မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အပေါ် ပြည်သူတွေ အမြင်စောင်းနေတဲ့ ကိစ္စတခုကို ဖြေရှင်းလိုက်ပါပြီ

“အိမ်တစ်လုံး လုံးမီးလောင်သွားတာကို သိန်းဂဏာန်းပဲဆုံးရှူံးတယ်တဲ့ဟေး အတော်ပဲ ငါတို့အိမ်ဆောက်ရင် မီးသတ်ကိုခေါ်ဆောက်ခိုင်းရမယ်” မီးလောင်မှူတစ်ခု သတင်းတိုင်းရဲ့ အောက်ဆုံးမှာ ဆုံးရှူံးမှူတန်ဖိုးတွေမြင်တဲ့အခါ ပြည်သူတစ်ချို့က အမြဲလှောင်တဲ့စကားလေး “ကားအကောင်းစားကြီးလောင်တာကိုကွာ ငွေလေး ဆယ်သိန်း သိန်း၂၀ပဲဆုံးရှူံးတာတဲ့ အံသြဘ”

“မီးလောင်ဆုံးရှုံးမှု တွက်ချက်ခြင်း” မီးလောင်မှူသတင်းတွေကို သတင်းစာ တီဗီကြေငြာ လူမှူကွန်ယက် စသည့် သတင်းတွေမှာတက်လာတိုင်း သတင်းအောက်ဆုံးမှာ ဆုံးရှူံးမှူတန်ဖိုးတွေ ထုတ်ပြတဲ့အခါတိုင်း မကြာခဏ လှောင်ရီခံရပါတယ်

“အိမ်တစ်လုံး မီးလောင်တာ (၇)သိန်းလောက်ပဲလား” “ဒီလောက်လောင်တာတောင် သိန်းဂဏာန်းပဲလား” “နောက်ခါအိမ်ဆောက်ရင် မီးသတ်ကိုဆောက်ခိုင်းဟေ့ သိန်းဂဏာန်းတည်းနဲ့အိမ်တစ်လုံးရတယ်”စသည်ဖြင့် အမျိုးမျိုးသော ကွန်းမန့်တွေအမြဲ မြင်တွေ့နေရပါတယ်

ပြည်သူလူထုထင်မြင်ချက်က အိမ်တစ်လုံး မီးလောင်တဲ့အခါ အတွင်းပစ္စည်းပရိဘောဂကအစ ယခုကာလပေါက်ဈေးနဲ့ ထည့်တွက်လိုက်တာပါပဲ အဲ့ ဒါပေမဲ့ မြန်မာနိူင်ငံကထုတ်ပြန်တဲ့ဥပဒေနဲ့ မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့ပြဌာန်း ဥပဒေ ညိုနှိူင်းပြီးဥပဒေတစ်ခုထုတ်ပြန်တဲ့အခါ ပြည်သူလူထုရဲ့အတွေးတွေဟာ အင်မတန် ဘိုးတော်ဘုရားလက်ထပ်အတွေးဆန်ပြီး ဒိတ်အတော်အောက်နေတဲ့အတွေးတွေဖြစ်နေပါတယ်။

မီးလောင်မှုတစ်ခုတွင် မီးလောင်ကျွမ်းသည့် နေအိမ်အဆောက်အဦများ၏ ဆုံးရှုံးမှုတန်ဘိုးအား တွက်ချက်ရ၌ မီးသတ်ဦးစီးဌာနမှ တွက်ချက်ဆုံးဖြတ်ပေးရပါသည်။ ထိုကဲ့သို့ တွက်ချက်ရာတွင် မီးလောင်ကျွမ်းသွားသည့်အဆောက်အဦး အမျိုးအစားပေါ်မူတည်၍လည်းကောင်း အဆိုပါအဆောက်အဦး၏ ဆောက်လုပ်ခဲ့သည့် သက်တမ်းကာလအပေါ် မူတည်၍ လည်းကောင်း ဆုံးရှူံးမှူတန်ဖိုး တွက်ချက် သတ်မှတ်ပေးရပါသည်။ ဥပမာ ဓနိမိုး သက်ငယ်မိုး ဝါး ထရံကာ ကြမ်းခင်းအမျိုးအစား ပျဉ်ခင်း ပျဉ်ကာ သွပ်မိုး အမျိုးအစား အုပ်ညှပ်အမျိုးအစား သံကူကွန်ကရစ်အမျိုးအစား သံကိုယ်ထည်အမျိုးအစား ဟူ၍ အမျိုးအစား ( ၅ ) မျိုးသတ်မှတ်ကာ တန်ဘိုးအလိုက် သတ်မှတ် တွက်ချက် ဆုံးဖြတ်ပေးရပါသည်။

