဒေသတွေမှာ ရှိတဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ရုံးလိပ်စာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ နေပြည်တော် (ပခ/၄ဝ-၄၁၊နေပြည်တော်ကောင်စီလမ်း၊ကံလှရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ်) ၂။ မန္တလေး (အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊အောင်မြေသာဇံမြို့နယ်။) ၃။ မကွေးတိုင်း (ရွာသစ်ပွဲကြိုရပ်ကွက်၊ ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။) ၄။ ပဲခူးတိုင်း (အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ပဲခူးမြို့။) ၅။ ဧရာဝတီတိုင်း (သစ္စာလမ်း၊ (၅) ရပ်ကွက်၊ ပုသိမ်မြို့။)

၆။ စစ်ကိုင်းတိုင်း (ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။) ၇။ တနင်္သာရီတိုင်း (သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။) ၈။ မွန်ပြည်နယ် (အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။) ၉။ ရခိုင်ပြည်နယ် (လေဆိပ်လမ်း၊ စစ်တွေမြို့။) ၁၀။ ကချင်ပြည်နယ် (ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့။)

၁၁။ ချင်းပြည်နယ် (ပြည်နယ်မီးသတ်ရုံးလမ်း၊ စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့။) ၁၂။ ကယားပြည်နယ် (ဆေးရုံလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။) ၁၃။ ကရင်ပြည်နယ် (သီရိလမ်း နှင့် အ.ထ.က (၄) ကျောင်းလမ်းထောင့်၊ (၄) ရပ်ကွက်၊ ဘားအံမြို့။) ၁၄။ မြဝတီ (ရန်ကင်းလမ်းသွယ်၊ (၄)ရပ်ကွက်၊ မြဝတီမြို့။) ၁၅။ ကော့သောင်းမြို့ (အမှတ် (၉ဝ)၊ ဗိုလ်ချုပ်လမ်း၊ အောင်သုခရပ်ကွက်၊ ကော့သောင်း။)

၁၆။ တာချီလိတ်မြို့ (အမှတ် (၁/ ၁၅၆)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်။) ၁၇။ ရှမ်း/တောင် (တောင်ကြီး) (အမှတ် (၂၉၁)၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ တောင်ကြီးမြို့။) ၁၈။ ရှမ်း/မြောက် (လာရှိုး) (ရုံးကြီးလမ်း၊ နယ်မြေ (၇)၊(၁)ရပ်ကွက်၊လားရှိုးမြို့။) ၁၉။ ရှမ်း/အရှေ့ (ကျိုင်းတုံ) (တောင်ကြီးလမ်း၊ (၅) ရပ်ကွက်၊ ကျိုင်းတုံမြို့။) ၂၀။ ရန်ကုန် (ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊ဗဟန်းမြို့နယ်။)

လက်ရှိအချိန်မှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ပြုလုပ်သူတွေ အလွန်များပြားလျက် ရှိတာကြောင့် စောင့်ဆိုင်းရမှုတွေ ကြာမြင့်နေတယ်လို့ သိရပါတယ်။

ပြည်ပထွက်ခွာလိုသူတွေ များတာကြောင့် တဆင့်ခံပွဲစားများလည်း အများအပြား ပေါ်ပေါက်လာပြီး လိမ်လည်မှုတွေလည်း ဖြစ်လာတာကြောင့် ပတ်စ်ပို့လုပ်သူများအနေနဲ့ အထူးဂရုပြု သင့်တယ်လို့ ပြည်သူများက မှတ်ချက်ပြုပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page