ဆယ်တန်းဘော်ဒါဆောင်မှ မကျွတ်မလွတ်သေးတဲ့ ပရလောကသားများနှင့် ကြုံခဲ့ရသူများ (ဖြစ်ရပ်မှန်)

ဆယ်တန်းဘော်ဒါဆောင်မှ မကျွတ်မလွတ်သေးတဲ့ ပရလောကသားများနှင့် ကြုံခဲ့ရသူများ (ဖြစ်ရပ်မှန်)

2011-2012….ပညာသင်နှစ်ကပေါ့ကွယ် ဘော်ဒါမှာပေါ့ ..ဘော်ဒါစစဖွင့်ချင်းနေ့ဆိုတော့ လာတက်ကျတဲ့ ကျောင်းသား/ ကျောင်းသူတွေ အကုန်လုံး နေရာမရဖြစ်နေတာပေါ့…နာလည်းပါတယ်လေ… ဘော်ဒါထဲ စဝင်ဝင်ခြင်းပဲ သတင်းတွေ ကြားရ တာပေါ့ ..စာသင်ဆောင်ရဲ့ခေါင်းရင်းက ဆီးပင်ကြီးမှာ မိန်းမသရဲရှိတယ်ပေါ့… ညညဆိုရင် အပင်ပေါ်ကနေ ဇောက်ထိုးဆင်းဆင်းလာတယ်ဆိုပြီးတော့ သတင်းတွေကြားရတာပဲလေ….

မိန်းကလေးနဲ့ယောက်ျားလေး အဆောင်သပ်သပ်စီခွဲထားတယ်..မခွဲလို့လည်းမရဘူးလေ….အဆောင်မှာ ညအိပ်စောင့်တဲ့ အဆောင်စောင့်ဆရာ/ဆရာမ တစ်ဦးစီရှိတယ်…..အဲ့လိုနဲ့ ကိုယ်စီ ကိုယ်စီ အဆောင်ထဲဝင်ရောပေါ့… ရောက်ရောက်ချင်း ဆိုတော့ မိန်းကလေးအဆောင်ဘက်မှာ လူတွေတအားရူပ်ပြီး နေရာချလို့မရတော့တာနဲ့ ဒီအတိုင်းဖြစ်သလို နေရာယူပြီး အိပ်လိုက်ကြတယ်…ဖြစ်ချင်တော့ နာအိပ်ရတာက ထောင့်ဆုံးအစွန်ဆုံးဖြစ်နေတယ် မျက်နှာချင်းဆိုင်မှာတော့ ဆရာမခြင်ထောင်ရှိတယ်…

ဆရာမက ညဘက်တော်တော်နဲ့မအိပ်ဘူးလေ…ဝတ္ထုဖတ်နေလို့ပါ…အဆောင်ကမီးတွေပိတ်လိုက်တယ်..ဆရာမရဲ့ ခြင်ထောင်ထဲမှာတော့ မီးအိမ်လေးကလင်းလို့ပေါ့….တစ်ခုပြောရအုန်းမယ် သရဲခြောက်တဲ့ ဆီးပင်ရှိတဲ့ စာသင်ဆောင် ကဖြစ်ချင်တော့ မိန်းကလေးအဆောင်ဝန်းထဲမှာဖြစ်နေတယ်….ဒီလိုနဲ့အိပ်တော့ အရမ်းအိပ်ချင်လို့ ဘုရားမရှိခိုး လိုက်မိဘူး….အဲ့ဒါကြောင့်ခြောက်ခံရတာနေမှာ….အိပ်တော့..

ညသန်းခေါင်လောက်ပေါ့ ၂ နာရီလောက်တော့ရှိပြီထင်တယ်တရေးနိုးတယ်..ဆရာမကတော့မအိပ်သေးဘူး…အဲ့ဒါနဲ့ ဆရာမ ခြင်ထောင်ဘက်ကိုလှည့်ကြည့် လိုက်တော့ သူ့ခြင်ထောင်နားမှာ အရိပ်တစ်ခုကို တွေ့တယ်… လူပုံဏ္ဍာန်ပဲ.အိပ်ချင်မူးတူးနဲ့သေချာကြည့်လိုက်တော့ …အားယားးးး…ကျောတောင်ချမ်းတယ်….ဆံပင်ဖားလျားနဲ့ မိန်းကလေး တစ်ယောက်ဆရာမခြင်ထောင်နားမှာရပ်နေတယ်….လန့်သွားတာကအရင်..