အဆောက်အဦများ၏ သက်တမ်းနှင့်တန်းဖိုးများ သတ်မှတ်ထားတာ ရှိပါတယ်။ လောင်ကျွမ်းသည့် ဧရိယာအပေါ်မူတည်၍ ဥပမာအားဖြင့် လောင်ကျွမ်းဧရိယာ ၏ ပမာဏ(…)ပေ×(…)ပေ×(၁)စတုရန်းပေ၏ တန်ဘိုး(…)ကျပ်=(…)ကျပ် ရလဒ်အား ဆောက်လုပ်ခဲ့သည့် သက်တမ်းအလိုက် သတ်မှတ်ထားသည့် ဆုံးရှုံးမှုတန်ဘိုးတွက်ချက်သည့် အထက်ဖေါ်ပြပါ ပုံများတွင်ပါဝင်သည့် ဇယားအတိုင်း ရာခိုင်နှုန်းနှင့်အညီ ပြန်စား( ÷ )ပေးရပါသည်။ ဆုံးရှုံးမှုတန်ဘိုးနည်းပါးလေ ပြည်သူတို့၏ မီးလောင်မှုကြောင့်ရင်ဆိုင်ရမည့် အမှုအခင်း (ပြစ်ဒဏ်) ပေါ့လျော့လေမည်ဖြစ်ရ ပြည်သူများအတွက် ဆုံးရှုံးနစ်နာမှု နည်းပါးအောင် မီးလောင်မှုအား ကူညီငြှိမ်းသတ်ပေးသည်သာမက ဆုံးရှုံးမှုတန်ဘိုးကိုပါ အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံးတွက်ချက်ပေးရခြင်းဖြစ်ပါသည်။

ဆုံးရှူံးမှူများလေ ထောင်ဒဏ်ပြစ်ဒဏ်ပိုများလေ ဖြစ်သောကြောင့် ကာလပေါက်ဈေးအတိုင်းတွက်လျင် တစ်သက်တစ်ကျွန်းထိဖြစ်သွားနိူင်ပါတယ် မိတ်ဆွေက မိတ်ဆွေအိမ်မီးလောင်တဲ့အခါ မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ဥပဒေရဲ့ စေတနာကိုနားလည်လာပါလိမ့်မယ် မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့ကပြည်သူလူထုရှေ့မှ မားမားမတ်မတ်ရပ်တည်နေကြောင်း ဥပဒေနဲ့တင်သက်သေပြလို့ရနေပါပြီ။

တရားစွဲဆိုမှူများမှာလည်း မီးသတ်နဲ့မဆိုင်ပါ မီးသတ်ဟာ မိတ်ဆွေတို့ရဲ့ဒုက္ခမီးတွေငြိမ်းပေးပြီး မိတ်ဆွေတို့ရဲ့ဆုံးရှူံးမှူတန်ဖိုးကိုတွက်ချက်ပေးပြီး မြန်မာနိူင်ငံရဲတပ်ဖွဲ့လက်ထဲကို ဆုံးရှူံးမှူတန်ဖိုး အပ်ပေးရုံမျှသာဖြစ်ပါတယ် ကျန်တာထောင်ကျတာမကျတာ မီးသတ်ကိစ္စမဟုတ်တော့ပါ ဤကားစကားချပ်)

