ဒေါ်လာဈေးတက်အောင် ဆွဲတင်နေကြသူတွေရဲ့ နောက်ကွယ်က ရိုက်စားအကွက်များ
၃၁ ရက်နေ့မှာ ၄၅၀၀ ထိထောင်တက်သွားတော့ တက်အုန်းမယ်ထင်ပြီးတော့ ဝယ်စုတဲ့ ဝယ်ရောင်းတွေ ပိုက်ေ-ာမိမယ့်သူများလိမ့်မယ်။ ထင်ထားတဲ့အတိုင်း နောက်တရက် စျေးတွေပြုတ်ကျတဲ့ခါမှတော့ အဖက်ဆယ်ဖို့ အတွက်ဒေါ်လာကို မတက်တက်အောင် လှော်တဲ့ပို့စ်တွေ ထွက်လာပါတယ်။
စျေးတွေဘယ်လောက် ခေါ်နေပါစေ။ ပွဲစားပါးစပ်ကတော့ ဝယ်မရဘူးဆိုတာကြီးကိုပဲ အတင်းဇွတ်ငြင်းနေကြတာပါ။ ပေါက်စျေးနဲ့တကယ်ဖြစ်နေတဲ့ transaction တွေကို သူတို့ မလက်ခံနိုင်ကြဘူး။ တကယ် ဝယ်မလား ဒီစျေး ဒီစျေးနဲ့ရောင်းမယ် ကမ်းလှမ်းလာတော့ အရူးကွက်နင်း စျေးကြီးပေးဝယ်ပြီးပြီ ပြောကြပါတယ်။
သူတို့ဖြစ်စေချင်တဲ့ အနေထားကတော့ ကြောက်လန့်တကြား (panic) ဖြစ်အောင်လုပ်ပြီး စျေးဆွဲတင်နေတာကနေ ပြိုကျသွားတော့အဝယ်မရဘူးဆိုပြီး ဖြားယောင်းကြပါတယ်။ သတိထားရမှာက ဒီကောင်တွေက အကောင့်အသစ်တွေနဲ့ ဝင်လာလေ့ရှိပြီး လိုရာပြောပြီး spam လုပ်ကြတာပါ။ တကယ်လိုက်ယောင်တဲ့သူတွေကတော့ သားကောင်တွေပေါ့။
အခြေနေဖြစ်ရပ်မှန်ကို သေသေချာချာလေ့လာပြီး သုံးသပ်ဖို့လိုပါတယ်။ ဒီနေ့တော့ ၃၀၀၀ လည်းရောင်းကြဝယ်ကြတယ်။ ၃၃၀၀ လည်း အရောင်းအဝယ်ဖြစ်နေကြတယ်လို့တော့ တချို့ပြောသံတွေကြားနေပါတယ်။ ပြောချင်တာကတော့ ပြောတိုင်းမယုံဖို့နဲ့ လိုက်မယောင်ဖို့ပါ။ ကျနော်တို့ မိတ်ဆွေအသိုင်းဝိုင်း စီးပွါးလုပ်နေတဲ့သူတွေ ၃၀၀၀ အထက်မှာ ဝယ်တဲ့သူမရှိသလောက်ရှားပါတယ်။ မှတ်ချက်။ ။ဒေါ်လာကျစေချင်တာက မတာ မ မတာနဲ့မဆိုင်ပါဘူး။ အခုရေးတာကလဲ စျေးကျဖို့ လှော်တာမဟုတ်ပဲ ရှိသင့်တဲ့စျေးထက် ပိုပေးပြီးခံရမှာ စိုးလို့ပါ။
စျေးတွေခေါင်ခိုက်ရင် ဘယ်သူတွေခံရတာလဲ အားလုံးအသိဆုံးပါ။ ပွဲစားလိုလို အဝယ်လဲ သူပါ အရောင်းလဲ သူပါတဲ့သူတွေ ခဏတော့ ဆိုင်းငံ့ (suspend) လုပ်ထားပါမယ်။ လိုအပ်ရင် တိုက်ရိုက်ဝယ်ကြပါ။ အားလုံးအဆင်ပြေပါစေ။ (မူရင်းရေးသားသူကို လေးစားမှုဖြင့် – bkr)