စိတ်ထဲကတော့ ကျောင်းသူ တစ်ယောက်ယောက် ဆရာမနားမှာ ရပ်နေတယ်ပဲထင်ပြီး …ဘေးဘီဝဲယာကို အကဲခတ် ကြည့် လိုက်တော့အကုန်အိပ်နေကြတယ်….နာတစ်ယောက်ပဲမြင်နေရတယ်ပေါ့…ဆရာမကိုအော်ခေါ်ချင်ပေမယ့် ဘာလို့မှန်းလဲမသိဘူး နာအသံမထွက်ဘူး…အဲ့ဒါနဲ့ကြောက်ကြောက်နဲ့ဆက်ကြည့်နေတော့ အဲ့သရဲမက အစကနာ့ကို ကျောခိုင်းထားရာကနေ တဖြည်းဖြည်း နာ့ဘက်လှည့်လာတယ်… တကယ်ကြောက်လွန်းလို့ သတိလစ်မတက်ဘဲ. ..နာ့ဘက်လှည့်တော့ မျက်နှာကိုမမြင်လိုက်ရလို့တော်သေးတယ် မြင်လိုက်ရလို့ကတော့ အသက်ပါထွက်ပြီပဲ. ..အဲ့ဒီမှာ မပြီးသေးဘူး…လှည့်ကြည့်ရုံနဲ့အားမရသေးဘူး နာ့ဘက်လျှောက်လာတယ် တဖြည်းဖြည်း… တေပါပြီအမေရယ်လို့ စိတ်ထဲမှာ အော်နေမိတယ်…ဒါပေမယ့် လက်တွေ့ကအသံမထွက်ဘူး…အနားရောက်ခါနီးတော့ မျက်စိစုံမှိတ်ပြီးတော့ ဘုရား ဘုရား လို့ စိတ်ထဲကနေတနေလိုက်တယ်…မျက်စိလည်းပြန်ဖွင့်လိုက်တော့ ဖြတ်ကနဲ အပြင်ကို ပြေးထွက် သွားတာတွေ့လိုက်တယ်…မရှိတော့ဘူး…အဲ့တော့မှ အသံကုန်ဟစ်ပြီး…ဆရာမကိုလှမ်းခေါ်လိုက်တယ်…

လူလည်းဇောချွေးတွေပျံနေတာ အင်္ကျီတွေလည်းရွှဲနေတာပဲ…ဆရာမရော တခြားလူတွေရော နိုးလာပြီး အနား ရောက်လာတေ့ာမှ စိတ်သက်သာရရသွားတော့တယ်…အဲ့ညမှာ… သရဲမကောင်းမူနဲ့ဆရာမခြင်ထောင်ထဲ သွားအိပ်လိုက်ရတယ်လေ….အဲ့ဒါကတော့ ဘော်ဒါစစရောက်ချင်းမိတ်ဆက်ခံလိုက်ရတာပဲ..

နောက်ကျောင်းနှစ်လည်လောက်လည်းရောက်ရော…ပထမနှစ်ဝက်စာမေးပွဲတွေဖြေခါနီးပေါ့.. နာလည်း နေ့မအိပ် ညမအိပ်ငိုက်တာပေါ့လေ… အဲဟုတ်ပေါင်..စာကျက်တာကိုပြောတာပါ…မှတ်မှတ်ရရ..စာမေးပွဲဖြေဖို့ ၂ရက်အလိုကျတော့ နာနဲ့နာ့သယ်ငယ်ချင်းတစ်ယောက်နဲ့ပေါ့…စာမရသေးလို့..မြန်မာစာကို ညလုံးပေါက်ကျက်ကျမယ်ဆိုပြီးတော့ စာသင်ဆောင်ထဲမှာ..စာကျက်နေကျတယ်..အစကတော့ ၁၀နာရီလောက် အထိ ကိုယ်လိုသူလို စာကျက်တဲ့လူတွေ ရှိနေသေးတယ်..

