ရခိုင် မာန်အောင်ကျွန်းတွင် ထူးဆန်းတဲ့ ပေါက်ကွဲသံကြီး ကြားရပြီး မီးတောက်တခု ပင်လယ်ထဲသို့ ထိုးကျခဲ့

ယနေ့နံနက် ၆ နာရီခွဲခန့် က ကောင်းကင်ပေါ်မှ ကြီးမားသော ပေါက်ကွဲသံနှင့် အတူ အမျိုးအမည်မသိ မီးတောက်အလင်းတန်းတစ်ခုသည် ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနောက်တောင်ဘက် ပင်လယ်ထဲကို ထိုးကျသွားခဲ့သည်ဟု ဒေသခံများက ပြောကြားကြောင်း သိရပါတယ်။

မာန်အောင်ကျွန်း အနောက်တောင်ဘက် ရခိုင်ပင်လယ်ပြင်ထဲကို ကျသွားသော မီးတောက်အလင်းတန်းသည် ပင်လယ်ထဲသို့ မကျမီ ကောင်းကင်ပေါ်၌ သုံးချက်ဆင့် ပေါက်ကွဲခဲ့သည်ဟု တောင်ကုတ်မြို့နယ် ပင်လယ်ကမ်းစပ်ကျေးရွာ တစ်ခုဖြစ်သည့် ကုလားရောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။

အဆိုပါ မီးတောက်အလင်းတန်း ပင်လယ်ထဲ ထိုးကျပြီးနောက် ကောင်းကင်ပေါ်တွင် မီးခိုးငွေ့တန်းများ အဖြစ်ကျန်ရစ်သည်ကို မြင်ခဲ့ရတယ်လို့ သိရပါတယ်။

မီးခိုးတန်းကြီးလိုဖြစ်ကြောင်း၊ ဒါပေမယ့် ဖြောင့်ဖြောင့်ဆင်းလာတာမဟုတ်ပဲ ကွေ့ကောက်ပြီး ဆင်းလာပြီး ပင်လယ်ထဲသို့ ထိုးကျသွားတာ ဖြစ်ကြောင်း မျက်မြင်တွေ့ရှိရသူက ပြောပါတယ်။

ပင်လယ်ထဲသို့ ငါးဖမ်းသွားသူများနှင့်လည်း အဆက်အသွယ်ရရှိရန်ကြိုးစားနေပြီး ပေါက်ကွဲသံနှင့်အတူ မီးခိုးတန်းများတွေ့ရသည်မှာ တောင်ကုတ်မြို့နယ်၏ တောင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မီးတောက်ကြီးအား တောင်ကုတ်မြို့နယ် ပန်းတင်ကျွန်းမှလည်း မြင်လိုက်ရကြောင်း၊ ကျယ်လောင်သော အသံကိုလည်း ကြားခဲ့ရကြောင်း တောင်ကုတ်မြို့နယ်မှ ဒေသခံများကလည် ပြောပါတယ်။

အဆိုပါ မီးတောက်ကြီး ကောင်းကင်ပေါ်မှ ပင်လယ်ထဲကျဆင်းသွားသည်ကို တောင်ကုတ်၊ သံတွဲ၊ မာန်အောင်မြို့နယ်က လူများပါ မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page