လောက်ကိုင်မှာ တလ (၁၅) သိန်း ရမယ့် အလုပ်ဆိုပြီး အင်တာဗျူးတွေ ခေါ်ပြီး ဂျင်းထည့်နေတဲ့ ဖြစ်ရပ်

အခုလောက်ကိုင်ဘက်က ခေါ်နေတယ်ဆိုတဲ့ အလုပ်တစ်ခု ရေပန်းစားနေတယ်ဆိုတာ သိရောပေါ့ တိုင်းမ်စီးတီး ဒုတိယတာဝါဘက်က ကိုယ်လည်း အရမ်းသိချင်လာလို့ လျှောက်လိုက်တယ် တကယ်ရီရတယ်နော် ပြောပြမယ်။

(၂) ခါ တိတိကို အလုပ်လျှောက်ကြည့်တာ ပထမတစ်ခါက တနင်္ဂနွေမှာ မေးလ်ပို့တယ်။ တနင်္လာနေ့ မနက်အစောကြီး ဖုန်းဆက်ပြီး နေ့လယ် အင်တာဗျူး ဝင်ရမယ်တဲ့နော် ကိုယ်လည်း ဟယ် အင်တာဗျူး ခေါ်တယ်ဆိုတာက (၁) ရက်(၂) ရက်လောက် ကြိုပြောရတာလေလို့ ချက်ချင်းခေါ်တော့ ဘာပြင်ဆင်မှုမှမရှိဘူး ပြောရော ဘာမှမလိုဘူး ၊ စီဗီကို ဖတ်ကြည့်ပြီးသွားပြီမို့ လူဘဲလာခဲ့ရင် ရပြီတဲ့(ဒီအလုပ်မျိုးရှားမှရှားနော်)

ကဲ ဒုတိယအင်တာဗျူးက ဒီမနက်လေးတင်ဘဲ ပိုလို့တောင် ခွီနေရသေးတယ်။ မနက် (၁၀) ခွဲလောက် မေးလ်ပို့လိုက်တယ် နေ့လယ်(၁၂:၂၀)မှာဖုန်းဝင်လာတယ် ဒီညနေ အင်တာဗျူး ဝင်ရမယ်တဲ့ ဘုတ် ဘုတ် ဘုတ်

ကိုယ်လည်း ချက်ကျလက်ကျပြောတာပေါ့ အင်တင်တင်တွေပြော ပြီးတော့ ပြောလိုက်သေးတယ် ဖော်လိုမီ ကုမ္ပဏီကပါတဲ့ (အလှကုန်ပေါ့)။ ကိုယ်လည်း ပြောချင်တာ ပါးစပ်ကယားနေပြီလေ “တစ်နေ့က ပြောတာကျတော့ ပရိဘောဂကုမ္ပဏီ၊ အခုကျတော့ အလှကုန် ကုမ္ပဏီ အကိုတို့ကခေါ်တဲ့ ကုမ္ပဏီချင်းတူတူတောင်မှ အမျိုးအစား ကွဲတယ်နော်လို့၊ နောက်ဘာရှိသေးလဲလို့ မေးလိုက်တာ ဖုန်းကျသွားပါလေရော”

လစာက(၁၅)သိန်းတောင်ပေးတာနော် အမလေး တလတလ ခံစားခွင့်တွေကလေ မသိနားမလည်တဲ့နယ်က တတ်လာတဲ့ လူတွေကို အပြည့်အဝ ဆွဲဆောင် နေတာမျိုးဘဲ။ ကိုယ်ပြောချင်တာကတော့ သတိရှိကြပါ။ တရားမဝင်တွေ တဖြည်းဖြည်းနဲ့ အတင့်ရဲလာနေကြပြီ။

လောက်ကိုင်ဘက်မှာ လူတွေ ဘယ်လောက်တောင် ဘဝပျက်နေကြလဲဆိုတာ သတင်းရှာဖတ်ကြည့်ကြ၊ ငွေတစိခုတည်းကိုဘဲ မမက်ကြနဲ့ အသက်နဲ့မိသားစုကိုငဲ့ကြည့်ကြပါ။ တိုင်းမ်စီးတီး ဒုတိယနဲ့ တတိယတာဝါ (ကျန်တာ ဘာမှ အတိအကျမပြောရင်) သွားမလျှောက်ကြပါနဲ့။

Inginn Phoo

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page