မှတ်ပုံတင် ၂ ခုနဲ့ ဘဏ်အကောင့် ဖွင့်ထားသူတွေ အဆုံးမခံနိုင်ရင် အမြန်ပြေးထုတ်လိုက်ကြပါတော့
စကစ လက်အောက်ခံ လဝကဌာနရဲ့ ဒစ်ဂျစ်တယ်မှတ်ပုံတင်နဲ့ ဘဏ်အကောင့်တွေ ပိတ်မယ့် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ညီအစ်မအားလုံးကို အသိပေးချင်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှ စ၍ လူဝင်မှုကြီးကြပ်ရေးမှ မှတ်ပုံတင်၊ သန်းခေါင်းစာရင်း ဒေတာများ ထည့်သွင်း ပြီးစီးပြီးဖြစ်ပါသဖြင့် ဆော့ဖ်ဝဲလ်များ စတင်ဆောင်ရွက်မည်ဖြစ်ပါ၍ အသိပေးအပ်ပါသည်။
အမည်တခုတည်း မှတ်ပုံတင် ၂ ခု ကိုင်သည်ကိုတွေ့ရှိပါက ရှေ့တခုကို ဆော့ဖ်ဝဲလ်မှ အလိုလို ပယ်ဖျက်ခံရမည် ဖြစ်ပါသည်။ သန်းခေါင်စာရင်းတခုထက် ပိုရှိသူများအနေဖြင့်လည်း ဆော့ဖ်ဝဲလ်မှ တခုသာ ထားရှိပြီး အပိုကို ပယ်ဖျက်ခံရမည်ဖြစ်ပါသည်။
ဘဏ်များသို့ ပယ်ဖျက်ပြီးသော မှတ်ပုံတင်များကို အကြောင်းကြားမည်ဖြစ်၍ ဘဏ်အကောင့်များ အသွင်းအထုတ်လုပ်မရဘဲ ပယ်ဖျက်ခံရမည် ဖြစ်ပါသည်။ ပိုင်ဆိုင်မှု မြေ၊ အိမ်၊ကားများ ကိုလဲ ပယ်ဖျက်ပြီးသောမှတ်ပုံတင်များဖြင့် ဝယ်ထားပါက ရောင်းဝယ်လုပ်ရန် မရနိုင်တော့ပါ။ သို့ပါ၍ ကြိုတင်ရွေ့ပြောင်းဆောင်ရွတ်ထားပါရန် ညီအစ်မများကို ချစ်ခင်စွာအသိပေးအပ်ပါသည်။ UMFCCI CEC meeting ကို ပြန်မျှဝေလိုက်ခြင်းဖြစ်ပါသည်။ (Nang Ei Chaw Myat)
လက်ရှိအချိန်မှာ စကစရဲ့ ညွှန်ကြားချက်အရ ပုဂ္ဂလိကဘဏ်အကောင့်များကို ပိတ်သိမ်းမှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူများအနေနဲ့ ဘဏ်အကောင့်များ မှားယွင်းပိတ်သိမ်းခံရမှာကို စိုးရိမ်နေကြပါတယ်။