တကြိမ်ရှိခိုးရင် လူတသိန်းကို ကျွေးတာနဲ့ ညီမျှတဲ့ ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်း (ဗောဓိမြိုင် ဆရာတော်ကြီး)

တကြိမ်ဘုရားရှိခိုးလို့ရှိရင် လူတသိန်းကျွေးရတာနဲ့ ညီမျှတဲ့ ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။

ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့ မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ ဘုရား (တစ်ကြိမ် ရှိခိုးလိုက်)၊

ဆင်းရဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ဘုရား (တစ်ကြိမ် ရှိခိုးလိုက်)၊

အစိုးမရသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ဘုရား (တစ်ကြိမ် ရှိခိုးလိုက်)။

ဤသို့အားဖြင့် ရတနာသုံးပါးကို သုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။ အင်မတန် အကျိုးများတဲ့ ဘုရားရှိခိုးနည်းပါ။

ဘာကြောင့်လဲဆိုတော့ မမြဲသော မိမိခန္ဓာကိုယ်ကြီးကို မမြဲတဲ့အကြောင်း ပွားတာက ဝိပဿနာပါ။ (မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း) ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာကင်းပြီးတဲ့ သံဃာတွေကို အာရုံပြုတာက သမထပါ။

လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။ ဒါနရော သမထရော ဝိပဿနာရော ကုသိုလ် အကုန်ပါသွားတဲ့ ဘုရားရှိခိုးနည်းပါ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page