ကိုယ်ပိုင်တဲ့ ဒေါ်လာကို ခြေအိတ်ထဲ ဖွက်သယ်ခဲ့ရတဲ့ တချိန်ကမြန်မာ့ဥပဒေ (အဲဒီခေတ် ပြန်ရောက်မှာလား)

လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ရန်ကုန်က မထွက်ခင် ဘဏ်မှာ ငွေသွားသွင်းပီး US$ 50 ကို ထုတ်ခဲ့ရတယ် အဲ့ဒိတုန်းက Airport tax တွေက သပ်သပ်ပေးရတာ Bangkok ရောက်လို့ AT သွင်းပီးတော့ လက်ထဲမှာ US$ 10 လောက်ပဲ ကျန်တော့တာ

လေယာဉ်ပေါ်မှာ အတူစီးလာတဲ့ ကလေး နှစ်ယောက် နဲ့ အမတယောက်ဆို သူ့မှာ AT ပေးဖို့ ပိုက်ဆံ မလောက်လို့ ကိုယ့်ဆီက ယူပီး ပေးခဲ့ရတာ (ဘန်ကောက် ရောက်မှ သူ့ယောက်ျားက စောင့်ပေးရတာ)

ကဲ ဒီတော့ … ကျန်တဲ့ ငွေ ၁၀ လေးနဲ့ တတိုင်းတပြည်မှာ ဘယ်လို ဆက်ရုန်းကန်ကြမလဲ၊ အဲ့တုန်းကလည်း အလုပ်ရမယ် ဆိုပီး လုပ်ပေးတဲ့ပွဲစားတွေကလည်း အလိမ်တွေ များပါတယ် ( ကိုယ်တောင် မိခဲ့သေးတာလေ ) အဲ့ဒါတွေက နောက်မှ ရေးပါဦးမယ် …

ပြောချင်တာက အဲ့ဒိ ငွေကိစ္စ၊ လေဆိပ်မှာ မထွက်ခင် အသေရှာတာနော် ကိုယ့်ငွေကို အမျိုးမျိုးဖွက်ပီး သယ်ကြရတာ မိရင်တော့ ပွဲပီးပီပေါ့။

ကိုယ်သွားမယ်ဆိုတော့ နိုင်ငံခြားကို သွားလာနေတဲ့ သူငယ်ချင်းတယောက်က စိတ်ပူပီး ပေးလိုက်တဲ့ US$ 100 တရွက်ကို ခြေအိတ်ထဲမှာ ဝတ်ပီး သယ်ခဲ့ရတာ။

စဉ်းစားကြည့်လေ … ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဒင်းတို့ကြောင့် သူခိုး လို ဖွက်ပီး သယ်ခဲ့ရတာ ( အဆက်အသွယ်ရှိတဲ့လူတွေကတော့ ပေးပီး သယ်ကြတာပေါ့)

အဲ့ဒိလို ပိုက်ဆံကို လွတ်လွတ်လပ်လပ်သယ်မရတာ 2003 ပြန်တုန်းကလည်း မှတ်မှတ်ရရပဲ လေဆိပ်အဝင် လေယာဉ်ပေါ်မှာလည်း ဖြည့်လိုက်ရတဲ့ စာရွက်တွေ ဘယ်နိုင်ငံဝင် ဝင် အဲ့ဒါမျိုးတွေ မဖြည့်ခဲ့ရဖူးဘူး ဝတ်ထားတဲ့ လက်ဝတ်လက်စားက အစ ..နော် ရေးကြရတာ နိုင်ငံခြားငွေပါရင် ပြား ကအစ.. ( ပြန် အထွက်မှာ အဲ့စာရင်းနဲ့ တိုက်ကြည့်ပီး တိတိကျကျ ပြန်ပါမလာလို့ကတော့ ရစ်ပါလေရော)

အဲ့ဒိအခေါက်က ပြန်အထွက်မှာ မြန်မာ PP ကိုင်ထားတဲ့ ကိုယ်တင်မကပဲ JP PP ကိုင်ထားတဲ့ ယောက်ျားနဲ့ ကလေးတွေပါ အကုန် အသေးစိတ် ဖွင့်စစ်ခံကြရတာ ၄-၅ နှစ် ကလေးလေး လက်ထဲက အိတ်ကလေးကို အတင်းယူ ဖွင့်တာနော်

အဲ့ဒီလို အရမ်းထူးဆန်းတဲ့ ဥပဒေတွေ ပါးစပ်ထဲက တနေ့တမျိုး ထွက်နေတဲ့ နိုင်ငံ ကိုယ့်နိုင်ငံ ကိုယ်ပြန်တာတောင် လက်ထပ်စာချုပ် မပါလို့ တဲ့ ၂ နာရီလောက် လေဆိပ်မှာ ရစ်နေတာလည်းခံရဘူးတယ်။

ခရီးသွားတာ ဘယ်သူက အဲ့ဒါယူလာမှာလဲ၊ မလိုရင် မလိုသလို ညစ်တဲ့ စုတ်ပြတ်နေတဲ့ စိတ်ဓါတ်တွေနဲ့ အောက်တန်းကျတဲ့ လဝက နဲ့ Customs က ဝန်ထမ်းတွေက လေဆိပ်မှာ အပြည့် ရန်ကုန်ပြန်တိုင်း အခေါက်တိုင်း အခေါက်တိုင်း အမျိုးမျိုး ညစ်ကြတာကို ခံရတာ ခံရတာ … နှစ်ပေါင်း ၃၀ ကျော် သူတောင်းစားတွေလို နည်းမျိုးစုံနဲ့ တောင်းကြတာ အရက်ပုလင်း၊ ဆေးလိပ် က အစ ပိုက်ဆံ အဆုံး

2019 November ပြန်တော့မှ ဘာမှ မပေးရပဲ တခြားနိုင်ငံတွေလို လျောလျောလျူလျူ ထွက်ခွင့်ရတာ ပထမဆုံးပဲ။ အမေစု လက်ထက်မှာပေါ့။

အဲ့ဒီလို စုတ်ပြတ်တဲ့ ဘဝမျိုးကို ပြန်မရောက်ရအောင် အားလုံး ညီညွတ်ကြပါ၊ ကူညီပါ၊ ပံ့ပိုးကြပါ။

S SATO, JAPAN

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page