လတ်တလော ဝင်ကစားသူတွေ ဂရုပြုရမယ့် ရွှေကုန်သည်ကြီးတွေနဲ့ ရွှေဆိုင်တွေရဲ့ လှည့်ကွက်များ

ခုဝယ် ခုမြတ်ဆိုတဲ့ အခြေအနေထိ ရွှေစျေးက တောက်လျှောက်တက်လာခဲ့တော့ အကုန်လုံးက ဝင်ဝယ်ကစားကြတယ်။ အရင်က ရွှေတစ်ကျပ်သား ၅ ထောင်မြတ်ဖို့မလွယ်ဘူး။ ခုက ဝယ်ထား မိနစ်ပိုင်းတင် သိန်းချီမြတ်တော့ ဘာမှနားမလည်တဲ့ အပြင်လူတွေကပါ လွယ်သားဟဆိုပီး ရှိတာပုံအော ဝင်လှော်ကြတယ်။

အကယ်ဒမီနဲ့ အခြားတံဆိပ်တောင် ဘာကွာမှန်းမသိ အထည်နဲ့ အတုံးဘာကွာမှန်းမသိ ဘယ်နေရာမှာ ဝယ်ရောင်းရမှန်းမသိပဲ ပျော်ပျော်ပါးပါး ဝင်‌ေ-ာ်ကြရော၊ ခု ချက်ချင်းဆိုပဲ စျေးက ၅ သိန်း ၆ သိန်းထိ ချက်ချင်းကျ ချက်ချင်းပြန်တက်အခြေနေတွေ ဖြစ်လာတော့ ကွဲကြရော။ ရွှေဆိုင်တွေကလည်း စျေးမငြိမ်မှုပေါ်မူတည်ပြီး စျေးကို သိန်းချီခွါပီး ဝယ်ရောင်းတယ်။ အဲ့မှာတင် ရှုံးနေပီ။ အဲ့တော့ မိအေးနှစ်ခါနာရော။

သူတို့ အပြစ်လည်း မဟုတ်ဘူး။ စျေးမတည်ငြိမ်တော့ ကိုယ့်ဘက်က အနာမခံဘူး။ စီးပွါးရေးသမား လူလည်ချည်းပဲ။ ခုတော့ ယူပါ ကယ်ပါအုံးဖြစ်ကုန်ပြီ။ ညအိပ်မပျော် ငိုကြရီကြဖြစ်ကုန်ပြီ။

အေးချမ်းနေတဲ့ မိသားစု စိတ်သောက ရောက်ရပီ။ အနှစ်နှစ် အလလကြိုးစားရှာဖွေစုထားတာလေးတွေ ကုန်တော့မယ်။ ကိုကျော်ကြီးဘယ်လိုလုပ်ရမလဲ လုပ်ပါအုံးဖြစ်နေကြတာ စိတ်မကောင်းဘူး။

အဲ့တော့ပြောချင်တာက ရွှေကို ဝယ်စုဆောင်းတာက ဘာမှမဖြစ်ဘူး အကျိုးရှိတယ်။ ဒါတောင်ခုလို ဗရမ်းဗတာဖြစ်နေချိန် မလုပ်သင့်ဘူး။ ရွှေစျေးကို လောင်းကစားလို ဝင်ကစားလို့ကတော့ ကုန်မယ်သာမှတ်ပါ။ ကြိုက်တဲ့ဆရာကြီးလာခဲ့ ကြိုက်သလောက်ငွေယူခဲ့ အနည်းဆုံး တစ်နေ့တစ်ကြိမ် အရောင်းအဝယ်ပဲလုပ်ပေး ကုန်စေရမယ် လာခဲ့။ စျေးကွက်အပြောင်းအလဲကို ခင်ဗျားတို့အပြင်လူတွေက အမြဲနောက်ကျပြီးမှသိရတာပါ။ ရွှေဆိုတာ စက္ကန့်ပိုင်းတင် ဆွဲချ ဆွဲမလို့ရတဲ့ အရာပါ။

အဲ့တော့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ ဝင်မကစားချင်ပါနဲ့လို့ စေတနာစကားပြောပါရစေ။ ကိုယ်ကလွဲ ကိုယ့်ထက် လူလည်ကြီးပဲသာ မှတ်ထားပါ။ ရှုံးမဲမဲပြီးလည်း အတင်းလည်း ပြန်မလိုက်ကြပါနဲ့၊ ပိုဆိုးသွားတတ်ပါတယ်။ မြတ်ရင်လည်း အသာလေးနေ ရှုံးနေရင်လည်း အသာလေးနေ အခြေအနေကြည့် တည်ငြိမ်စွာစဉ်းစားတိုင်ပင် လုပ်ကြပါ။

ငွေတန်ဖိုးမရှိဘူးသာပြောတာ ရှာကြည့်ပါ လုံးဝမလွယ်ပါဘူး။ လက်ရှိဘယ်လုပ်ငန်းမှမကောင်းပါဘူး။ လူမသေ ငွေဆိုတာ ပြန်ရှာရပါတယ်။ လောင်းကစားလုပ်ငန်းများလည်း လုံးဝသွားမလုပ်ကြပါနဲ့ ဘဝပျက်သွားပါမယ်။ ချစ်မိတ်ဆွေများ ရွှေမျက်ရည် မကျစေလိုပါ။ ကျော်ကြီး(MDY)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page