၎င်းတွက်ချက်မှုဈေးနှုံးများမှာ ကာလ ဒေသ (ပြည်နယ်/တိုင်းဒေသကြီးများ)အလိုက် ဈေးနှုံးများဖြစ်ပါသည်။ ကူညီလျော့ပေါ့တွက်ချက်ပေးခြင်းကြောင့် မီးလောင်မှုဖြစ်စဉ်နှင့် ကိုယ်တိုင်မတွေ့ကြုံဘူးသေးသောမီးလောင်မှုကြောင့် မိမိနေအိမ်အဆောက်အဦးဆုံးရှုံးရခြင်း အမှုအခင်းရင်ဆိုင်ဖြေရှင်းသောကမရောက်ဘူးသေးသော အချို့ပြည်သူများမှာ အဆိုပါအဆောက်အဦးအား ကာလပေါက်ဈေးဖြင့်သာတွက်ချက်ပေးရမည်ဟု ထင်မှတ်ပြီး အမြင်အထင်လွဲမှားမှုများ ဝေဖန်ပြစ်တင်မှုများဖြစ်ပေါ်နေရခြင်းဖြစ်ပါသည်။

အကယ်၍သာ ခေတ်ကာလပေါက်ဈေးအတိုင်း ဆုံးရှုံးမှုတန်ဘိုးအား တွက်ချက်ပေးမည်ဆိုပါက အိမ်ရှင် (အဆောက်အဦးပိုင်ရှင်)ဖြစ်သော ပြည်သူများမှာ မီးလောင်မှုကြောင့် မိမိနေအိမ်အဆောက်အဦးတို့အား ဆုံးရှုံးရခြင်း ၎င်းအဆောက်အဦးများ၏ တန်ဘိုးများပြားရခြင်းတို့ကြောင့် အမှုအခင်းရင်ဆိုင်ရာတွင် ပြစ်ဒဏ်ကြီးမားလာနိုင်ခြင်းစသော နစ်နာဆုံးရှုံးမှုများစွာကို မိအေးနှစ်ခါနာ ဆိုသလို ရင်ဆိုင်ရမည်ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်များဖြစ်ပေါ်လာခြင်းမှ ကင်းဝေးစေရန်နှင့် ပြည်သူများနစ်နာမှုလျော့ပါးစေရန်အတွက် မီးသတ်ဦးစီးဌာနမှ မီးလောင်ဆုံးရှုံးမှုတန်ဘိုးများအား အနည်းပါးဆုံးဖြစ်စေရန် တစ်ဘက်တစ်လမ်းမှနေ၍ ပြည်သူများအား ထပ်မံကာ ကူညီတွက်ချက် ဆုံးဖြတ်သတ်မှတ်ပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြလိုက်ပါသည်။

အထက်ပါရှင်းလင်းဖေါ်ပြချက်များအား သေချာစွာ ဖတ်ရှုလေ့လာခြင်းအားဖြင့် ဆုံးရှုံးမှုတန်ဘိုးများ တွက်ချက်သတ်မှတ်ရာတွင် အဘယ့်ကြောင့် နည်းပါးရသည်ကို နားမလည်နိုင်၍ပြစ်တင်ဝေဖန်မှုပြုနေသည့်(အချို့သော) မိဘပြည်သူများအားလုံး နားလည်သဘောပေါက်နိုင်ပါစေလို့ ဆန္ဒပြု ရေးသားလိုက်ရပါပေသည်။

မိဘပြည်သူများ၏ အကျိုးစီးပွါးကို အမြဲလိုလားလျက် အသက်ခန္တာများစွာကိုပေးဆပ်ကာ ကူညီကာကွယ် ကယ်ဆယ်နေသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အား အမြင်ရှင်းနိုင်ပြီး နားလည်သဘောပေါက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဆုံးရှူံးမှူ တန်ဖိုးအကြောင်း မကွယ်မဝှက် သင်ပြညွန်ကြားပေးပါသော ဦးစီအရာရှိ ဆရာဇေယျမျိုးအား ကျေးဇူးအထူးတင်ရှိပါတယ်။

Chan Nyein

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page