မြန်မာ့ပထမဆုံး မီးစက်ပါ လျှပ်စစ်ကားအကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူတဦးရဲ့ ဖွင့်ဟဝန်ခံချက်

အခုတလောလူပြောများနေတဲ့ ShwePyiThanese သာဓုကန် တယ်စလာလေးအကြောင်းကို ကျနော်သိသလောက်လေးပြောပြပေးမယ်။ ဆရာကြီးတော့မဟုတ်ပါဘူး တစ်ချိန်က ကျနော်သဘောကျခဲ့ဖူးလို့ လေ့လာဖူးတာလေးပါ။

ခိုင်ခိုင်းဆန်းဒါးဟာ ၂၀၁၈ လောက်ကတည်းက သတင်းစာတွေတော်တော်များများထဲမှာတောင် ခေါင်းကြီးပိုင်းမှာ ဘတ်ထရီကားဆိုပြီး နာမည်ကြီးခဲ့ဖူးပါတယ် ကျနော်လည်းအဲ့လောက်တည်းက စိတ်၀င်စားခဲ့တာပေါ့။ ၂၀၁၉-၂၀၂၀ လောက်မှာ သာဓုကန်စက်ရုံမှာ စတင်ပြီး ရောင်းချခဲ့တယ်။

အစီးရေ ၅၀၀ပဲထုတ်မှာဘာညာနဲ့ လျှောက်ကြော်ငြာခဲ့ပေမယ့် ကျနော်သိရတာ ၅ စီးတောင် ပြည့်မယ်မထင်ဘူး။ တကယ်၀ယ်စီးတဲ့ သူတစ်ယောက်ရဲ့ feedback ကိုတောင် ကျနော်လေ့လာခဲ့သေးတယ်ဗျ။ စစချင်းတော့ ksd မိုက်တယ်ဆိုပြီး လျှောက်တင်ထားတာတွေ့တယ်။

သိပ်မကြာဘူး သူ charging cable တိုင်ပတ်တယ်ဆိုပြီး စက်ရုံကိုသွားပြတယ် တင်ထားတယ်။ နောက်ကျတော့ စက်ရုံရက်ကြာတာနဲ့ ပစ္စည်းမရှိတာ ဘာဖြစ်တယ် ညာဖြစ်ဆိုပြီး စဆဲပါလေရော။ နောက်ပိုင်းသူ့အိမ်နဲ့ စက်ရုံကို မြေအောက်လိုဏ်ဂူဖောက်ဖို့ ကြိုးစားလာတယ် (စတာဘာ) စက်ရုံကို ချောင်းပေါက်အောင် သွားနေရတယ်။

နောက်ဆုံး စက်ရုံမှာ ကားထားရတဲ့ထိတောင် ဖြစ်လာတယ်။ နောက်ပြီး စာတစ်စောင် သူ့ acc မှာတင်ထားတယ် Soldoutတဲ့။ မယုံရင် we love ksd ဆိုလား group အရင်ကရှိတယ် ရှာကြည့်ကြည့်။

ကျနော်လည်း တစ်စီးတစ်လေဖောက်တာနေမှာပါဆိုပြီး ၀ယ်ဖို့ကြိုးစားသေးတယ်။ ကြော်ငြာစာရွက်မှာပါတဲ့ဖုန်းနံပါတ်တွေခေါ်တယ် တစ်လုံးမှခေါ်ရဘူး။

ဒီလိုနဲ့ နောက်ပိုင်း ksd ကားလေးတွေ မြင်မြင်လာတယ်။ ကိုယ့်ကား မြန်တယ်။ သူ့ကို ကျော်ကျော်သွားတယ်ဆိုပြီး သေချာမကြည့်ဖြစ်ဘူး။

တစ်ရက်တော့ ကျနော့်ယောက္ခမနဲ့ သံစကာသွား၀ယ်တုန်း သူ့ကိုထပ်တွေ့တယ်။ ဒီလိုနဲ့ထပ်ပြီးကျော်တက်သွားတာပေါ့။ သံစကာ၀ယ်ပြီး ပိုက်ဆံရှင်း ကားပေါ်တင် အကုန်လုပ်ပြီး ရှေ့ခပ်လှမ်းလှမ်းမှာ ပြန်တွေ့တော့ ယောက္ခမကိုလည်း ပြမယ်ပေါ့။ နေပူထဲတောင် ရပ်ပြီး သူ့ကိုစောင့်နေတာ မြင်တော့မြင်နေရတယ်။ မရွေ့ဘူးထင်နေတာ အနားရောက်တော့မှ ဘယ်ဟုတ်မလဲ high speed နဲ့ လမ်းလျောက်နေတာ။

မစ္စတာဘင်း စက်ဘီးခိုးပြေးသလိုပဲ လမ်းလျောက်တစ်ရေးတစ်မော အိပ်ပြီးလိုက်တာတောင် မှီသေးတယ်။ အတွင်းခန်း ဂရိတ်ကိုလည်းရှိုး မီနီအိုးဝေ နီးနီးကိုမိုက်တာဗျာ။ ခရီးသွားရင်း တုတ်တုတ်စီးရသလိုလို မိုက်နေတာ။

အလကား ပြောနေတာတော့မဟုတ်ဘူး။ လက်ရှိဆီစျေး 2000 ကျော်မှာ သူက အသစ်ကို သိန်း ၁၀၀ ကျော်နဲ့ရမယ်ဆိုပြီး နာမည်ပြန်ကြီးနေလို့ သတိပေးတာ ညီအကိုတို့ရေ။ သာဓုကန်က ညီအကိုတွေတော့ ၀ယ်ချင်၀ယ်လို့ရတယ်။

Kaung PyaeZone Naing

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page