သီရိသုဓမ္မာ မယ်တော်ကြီးတွေ ဖျက်တဲ့ သာသနာ (တကယ့် အစစ်အမှန်တွေကို အားနာပါတယ်)

ငယ်ဖြူကတုံး ကွန်ဒုံးမလို

အဲဒီဆောင်ပုဒ်ကို ၂၀၀၇ ရွှေဝါရောင်တုန်းက အင်းစိန်ထောင်ထဲမှာကြားခဲ့ရတာ။ ကြားတာထက် ကာယကံရှင်ကိုယ်တိုင်က ရင်ဖွင့်လာတာဗျ။ အင်းစိန်ထောင်မကြီး ၅ ဆောင်တိုက်ခေတ္တနေရစဉ်က ဖြူဖြူချောချောဘာယာကောင်လေးက လာမိတ်ဆက်တယ်။

တပည့်တော်လည်း လူပျံတော်ပါဘုရားတဲ့။ အမှုက သာသနာတော်ညှိုးနွမ်းစေမှု၊ မယားခိုးမှုနဲ့ ဓမ္မတာကိုဆန့်ကျင်ဆက်ဆံမှုတဲ့ လန့်တောင်သွားတယ်။ သူ့ကိုလည်းရွံမုန်းသွားတယ်။ နောက်မှ သေချာရှင်းပြမှ သနားသွားမိတော့တယ်။

အကျဉ်းချုံးဘဲပြောတော့မယ်။ သီရိသုဓမ္မာတစ်ယောက်က သူ့ကိုရဟန်းခံမယ်ဆိုပြီး ဆရာတော်ကို လျှောက်တယ်။ ကျောင်းလည်း လေးထပ်တိုက်ဖြစ်သွားတယ်။ သူ့အတွက်တစ်ပါးကျောင်း၊ တစ်ထပ်တိုက်ကလေးလည်းဆောက်ပေးတယ်။ ရုပ်ချော၊ စာတော်လို့မျက်နှာပွင့်တယ်ဆိုပါတော့။

ရဟန်းအမကလည်း သား… သားနဲ့ကိုယ်ဖိရင်ဖိစောင်ရှောက်ပါသတဲ့။ ရဟန်းလည်းဖြစ် စာချတန်းလည်းဖြေရမယ်ဆိုတော့ စာဖိလုပ်တာပေါ့။ ရဟန်းအမက စာချည်းဖိလုပ်မနေနဲ့ ကျန်းမာရေးလည်းလိုက်စား၊ အနားလည်းယူဆိုပြီး အဲဒီတုန်းကခေတ်အမှီဆုံး portable video လေးလာပေးတယ်တဲ့။ နားတဲ့အချိန်ဗဟုသု တရအောင်ကြည့်လို့ပြောပေးခဲ့သတဲ့။

အားတဲ့အချိန်ဖွင့်ကြည့်လိုက်တော့ အာပါး +၁၈ ခွေဖြစ်နေပါရော့လားတဲ့။ နောက်နေ့လာတော့ ကိုယ်တော်လေးကမျက်နှာတွေပူလို့အိပ်ချင်ယောင်ဆောင်နေတာကို အိပ်ယာပေါ်လာပြီး ကိုယ်ပူလား၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းတွေစမ်းပြီး “မယ်တော်ကိုကြောက်နေတာလား” ခြေထောက်တွေ၊ ပေါင်တွေနှိပ်ပြီးတိုးတိုးလေးမေးသတဲ့။ “အမေနဲ့ပါရာဇိကံ မကျချင်ဘူးလားတဲ့” စောစောကျရင် သိက္ခာပြန်ထပ်ရင်ပြီးတာဘဲလို့ စည်းရုံးသတဲ့။ ဇာတ်လမ်းက အဲဒီကစတာ…

နောက်သူကနေ ဖောက်သယ်ချလိုက်တာ လာလိုက်ကြတဲ့ သူဌေးမတွေ၊ သီရိသုဓမ္မာအုပ်စုတဲ့။ ထွက်လိုက်ရတဲ့ဘုရားဖူး၊ ပြည်တွင်းပြည်ပ အစုံ၊ ဟိုတယ်အစုံကို ရောက်ဘူးသတဲ့။ အဲဒီလောကထဲရောက်သွားလိုက်တာ အဝေးပြေးလေအိတ်ကား ၅ စီးလိုင်းထဲထည့်ထားနိုင်တယ်ဆိုဘဲ။

နောက်ဆုံးပလာဇာတခုက ရုံးခန်း( ကျည်ပြီးတဲ့မိုးကြိုးသွား၊ ဝက်စွယ်နားကွင်းပိတ်၊ ကျောက်လက်ဝါး) ရှာဖွေရေးစင်တာတခုမှာ ဗိုလ်ကတော်နဲ့အတူမိပြီး ထောင်ကျ။ အမှုတွေတစ်သီကြီးနဲ့ကျလာတာဘဲ။

အပေါ်ကခေါင်းစဉ်က သူတို့ဆီကထွက်လာတဲ့ ဆောင်ပုဒ်( Slogan )ဘဲ။ ခုလည်း စကစ ကပေးမယ့် သီရိသုဒါးမြဘွဲ့ယူဘို့ နိုင်ငံခြားပြန်ကိုယ်တော်နဲ့အဖွဲ့က ဝတ်စုံတွေတောင် ချုပ်ပြီးပြီတဲ့။ ဒီဇင်ဘာတစ်ရက်နေ့ နေပူတော်အရောက်လို့လည်းပြောရဲ့။ မန်းလေးမှာ သူတို့အုပ်စု တော်တော်ကဲနေကြလေရဲ့

ကိုယ့်ဘာသာကဲတာကဲပါ၊ မပြောလိုပါဘူး။ အုပ်စုလိုက်ကြီးနဲ့ စာတော်တဲ့ကိုတော်လေးတွေကိုတော့မဖျက်စီးကြပါနဲ့လို မေတ္တာရပ်ခံပါတယ်။ တကယ့်ကိုသာသနာအတွက်စွမ်းစွမ်းတမံဆောင်ရွက်ပြီး ဘွဲ့ရသူတွေကိုလည်း ထိခိုက်ပါတယ်၊ ဒီပုတ်ထဲကဒီပဲတွေလို့ မြင်မှာအထူးစိုးရိမ်ပါတယ်။

ခုရေးမိတာကလည်း နိုင်ငံခြားပညာသင်သွားတာ လိုက်သွား၊ ပြန်လာရင်သွားကြို၊ တရုန်းရုန်းနဲ့ဆိုလို့ သတိရပြီးရေးမိတာပါ။ ထောင်ထဲတုန်းကတိုင် လက်ယားနေတာ တိုက်ဆိုင်လို့ချရေးမိတာပါ။ အစစ်အမှန် သာသနာ့အာဇာနည်များကိုလည်း အားနာပါတယ်။ စိတ်ဓါတ်ခြင်းက‌တခြားစီပါ။

အင်း… စခတွေနဲ့ပါတ်သက်တဲ့သူများ သာသနာရေးဆိုင်ရာဘွဲ့ရတာတောင် သာသနာဖျက်၊ တိုင်းပြည်ဖျက် ဘယ်သူမှကောင်းတာမရှိပါဘူးလေ။

Bhikkhu Issariya

Leave a Reply

Your email address will not be published.

x

You cannot copy content of this page