မကွေးတိုင်း‌ ပေါက်မြို့နယ်ထဲမှာ တူးဖော်တွေ့ရှိခဲ့တဲ့ သတ္တဝါကြီးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလိုဏ်ဂူကြီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ဝက်ပုတ် ကျေးရွာမှ ဦးနက် + ဒေါ်မိဆိုး တို့၏ ယာတောထဲ၌ ကျောက်ဖြစ်ရုပ်ကြွင်း သဘာဝလိုဏ်ဂူ တစ်ခု တွေ့ရှိကြောင်း သိရပါတယ်။

တွေ့ရှိရတဲ့ ပုံစံတွေအရ သတ္တဝါကြီး တကောင်ထဲရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း မဖြစ်နိုင်ဘဲ သတ္တဝါကြီးတွေ စုပေါင်းနေတဲ့ ပုံစံ ဖြစ်နေပါတယ်။

ကျောက်ဖြစ်နေတဲ့ ဥ တချို့နဲ့ အမျိုးအမည် မခွဲခြားနိုင်တဲ့ လုံးဝန်းတဲ့ ကျောက်တုံးတွေလည်း အများအပြား တွေ့ရှိခဲ့ပါတယ်။

ဒေသခံများကတော့ နဂါးအရိုး၊ နဂါးဥ၊ နဂါးသိုက် စသဖြင့် အမျိုးမျိုး ထင်ကြေးပေးနေကြပြီး ပညာရှင်များ လက်တွေ့ လာရောက်စမ်းသပ်ကြည့်မှသာ အဖြေမှန်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လတုန်းကလည်း မကွေးတိုင်း ရေနံချောင်း မြို့နယ်မှာ ထူးဆန်းတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေ ရှာဖွေ တွေ့ရှိခဲ့ပါသေးတယ်။

အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်းကို ပညာရှင်များက လေ့လာစမ်းသပ်ခဲ့ကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ သန်းလောက်က အဲဒီဒေသမှာ ကျက်စားခဲ့တဲ့ ရေချိုမိကျောင်းတကောင်ရဲ့ ဦးခေါင်းပိုင်း ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။

အဆိုပါ မိကျောင်း ကျောက်ဖြစ်ရုပ်ကြွင်းကိုတော့ မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာတွင် ထိန်းသိမ်းထားပြီး အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါတယ်။

ယခုတွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကတော့ အရွယ်အစား ပိုမိုကြီးမားပြီး အမျိုးအစားစုံလင်ရုံမက လိုဏ်ဂူပုံသဏ္ဍာန်ပါ ဖြစ်ပေါ်နေသောကြောင့် ပိုမို ထူးဆန်းတဲ့ အကြောင်းအရာတွေ ပေါ်ထွက်လာနိုင်တဲ့အတွက် ပညာရှင်များ အမြန်ဆုံး လေ့လာစမ်းသပ်သင့်ကြောင်း တိုက်တွန်း လိုက်ရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page