မော်စီတုံး ပြောတဲ့ ကြောင်ကို ငရုတ်ကောင်းမှုန့် ကျွေးနည်း (အဲဒါကြောင့် တရုတ်ပြည်ရဲ့ ဖခင်ကြီး ဖြစ်နေတာ)

မော်စီတုံး၏ စစ်ရေး နိုင်ငံရေး မဟာဗျူဟာများ နှင့် သူ၏ ထူးခြားသော စဉ်းစား တွေးခေါ်ပုံများ

တခါ၌ မော်စီတုံးသည် သူ၏ ရဲဘော် ရဲဘက်များ ဖြစ်ကြသော သမ္မတ လျူလျောက်ချီ၊ ဝန်ကြီးချုပ် ချူအင်လိုင်း တို့နှင့် တွေ့ဆုံစဉ် ထူးထူးခြားခြားပဲ မေးခွန်း တခု မေးတယ်။ တကယ်တမ်းတော့ သူ့ရဲဘော်တွေရဲ့ ဦးဏှောက် အဆင့် စမ်းသပ် လိုက်တာ..

“ကြောင်တကောင်ကို ငရုတ်ကောင်း စားစေချင်တယ် ဆိုပါတော့ဗျာ။ ခင်ဗျားတို့ ဘယ်လိုကျွေး မလဲ ”

အာ့မှာ စတွေ့တာ. ငရုတ်ကောင်းဟူသည် ပူသည် စပ်သည် ကြောင် လုံးဝမကြိုက်ပါ။ ပထမဆုံး လျူက ”လွယ်ပါတယ်၊ ဥက္ကဋ္ဌကြီး ကြောင်ကို မလှုပ်နိုင်အောင် လူတယောက်နဲ့ ချုပ်ထားမယ် ပြီးပါးစပ်ဖြဲ အစေ့လိုက် ပါးစပ်ထဲထည့် လည်ချောင်းထဲ တူနဲ့ထိုးချ”

စကား မဆုံးခင်ပဲ။ မော်က လက်ပြတားလိုက်ပြီး အဲဒါ မော်စကိုမှာ သုံးတဲ့ အကြမ်းပတမ်းနည်း လျူ၏ အစီအစဉ် သူလက်မခံ၊ “မဟုတ်ဘူး လေဗျာ။ စားတယ် ဆိုတာ သူ့သဘောဆန္ဒနဲ့ စားအောင်ကို လုပ်ရမှာ အတင်းအဓမ္မ အင်အားသုံးတာမျိုးတွေ မလုပ်နဲ့ဗျာ”

ကဲ မေးစေ့ ပွတ်မနေနဲ့၊ ဝန်ကြီးချုပ်ချူ ခင်ဗျားကော ဘယ်လိုလဲ၊ အတန်ငယ်စဉ်းစားပြီး “ပထမ ကျနော် ကြောင်ကို သုံးလေးရက်လောက် အငတ် ထားလိုက်မယ် ပြီးတော့ အသားညှပ်ပေါင်မုန့်ထဲ ငရုတ်ကောင်းမှုန့် ဖြူးထည့်ပေးလိုက်မယ်။ ငတ်ပြတ်နေတော့ ငရုတ်ကောင်းမှုန့် ပါမှန်းတောင် သိမှာ မဟုတ်ဘူး၊ အဲလိုကျွေး မှာ”

“ဟာ… ခင်ဗျားဟာကလဲ ကုန်ကျစရိတ် များတယ်.ပြီးတော့ ခင်ဗျားဟာက တမင်တကာ လှည့်ဖြားတဲ့နည်းပဲဗျာ.. လူတွေကို အဲလို မလုပ်ကောင်းဘူး၊ သူတို့ ကျေနပ်အောင်ကို ဖြစ်ရမှာ”

ဒါဆိုလဲ.. ဥက္ကဋ္ဌကြီး စဉ်းစားထားတာလေး ကျနော်တို့ကို ပြောပြပါခင်ဗျာ”

“လွယ်ပါတယ်ဗျ” မော်က ပြုံး၍ဆိုသည်။ ကြောင်ကို ဝမ်းဗိုက်ရော နံဘေးတွေပါ ငရုတ်ကောင်းမှုန့်တွေ နာနာ ပွတ်ပေး ပူပြီး ဘယ်လိုမှ နေလို့ ထိုင်လို့ မရဖြစ်လာတဲ့အခါ သက်သာအောင် လျှာနဲ့လျက်လိမ့်မယ်။

အဲဒါကို သွားမတားနဲ့ သူ့သဘောနဲ့သူ လွတ်လွတ်လပ်လပ် ခွင့်ပြုထားလိုက်၊ မပြောင်မချင်းကို လျှာနဲ့ လျက်နေလိမ့်မယ်။ ပြီးတော့ အဲလိုလျက်နေရတာ အပူ သက်သာလာလေလေ။ သူ ကျေနပ်လေလေပဲ။ ငါလိုချင်တာ အဲလိုမျိုး”

အဲဒီလို အကြမ်းမဖက်ပဲ။ မော်စီတုံးကြီးက တိုင်းပြည်ကို အုပ်ချုပ် သွားခဲ့တာ.။

ဆရာဖေမြင့်၏ စဉ်းစားခြင်းထဲမှ ဖတ်မိသလောက်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page