ဆရာကြီး မင်းသိင်္ခ ကြုံခဲ့ရတဲ့ တပ်ရင်းမှူး တဦးရဲ့ စာရင်းစစ်ခြင်း အနုပညာ (အခုခေတ်နဲ့ ကွက်တိပါပဲ)

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတော့ မင်းသိခ်က တပ်ကြပ်ကြီးစာရေးဘဝ နဲ့ မကွေးတိုင်း စကုတပ်မှာ။

တပ်ရင်းမှူးက ဌာနဆိုင်ရာတွေအားလုံးကို စာထုတ်တယ်… ။ (၂)ရက်အတွင်း စာရင်းအားလုံးပြီးအောင်လုပ်ရမယ်။ မပြီးရင် ပြဿနာရှာမယ်။

အဲ့ဒီစာတွေကို မင်းသိခ်က မောင်ဗမာစက်ဘီးအစုတ်လေးစီးပြီး ဌာနတွေကို လိုက်ပို့ရတယ်။ ဝန်ထမ်းတွေကလည်းကြောက်တော့ စာရင်းတွေအားလုံးကို (၂)ရက်အတွင်းပြီးအောင် နေ့မအိပ် ညမအိပ် ၊ ကလေး လူကြီး အကုန်ဝိုင်းလုပ်ရတယ်။

(၂) ရက်လည်း ပြည့်ရော စာရင်းတွေ အားလုံးကို စက်ဘီးအစုတ်လေးနဲ့ လိုက်သိမ်းရတယ်။ အားလုံးစုံသွားတော့ စာရင်းစာအုပ်တွေအကုန်လုံး တပ်ရင်းမှူးရှေ့မှာချပြီး သတင်းပို့ရတယ်။

“ဌာနာဆိုင်ရာတွေက စာရင်းတွေအကုန်လုံးရပါပြီ တပ်ရင်းမှူး… ”

တပ်ရင်းမှူးက အေးအေးဆေးဆေးပဲ… “အေး … စုံပြီဆိုရင် နောက်ဖေး လယ်ကွင်းထဲယူသွားပြီး အကုန် မီးပုံရှို့လိုက်တော့… ”

“ဟာ … တပ်ရင်းမှူး… သူတို့ခမြာ ပင်ပင်ပန်းပန်းလုပ်ထားရတာ… “တပ်ရင်းမှူးက လေသံ ခပ်ပြတ်ပြတ်နဲ့ပြောတယ်… ။

“မင်း… အဲ့ဒီစာရင်းတွေကို စစ်တတ်လို့လား…” “မစစ်တတ်ပါဘူး… တပ်ရင်းမှူး… ” “အေး ငါလည်း မစစ်တတ်ဘူး… ”

“ဟာ… အာ့ဆိုဘာလို့ စာရင်းတွေလုပ်ခိုင်းရတာလဲ… ။ တပ်ရင်းမှူးက တုံးတုံးတိတိ တစ်ခွန်းတည်းပြောတယ်… ။ “လေးစားအောင်လို့ လုပ်တာကွ… ”

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

Leave a Reply

Your email address will not be published.

x

You cannot copy content of this page