အခု လူဖြစ်နေတဲ့သူတွေအားလုံး လွန်ခဲ့တဲ့ နှစ် (၂၆၀၀) ခန့်က ဘဝ တခုမှာ အတူတူဆုံဖူးခဲ့ကြတယ်
အခု လူဖြစ်နေတဲ့သူတွေအားလုံး လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆၀၀) ခန့်က ဘဝ တခုမှာ အတူတူဆုံဖူးခဲ့ကြတယ်…
လွန်ခဲ့တဲ့ သာသနာနှစ် ၂၆၀၀ ခန့်က ခု လူဖြစ်နေသူအားလုံး ဂိဇ္ဈကုဋ်တောင်မှာ တီထွေးဘဝနဲ့ အတူဆုံဖူးကြတယ် ဆိုရင် လက်ခံကြလား?? လက္ခံ မခံ အသာထား ဗဟုသုတ ပြောပြမယ်! ဂေါတမ ဗုဒ္ဓဘုရား ပွင့်စဉ် အချိန်တစ်ခုက “အရှင်သာရိပုတ္တမထေရ်နဲ့ဗုဒ္ဓ ဂိဇ္ဈကုဋ်တောင်ကို ရောက်စဉ်က တောင်ခြေက တီထွေးစုကြီးကို သွားမြင်တယ် တီထွေး တွေ များလွန်းလို့ အံ့သြလို့အရှင်သာရိပုတ္တက ဘုရားကို ဒီတီထွေးတွေအကြောင်း မေးလျှောက်တယ်”
ဗုဒ္ဓက “ချစ်သား သာရိပုတ္တ” ဒီတီထွေးတွေက “ငါဘုရားပရိနိဗ္ဗာန်စံပြီး သာသနာနှစ် ၅၀၀၀ အတွင်းလူ့ပြည်မှာ လူဖြစ်ပီး အချို့ ကျွတ်တန်းဝင်ကြလိမ့်မယ်… ဒီတီထွေးတွေ လူဖြစ်တဲ့အချိန်မှာ ရုပ်ဝတ္ထုတွေက နတ်ပြည်အလား တိုးတက်မယ် လောဘ ဒေါသ မောဟတွေတော့ အားကြီးမယ်။ အချို့တွေက ငါဘုရားရဲ့တရားတွေနာပြီး ကျွတ်တန်းဝင်ကြမယ်။ ကျန်လူများကတော့ ဒီ ဂိဇ္ဈကုဋ်တောင်ခြေမှာပဲ တီထွေးပြန်ဖြစ်မယ် “လို့ အရှင်သာရိပုတ္တကို ဗုဒ္ဓဟောပြခဲ့ဖူးတယ်။
ပြီးတော့ ဂင်္ဂါဝါဠုသဲစုမက ပွင့်ပြီးတဲ့ ဘုရားရှင်တွေက သာသနာချန်တာ သိပ်မရှိပါဘူး။ ဂေါတမဘုရားရှင်သာ အခြေအနေ တစ်ခုကြောင့် သာသနာချန်ခဲ့တာ… သက်တမ်းတစ်သောင်းတုန်းက ဘုရားက ပါရမီပြည့်လို့ဘုရားဖြစ်ခွင့်ကြုံတယ်။ ပါရမီ ဖြည့်ဘက် သာဝကတချို့က ပါရမီ မပြည့်သေးတာကြောင့် ဘုရားက အချိန်စောင့်ပေးခဲ့ရတယ်။ ဆုတ်ကပ်ကာလ အသက် တစ်ရာတမ်းရောက်မှ ဘုရားရော သာဝကတွေရော ပါရမီပြည့်ချင်း တူလို့ ဘုရားဖြစ်ရတယ်။
ဒါပေမယ့် သက်တမ်းတိုလွန်းလို့ ဘုရားက သာဝကအကုန် ချေချွတ်ခွင့် မရခဲ့ပါဘူး။ အဲဒါကြောင့် ဘုရားကိုယ်စား ပူဇော်ဖို့ တရားစာပေနဲ့ စေတီလေးမျိုး ထားခဲ့တယ်။ သာသနာနှစ် ၅၀၀၀ ပြည့်တဲ့အခါ ဘုရားချန်ထားခဲ့တဲ့ ဓါတ်တော် စေတီတွေ က နိမ္မိရုပ်ပွားအ့ဖြစ် စုပြီး တေဇောဓါတ်လောင်မယ်။ (ဂေါတမဘုရား သာသနာကွယ်မယ်ပေါ့)
ခု လက်ရှိအချိန်မှာတော့ တီထွေးဘဝတွေက လွတ်အောင် ရုန်းလို့ရတယ်။ ဘုရားကိုယ်စားရုပ်ပွားတော် ဖူးခွင့်ရတယ်။ ဗုဒ္ဓ ပြောခဲ့တဲ့စကား ဟောခဲ့တဲ့ တရားတွေကို စာပေအဖြစ် (ပိဋကတ်သုံးပုံ) မှတ်တမ်းတင်ထားတာတွေကို ပူဇော်လို့ ရသေး တယ်။ တကယ် တီထွေး မဖြစ်ချင်ဘူးဆိုရင်တာ့ အခုပဲ ဗုဒ္ဓတရားတွေကို “ဧဟိပတိကော=လေ့လာပါ အကာလိကော= လက်တွေ့ ကျင့်ကြတော့ပါပေါ့။”
မေတ္တာ စေတနာများစွာဖြင့် (မှတ်ချက်၊။ နိမ္မိတဇောဓါတ်လောင်တဲ့အချိန်မှာ လူသား တစ်ယောက်မှ ဖူးခွင့်မကြုံပါ နတ်ဗြဟ္မာများသာ ပူဇော်ခွင့်ရမည်)
မူရင်းရေးသားသူ (လေးစားစွာဖြင့် Bkr)