နှစ်ယောက်သား ငိုက်လိုက်ကျက်လိုက်လုပ်နေရင်းနဲ့သတိထားမိချိန်လည်းရောက်ရော ၁၂ ခွဲနေပြီ.. ဘယ်သူမှလည်း မရှိတော့ဘူး ငါတို့နှစ်ယောက်တည်း..သတ္တိခဲနှစ်ယောက်လည်း မကျက်တော့ဘူး အဆောင်ထဲဝင်အိပ်တော့မယ်လို့ ကြံယုံရှိသေး အဲ့ဒီမှာစတာပဲ…အဆောင်ခေါင်းရင်းက (ဆီးပင်ကြီးရှိရာ ဘက်ကနေ)..အသံတွေကြားနေရတယ်.. .သေချာနားထောင်ကြည့်တော့…ဘုရား ဘုရား..ခြေသံတွေဖြစ်နေတယ်… ဟိုဘက်ဒီဘက် လျှောက်နေတဲ့အသံတွေပေါ့..

နှစ်ယောက်သားမျက်လုံးပြူးပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိတယ်…စာအုပ်တွေသိမ်းပြီးတော့ အိပ်ဆောင်ထဲကိုတစ်ချိူးထဲပြေးမယ်လို့ အကြံပြုလိုက်ကြတယ်….ဒါနဲ့ပဲလက်တွေ့အကောင်အထည်ဖော်ပြီး စာသင်ဆောင်ကနေအထွက်…အားယားးးးးး…အိပ်ဆောင်ရှေ့မှာ မတ်မတ်ကြီး ကျောခိုင်းပြီးတော့ မတ်တပ်ရပ်နေတယ်…နာကတော့ထားပါတော့..

ပထမတစ်ခါကလည်းအခြောက်ခံပြီးသားဆိုတော့ ကြောက်တော့ကြောက်တာပေါ့ ဒါပေမယ့်ခံနိုင်ရည်ရှိပါတယ်… နာ့သယ်ရင်းကတော့ ဒါပထမဆုံးတွေ့တာလေ နဂိုတည်းကသူကခပ်ကြောက်ကြောက်ရယ်….သူ့ကိုကြည့်လိုက်တော့ မျက်လုံးကြီးပြူးပြီး မျက်ရည်တွေစီးကျနေတယ် ကြောင်အအဖြစ်နေတယ်ငါ့လက်ကိုလည်း ဆုပ်ထားတာတအားပဲ…

အဲ့လိုနှစ်ယောက်တည်းကိုယ်စီကိုယ်စီကြောက်နေတုန်း သရဲမက ပထမတစ်ခါတုန်းကလိုပဲ တဖြည်းဖြည်း လှည့်လာပြန်တယ်..ဒီတစ်ခါလှည့်ရင်တော့ သူ့မျက်နှာကိုတွေ့ရမှာ အသေအချာပဲ ဘာလို့လဲဆိုတော့ အိပ်ဆောင်ရှေ့မှာ မီးဖွင့်ထားတယ်လေ…အော်လို့လည်းမ၇ဘူး

ဒီတော့ထုံးစံအတိုင်းပဲမျက်စိမှိတ် ဘုရားတပြီးတော့ အသားကုန်အော်လိုက်တော့…အဆောင်ထဲကဆရာမတွေရော ကျောင်းသူတွေရောထွက်လာတယ်…အဲ့အချိန် နာ့သယ်ရင်းက သတိလစ်နေပြီ… နာလည်းလစ်ခါနီးနေပါပြီ…. ဘာပြောကောင်းမလဲ.. နာလည်းထိုင်ငိုနေတော့တာပဲ….အဲ့တော့မှ ဆရာ/ဆရာမတွေကမဖြစ်တော့ဘူးဆိုပြီးတိုင်ပင်ကြပြီး ဘော်ဒါမှာ ဘုန်းကြီးတွေနဲ့ တရားနာတော့မှပဲ နောက်ပိုင်းမှာအခြောက်မခံကြရတော့ဘူး…. (ကဲ…ဒီလောက်ပါပဲ.. အရေးအသားညံ့ရင်လည်းခွင့်လွှတ်ကြပါ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page