ဆူဇူကီး ကားစက်ရုံပိတ်သိမ်းမှု ဂယက်နဲ့ ကားဝယ်ဖို့ စရန်သွင်းထားတဲ့သူတွေ ပြန်ရ/မရ ကိစ္စ
လက်ရှိအချိန်မှာ စကစရဲ့ သွင်းကုန်ပါမစ်ပိတ်ထားတဲ့ ကိစ္စကြောင့် သီလဝါမှာ ရှိတဲ့ ဆူဇူကီး ကားထုတ်လုပ်တဲ့ စက်ရုံက ပိတ်သိမ်းသွားရပြီဖြစ်ပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဆူဇူကီး showroom ပိုင်ရှင် ကိုကြည်သာဟန် ပြောထားတဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်-
အလဲဗင်း မီဒီယာကို ဖြေကြားထားတဲ့ ကိုမျိုးမင်းထွန်းရဲ့ဖြေကြားချက်အရဆိုရင်တော့ “ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရကြောင်း” ဆိုတဲ့သတင်း အမှန်ပါ။ စက်ရုံက call center ကိုဖုန်းဆက်မေးရင်တော့ staff တွေရဲ့အဖြေနဲ့တော့တူခြင်မှတူမှာပါ(စက်ရုံရဲ့ Management level လူကြီးတယောက်ရဲ့လက်ရှိဖြေကြားမှုက Call Center ထက်ပိုတိကျပါတယ်)။
ကိုမျိုးမင်းထွန်းက ဆူဇူကီးမြန်မာမှ အကြီးအကဲတဦးဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ မှာ စုစုပေါင်း ဆူဇူကီး Showroom 59 ခုရှိပါတယ်။ အဲ့ 59 ခုကပိုင်ရှင်တွေအားလုံးနဲ့ စက်ရုံမှတာဝန်ရှိသူများ 15 ရက်နေ့ကျရင်တော့ web meeting ရှိပါတယ်။ အခုတိုင်းဆိုရင်တော့ဒီကိစ္စကို တရားဝင်အသိပေးဖို့ ဖြစ်မယ်လို့ထင်ပါတယ်။
လက်ရှိ ဆူဇူကီး ကားများအသုံးပြုနေသူများအတွက် spare parts ပစ္စည်းတွေကတော့ တင်သွင်းခွင့်ရနေတဲ့အတွက်ရော/ စက်ရုံရဲ့ after sale ဌာနမှာအလုံအလောက်ရှိခြင်းကြောင့်ရော ဆူဇူကီး အသုံးပြုသူများအတွက် after sale service အပိုင်းကတော့လုံးဝပူစရာမရှိဖူးလို့သိရပါတယ်။ ဒါပေမဲ့ ကားသစ်တွေ ထပ်မံထုတ်လုပ်မှုအတွက်ကတော့ ကိုမျိုးမင်းထွန်းပြောသလိုပါဘဲဗျာ။
မေးခွန်း – Carry Pro အတွက် စရံ သိန်း ၅၀ ချထားတဲ့သူတွေအတွက် ဘယ်လိုစီစဉ်ပေးဖို့ရှိပါသလဲရှင့်။ အဖြေ – အော်ဒါတင်ထားတဲ့စာရွက်ထဲမှာကိုက စက်ရုံပိုင်းကထုတ်လုပ်မှုရပ်နားခဲ့ရင် (သို့မဟုတ်) အော်ဒါတင်ထားသောကားများ သတ်မှတ်အချိန်အထိမပေးနိုင်ခဲ့ရင် မူလပေးထားသောစရံငွေအတိုင်းဝယ်ယူထံသို့ ပြန်လည်ပေးအပ်မည်ကို ဝယ်ယူသူမှသဘောတူလက်ခံပါသည် ဆိုတာပါပြီးသားဖြစ်တဲ့အတွက် အဲ့သဘောတူညီချက်အတိုင်းဆောင်ရွက်ပေးသွားမှာပါဗျ။ (Kyi Thar Han)