ဂျပန်မှာ အလုပ် လာလုပ်ချင်ရင် မ’အ’ ကြပါနဲ့ (ဂျင်းအေဂျင်စီများကို သတိထားကြပါ)

ဂျပန်သွားတဲ့အခါ ထရိန်နင်ဗီဇာက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဝန်ဆောင်ခဒေါ်လာ၂၈၀၀ (လေယာဉ်လက်မှတ်ခ အပါ) လေယာဉ်လက်မှတ်ဖိုး ထပ်မပေးရပါဘူး။ လေယာဉ်လက်မှတ်ခက လုပ်ငန်းရှင်ဘက်က ပေးကြပါတယ်။ တိုခုတဲဂိနိုးဆို ဒေါ်လာ ၁၅၀၀ ပါ။

အလုပ်ရဖို့ အင်တာဗျူးစရိတ် ဆိုတာလဲ သတ်မှတ်ထားတာ မရှိပါဘူးခင်ဗျာ။ (တစ်ချို့အေဂျင်စီက ခေါင်းစဉ်တပ်ယူကြပါတယ်။ ဂျပန်မှာ Q ဝင်စရိတ်ကို အလုပ်လာလုပ်သူဘက်က မပေးရပါဘူးခင်ဗျာ။ အလုပ်ခန့်မဲ့လုပ်ငန်းရှင်နဲ့ ဂျပန်ဘက်က ခုမိအအိက စီစဉ်ပေးထားပါတယ်။

ဂျပန်လာဖို့ အိမ်ခြံမြေပိုင်ဆိုင်မှုစာရွက်စာတမ်းများနဲ့ အလုပ်အဆင်မပြေရင် ပြန်လာခွင့်လုံးဝ မရှိဆိုတဲ့ သတ်မှတ်ချက်လဲမရှိသလို စာချုပ်မပြည့်ပဲ ပြန်လာခဲ့ရင် လျော်ကြေးငွေပေးရမယ်ဆိုတာလဲ မရှိပါဘူး။

အဲ့လို စာချုပ်တွေရှိတဲ့ အေးဂျန့်တွေကမူမမှန်လို့ပါနော်။ အဲ့လိုလုပ်ခံရရင် နေပြည်တော်က ပြည်ပ အလုပ်အကိုင် အေဂျင်စီလိုင်စင်ထုတ်ပေးတဲ့ အလုပ်သမားရေးရာ ဝန်ကြီးဌာနကို အီးမေလ်းပို့ တိုင်ကြားလို့ရပါတယ်။ စစ်ဆေးမှု ပြုလုပ်ပေးပါလိမ့်မယ်။

နောက်ထပ်တစ်ခုက အခုတစ်လော ကြားနေတာလေးပါ။ အသိညီမလေးတစ်ယောက်ကလဲ လာမေးနေတာမို့ဖြေပေးပါ့မယ်။ ဘိုးဘွားရိပ်သာအလုပ်အတွက် သင်တန်းကာလ ၆လ ကို သိန်း၄၀ သင်တန်း စအပ်တဲ့နေ့မှာ သိန်း၂ဝ အရင်ပေးရမယ်တဲ့ ( အဲ့၆လပြီးမှ အလုပ်အင်တာဗျူးဖြေရမယ် အလုပ်ရမရ မသေချာသေးပါဘူး)

အလုပ် သွားရင် Agency ခ ထပ်ပေးရမယ် ဒေါ်လာ ၂၈၀၀ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေရယ် အခွန်ရယ်တဲ့။ အဲ့တော့ ထရိန်နင်ဗီဇာနဲ့ဂျပန်လာမဲ့သူတွေကို ပြောချင်တာက မ အ ကြပါနဲ့။

MoeZattLayPyae

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page