မြင်ရသူတိုင်း ဝမ်းနည်းရတဲ့ ရန်ကုန်တိရစ္ဆာန်ရုံထဲက သနားစရာ အကောင်လေးတွေရဲ့ မြင်ကွင်းများ

မရောက်တာ ၁၀နှစ်လောက်ကြာပြီဖြစ်တဲ့ တိရစ္ဆာန်ရုံကို ရောက်တော့ ငယ်ငယ်က မှတ်ဉာဏ်ထဲမှာရှိခဲ့တဲ့ ပြည့်ပြည့်ဖြိုးဖြိုး ကလေးတွေက အခြေအနေအမျိုးမျိုးကြောင့် အစာရေစာ ဝဝလင်လင် မစားရဘူးထင်ပါရဲ့

သမင်လေးတွေက တစ်ခါအကောင်ပေါက်ရင် အနဲဆုံး ၈ကောင်ပေါက်တယ်တဲ့ အ့ဒီတော့ တစ်ရုံလုံးမှာ အကောင်အရေအတွက် အများဆုံးပဲ ပိန်ပိန်သေးသေးလေးတွေချည်းပဲ ဆင်လေးတွေဆို တအား လိမ်မာတာပဲ ကျားကိုကြည့်ပြန်တော့လဲ ပိန်ပိန်ပါးပါးလေး.. အသက်ကြီးလို့လား ဘာလားမသိဘူးပေါ့ စစချင်းက ဒါပေမယ့် အကုန်လုံးကပိန်လှီနေတာ။

ရေမြင်းကြည့်မလား ဝက်ဝံကြည့်မလား သူတို့သဘာဝကို နားမလည်ပေမယ့် ကလေးတွေရဲ့ ရုပ်လေးတွေက သိမ်ငယ်နေသလို စိတ်ထိခိုက်နေသလိုနဲ့ အစားတစ်ခုခုလှမ်းကျွေးတိုင်း သူတို့မျက်လုံးလေးတွေက ထပ်ကျွေးပါဦးလိူ့ ပြောနေသလိုပဲ။

ဟိုးအရင်ကတော့ ၃သိန်းဆို တစ်ရုံလုံး အဝကျွေးလိူ့ရတယ်တော့ကြားဖူးတယ် တကယ်ဟုတ်မဟုတ်တော့မသိဘူး။ အဲဒီနေ့က ငှက်ပျောသီးအသေးလေး သုံးဖီးကို ၂၀၀၀ပဲပေးရတယ် တကယ်လို့များ ဒီလိုချိန်သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်အပြင်သွားဖြစ်ရင် ကလေးတွေဆီလဲသွားပြီး အစာကျွေးပေးကြပါ။

နောက်တခါထပ်လာခဲ့ပါဦးလို့ ပြောနေသယောင် သူတို့မျက်လုံးလေးတွေကို အခုထိမမေ့သေးဘူး (Kinoko Kirishima)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page