အိမ်လခ မပေးနိုင်တော့လို့ လမ်းဘေးမှာ အထုပ်ဆွဲပြီး နေရတော့မယ့် အသက် (၉၉) နဲ့ (၆၉) အဘွား ၂ ဦး
အိမ်လခမပေးနိုင်တော့ရင် အထုပ်ဆွဲပြီး လမ်းဘေးထွက်နေရတော့မဲ့ သားအမိ ၂ ဦးပါ။အမေကအသက် (၉၉) နှစ်အရွယ်ဖြစ်ပြီး သမီးကတော့ (၆၉) နှစ်ရွယ်ပါ။
(၆၉) နှစ် အဘွားရဲ့ သားဖြစ်သူက ဘယ်ရောက်နေမှန်းမသိသလို အဆက်အသွယ်လည်း မရတော့တာ တော်တော်လေး ကြာနပြီလို့သိရပါတယ်။
အမေအိုကြီးကို ၆၉နှစ်အရွယ် သမီးဖြစ်သူက အိမ်တွေမှာ လိုက်လံ အဝတ်လျှော်ရင်း ကျွေးမွေးပြုစုစောင့်ရှောက်နေတာပါ။
အဘွားတို့ ၂ ဦးကို မိုးစက်က အလှူရှင်များရဲ့ လှူဒါန်းငွေဖြင့် (၁) သိန်း လှူဒါန်းပေးခဲ့ပါတယ်။
မြန်မာပြည်မှာ ယခုလို အကူအညီလိုအပ်နေတဲ့ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေ အများအပြား ရှိနေပါတယ်။ စေတနာရှင်များ အနေနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီ လှူဒါန်းပေးဖို့ အလွန်လိုအပ်ပါတယ်။
လှူဒါန်း ပေးကြသူတွေနဲ့ ကိုမိုးစက်တို့လို စုစည်းလှူဒါန်းပေးကြသူများ အသက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ် ခင်ဗျာ။
Photo-MoeSat