“ကိုယ်ဘာကောင်လည်း ကိုယ့်ဖာသာ သေချာသိရင် ထိုင်သာနေလိုက်ပါ” ဆိုတဲ့ လေ့လာစမ်းသပ်ချက်
အောက်မှာပါတဲ့ ပုံဟာ.. ၁၉၆၁ ခုနှစ်လောက်တုန်းက အမေရိကန်တွေဟာ သူတို့စစ်ခွေးတွေရဲ့ အပြေးစွမ်းရည်ကို ချီတာကျားသစ် နဲ့ ပြိုင်ရင် ဘယ်လောက်ကွာမလည်း လေ့လာမှုတရပ်ကို လုပ်ခဲ့စဉ်ကပုံလို့ စာထဲ ဖတ်ဖူးပါတယ်။
စစ်ခွေးတွေနဲ့ ချီတာကျားသစ်ကို ယှဉ်ပြိုင်ပြေးခိုင်းပြီးပန်းတိုင်ရောက်တဲ့အချိန်ကို နှိုင်းယှဉ်တွက်ယူမယ့် စမ်းသပ်မှုတခုပါဘဲ။
ထူးဆန်းတာကတော့…
တာစလွှတ်လိုက်ထဲက ခွေးတွေဟာ သူ့ထက်ငါအလျှင်အမြန်ပြေးကြပေမဲ့ ချီတာကျားသစ်က ထတောင်မရပ်ပါဘူး။ ဟိုကြည့်ဒီကြည့်နဲ့ အေးဆေးထိုင်နေတာပန်းတိုင်ရောက်တဲ့အထိပါပဲတဲ့..။
(ချီတာကျားသစ်)ဟာ ကမ္ဘာပေါ်မှာ အပြေးအမြန်ဆုံးသတ္တဝါတစ်ကောင်ဆိုတာ လူတိုင်းသိသလို သူ့ကိုယ်သူလည်း သိတယ်ထင်ပါတယ်။ ပြိုင်ပွဲမှာ သူ့စွမ်းရည်မပြပဲ အေးဆေးထိုင်ကြည့်နေပါတယ်။ ဒီလိုပါဘဲ ဘဝမှာ သိပ်အာရုံနောက်မခံပါနဲ့…
ကိုယ်ဘာကောင်လည်း ကိုယ့်ဖာသာ သေချာသိရင် တချို့အရာတွေမှာ ထိုင်သာနေလိုက်ပါ။ ပတ်ဝန်းကျင်က ပြောချင်ရာပြောကြပါစေလေ။ သင်သိပ်တော် သိပ်တတ်နေရင်တောင် မလိုအပ်ရင် ထိုင်သာနေပါ။
ပြောချင်တာ ပြောကြပါစေ။ ပတ်ဝန်းကျင်ကလည်းသိပါတယ်.. ခွေးက.. ခွေး.. ကျားသစ်က.. ကျားသစ်.. ဆိုတာကို။ ဒါပါဘဲ.. ဒါလေးပါဘဲ တချို့အရာတွေ ထိုင်သာကြည့်နေလိုက်ပါ အမောမခံပါနဲ့။
“Sit down if you do not need to do”
The image below shows a study from 1961 when Americans conducted a study of how much war dogs could compete with a leopard.
This is an experiment that compares the time with the war dogs and the leopard to compare the time of the goal. The strange thing was that the dogs in the launcher ran faster than me, but the cheetah did not even stand up.
The cheetah is one of the fastest running animals in the world. As everyone knows, I think he knows himself. In this race, he sits quietly and does not show skill.
In this way, in life, do not pay too much attention. If you know for sure what you are, just sit down and say something. Even if you know a lot, just sit back and talk about what you don’t need.
People around me know that a dog is a dog, a leopard is a leopard. Just sit there and watch some things. Do not be discouraged.
(Nainglin Aung)