ရန်ကုန်မြို့ကြီး တကယ် မလုံခြုံတော့ဘူး (ကားထဲ ထိုင်နေတာတောင် လန့်နေရတဲ့ အဖြစ်)

ရန်ကုန် တကယ်မလုံခြုံတော့ဘူး။ ၆-၆-၂၀၂၂ ရက်နေ့ ၉:၃၅ ဝန်းကျင်လောက် ၅၄ လမ်း (အနော်ရထာ)ထိပ် ဖက်မှာ အမေ့ကိုကြိုမို့ ကားထဲ ကျနော်တယောက်တည်း စောင့်နေတာ ကားစက်လဲနိုးထားတယ်။

လူလဲခပ်ရှင်းရှင်း မီးပျက်နေပေမဲ့ အလင်းရောင်တော့ရှိတယ်။ ကျနော်က ဖုန်းသုံးရင်း ရှေ့ကားမောင်းနေရာထိုင်နေတာ ကားနောက် ဘယ်ဖက်တံခါးဆွဲဖွင့်တဲ့အသံကြားတော့ လှမ်းကြည့်လိုက်တာ လူစိမ်း ၂ ယောက် အသက် ၃၅ ဝန်းကျင်အရွယ်တွေ။

တော်သေးတာ ကားလော့ ချထားတော့ တံခါးပွင့်မသွားဖူးရယ်။ ၂ ခါတောင်ဖွင့်ဖို့ကြိုးစားတာ အဲ့မယ်ရှေ့နားတောင်လာပြီး ချောင်းလိုက်သေး။

ရှေ့ခန်းကိုလာချောင်းတော့ အသံကြားလောက်နိုင်တဲ့အထိ မှန်နည်းနည်းချပြီး ဘာလဲလို့မေးလိုက်တာ ခပ်တည်တည်နဲ့ လမ်းကို မြန်မြန်လေးလျှောက်ပြီး ဗိုလ်တထောင်ဘုရားလမ်းဖက်ကို ထွက်သွားတာ ပုံလှမ်းရိုက်ဖို့ မိုးနည်းနည်းရွာနေတာရောကြောင့်မမှီလိုက်ဖူးရယ်။

မတော်လို့များကားထဲရောက်လာရင် သေချာပေါက် ကျနော့်ကို တခုခုအနုကြမ်းပဲစီးမလားပဲ။ အစစ အရာရာ ဂရုစိုက်ကြပါဗျာ ရန်ကုန်မြို့ကြီးတကယ်မလုံခြုံတော့ဘူး (WaiyanTun Kjg)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page