မနက်ဖြန် ရန်ကုန် တမြို့လုံးနီးပါး နေ့တဝက် မီးပြတ်မည် (ယခုတခေါက် အထူးပြတ်မှာပါတဲ့)

မနက်ဖြန် ရန်ကုန် (၃၂) မြို့နယ် နေ့တဝက် မီးပြတ်မယ်လို့ သိရပါတယ်။ ပြတ်နေကျဆိုပေမယ့် ယခုတခေါက်တော့ အထူး ပြတ်မယ်လို့ သိရပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်တဲ့ စာကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်-

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းကို (၂၃.၁၂.၂၀၂၁ ) ရက်နေ့၊ (ကြာသပတေးနေ့ ) တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ထို့ကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊တောင်ဉက္ကလာ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဗဟန်း၊ ဒဂုံ၊ လမ်းမတော်၊ လသာ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ လှည်းကူး၊ ဖောင်ကြီး၊ ထောက်ကြန့် မြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။

အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မီးသုံးသူ ပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page