ပတ္တမြားငမောက်နဲ့ နန်းစဉ် ပတ္တမြား ၈ လုံး ဂျင်းပုံပြင် အထည့်ခံလိုက်ရတဲ့ စကစရဲ့ ကာဘော်လစ်ခဲကြီး

ရှေးဟောင်းပစ္စည်း အလိမ် လိုင်းမှာ ပတ္တမြား ငမောက် နဲ့ နန်းစဉ် ပတ္တမြား ၈ လုံး ဆိုတာ ရှိတယ်။ ပုံပြင်ကတော့ ပတ္တမြား ငမောက်ကို အင်းဂလိပ်တွေ မ သွားပေမယ့် ရှေးလူကြီးများက ညီနောင် နန်းစဉ် ပတ္တမြား ၈ လုံးကို ဖွက်ထား ခဲ့ကြသတဲ့။

အဲ့ထဲမှာ ပတ္တမြား ငမောက်က နံပါတ် ၆ ဆိုလား။ သူ့ထက် ကောင်း/ ကြီးတာတွေ မြန်မာ နိုင်ငံမှာ ကျန်ခဲ့တယ်ပေါ့။ ဟိုဘုရား၊ ဒီဘုရားတွေမှာ ဌာပနာ ထားတယ်၊ ဘယ် ဆရာတော်တွေ အစဉ်အဆက် ထိန်းထားတယ်ပေါ့လေ။

အာမီ အငြိမ်းစားတွေ သိန်း ရာထောင်ချီ ပေးပြီး ကိုင်ကြည့်ကြတယ်လို့ သတင်းသဲ့သဲ့ ကြားဖူးတယ်။ ပတ္တမြားက ဒေါ်လာ သန်း ရာ/ ထောင် ချီတန်တယ်ထိ ရွှီးကြတယ်။ တစ် ကလပ် ဒေါ်လာ ၅ သန်း ဆိုတာကိုး။ မနောမယ ဓာတ်တွေ ကိန်းအောင်း နေတယ် ဆိုကြတယ်။ ကလိန် ပါပဲ။

အက်လို ပွတ်သပ် ဖူးတဲ့ တပ်ပြုတ် တစ်ယောက် ဂျင်းကို မိတာပါ။ ဘိုပု ဆုငွေမနဲ ပေးလိုက်လိမ့်မယ်။ ထင်တာမမှားရင် ဇင်းကျိုက်ဖက်က ပတ္တမြား ဆိုတာ ဖြစ်မယ်။

ဒါ့ကြောင့် ‌ေ-ာမတွေက ပြည်တန် ပတ္တမြားလို့ ပြောနေကြတာပေါ့။ ပတ္တမြားကြီးကို ရောင်းမယ်။ စစ်တပ်ကို အင်အားဖြည့်မယ် တဲ့။ ထွက်ပေါက် ပိတ်နေကြတာကိုး။

ကလိန် လိုင်းမှာ ကန်အား ပတ္တမြားလို့လည်း ပြောကြတယ်။ ဘယ်နှပေထိ ကန်တယ် ဘာညာ။ အလင်းပြန့်တာကို ပြောတာပါ။ ပတ္တမြားငမောက်က အမှောင်ထဲမှာ လင်းတယ် ဆိုတာကိုး။ Glow ပေါ့။ စစ်စစ်ပေါက်ပေါက် လိုက်မေးရင် အီးရောင်ဝါး။

ဘိုပုလည်း အဲ့ဂျင်းတွေကို ကြားဖူးမယ်။ ရှာခိုင်း၊ ဝယ်ခိုင်းမှာပေါ့။ ကာဘော်လစ် ဂရိတ်ကြီး မ လာကြတာ။ အခြားအသုံးတော့ မသိ အဲ့ ပတ္တမြားကို ချွန်ပြီး -င်ထဲထဲ့ရင် ဝမ်းသွားမှာ သေချာတယ်။ ဆပ်ပြာခဲလေ။ ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ကာဘော်လစ် ရူဘီနှင့် ငပု စားမိလေသော ဂျင်းတတက် ကဏ္ဍ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page