လူတသန်းမှာ တယောက်တွေ့ရခဲတဲ့ ဆိုက်ကားဆရာ ကိုသူရ (စိတ်ထားကတော့ လက်ဖျားခါရလောက်တယ်)
ဆိုက်ကားဆရာ ကိုသူရ
ငမိုးရိပ် 10 လမ်း သင်္ကန်းကျွန်း၊ မနက် 10:30 ဝန်းကျင်
ပုံပါကလေးငယ်က ကိုယ်ဝန်သည်မိခင်နဲ့အတူစျေးဝယ်ထွက်တုန်း အနီးနားမှာ အုန်းပေါက်ကွဲ ပြေးကြ လွှားကြ ရှုတ်ရှက်ခတ်နေရင်း မိခင်တခြား ကလေးတခြားတွေဖြစ် တွန်းကြတိုးကြ တိုက်ကြရင်း မိခင်ကတငိုငို တရီရီဖြစ် သားဇောနဲ့ မေ့လဲ ဘေးလူများကဆေးခန်းပို့
ကလေးလဲ လူကြားထဲ ကြောက်ကြောက်လန့်လန့်နဲ့အော်ဟစ်ငိုယို အနီးအနားရှိသူတိုင်း သူ့မကြည့်နိုင် ကိုယ့်မကြည့်နိုင်အနေအထား
ကိုသူရ ရောက်လာ ကလေးကိုချော့ ကလေးနံမည် အဖေ အမေနံမည်မေး လိပ်စာမေး နံမည်တွေအကုန်လုံးမှန်ပေမဲ့ လိပ်စာကမရေရာ တနေသာကုန်သွားတယ် ရှာမတွေ့
သူ့အိမ်ခေါ်သွား စောင့်ရှောက်ကျွေးမွေး နောက်နေ့တနေကုန် ကလေးပြတဲ့ အဆောက်အဦးတွေကြား လမ်းတွေကြား တလမ်းဝင်တလမ်းထွက်၊ ညနေ 5 နာရီကျော် ညနေစောင်းမှ မထင်မှတ်ပဲ ကလေးနေတဲ့လမ်းထဲရောက်
ကလေးက ဟိုး လေးလွှာ ဝရံတာမှာ လှမ်းထားတဲ့ သူ့အကျီ သူ့အမေအင်ကျီကိုလှမ်းတွေ့ ကိုသူရကိုပြော
ကလေးက သူတို့အခန်းကိုလမ်းပြ အိမ်ဝရောက် သော့ခတ်ထားလို့ တနာရီကျော်လောက်ထိုင်စောင့်၊ ည 7 နာရီဝန်းကျင်၊ လှေကားကတက်လာသံကြားလို့ ခေါင်းမော့အကြည့် အဖေ အမေနဲ့ကလေးပြန်တွေ့ ငိုကြရီကြဖက်ကြနမ်းကြ
ကိုသူရကို မိဘတွေကကျေးဇူးတင်၊ အပြင်မှာလိုက်ရှာ ရဲစခန်းမှာအမူ့ဖွင့်နေလို့ အိမ်ပြန်နောက်ကျကြောင်းပြောပြ တောင်းပန်၊ ကိုသူရ အရမ်းပျော် ပီတိဖြစ်၊ ပြန်အုံးမယ် ပြောတော့ နေပါအုံး အအေးလေးသောက်ပါအုံး ခဏဝင်ပါအုံးဆိုလို့ ဝင်ထိုင်
မိဘတွေက ကျေးဇူးကြီးလွန်းလို့ ငွေဆယ်သိန်း ကန်တော့ အဲ့မှာ ကိုသူရ ပြောလိုက်တဲ့စကားက မယူဘူး ကလေးကိုသနားလို့ ကူညီတာပါ မပေးပါနဲ့ တဲ့ မိဘတွေက အတင်းမရမကပေးတော့ ဘာထပ်ပြောသေးလဲသိလား
ငွေများများကိုင်ရင် စိတ်ဓါတ်တွေပျက်စီးတယ်ဗျ ဘဝလဲပျက်တတ်တယ် မကိုင်ဘူး တဲ့၊ ကလေးမိဘတွေက ထပ်တလဲလဲပေးတော့၊ အဲ့ အာ့ဆို ဒီလိုလုပ် တသောင်းလောက်တော့ ခဏချေးလိုက် တပါတ်အတွင်းပြန်ပေးမယ်၊ ခေါက်ဆွဲကြော်လေးနဲ့သမီးလေးအတွက် အင်းကျီကောင်းကောင်းလေးတထည်လောက်ဝယ်သွားချင်လို့ပါ တထုတ်ဆိုလောက်တယ်၊ ခများတို့ကိုကြည့်ပြီးပျော်လို့ပါ ကျေနပ်တယ်ဗျာ အဲ့လောက်ဆို ရပြီ တဲ့
အိမ်ရောက်ရင် မိန်းမနဲ့သမီးလေးကိုပြန်ပြောပြရင်း ခေါက်ဆွဲကြော်လေးစားရင်းပေါ့ဗျာ ဖြစ်တယ်မလား တဲ့< ကန်တော့တာလဲယူသွားပါ လိုချင်တာလဲအကုန် လိုက်ဝယ်ပေးပါ့မယ်ဗျာလို့ ကလေးအဖေကပြောတော့ ဟာ မယူပါဘူးဆို၊ ခများလဲ မလိုက်နဲ့ ကျနော်က ရှော်ကာလေးနဲနဲ ဝင်ဆွဲအုံးမှာ
ရပါတယ် လိုက်ပါ့မယ်ပြောတော့၊ ခများတို့ လူကောင်းလူသန့်တွေက အရက်ဆိုင်ထိုင်တတ်မှာမဟုတ်ဘူးဗျ ဆိုင်ကကောင်းကောင်းမဟုတ်ဘူး သိက္ခာကျလိမ့်မယ် ခများတို့အတွက် သိက္ခာက ပိုအရေးကြီးလိမ့်မယ် ကျနော်လဲ စိတ်ကျဉ်းကြပ်လိမ့်မယ် တဲ့
ကလေးနဖူးလေးနမ်းရင်းနဲ့ ပြန်အုံးမယ်ဗျာ တဲ့၊ အခန်းပြင်ဘက် လှေကားအဆင်းအရောက် မျက်ရည်အဝဲသားနုတ်ဆက်ကြည့်နေတဲ့ ကလေးအဖေနဲ့အမေကို ဘာပြောသွားသေးတယ်မှတ်လဲ၊ “တပါတ်တောင် ကြာချင်မှကြာမယ် ဒီကြားထဲ အဆင်ပြေတာနဲ့ လာပေးမယ်ဗျာ ” တသောင်းတန်လေး ထောင်ပြသွားတယ်။