လိုင်စင်နံပါတ် မမှတ်မိတော့တဲ့ ယာဉ်မောင်းလိုင်စင်ပျောက်ဆုံးခဲ့ရင် ပြန်လျှောက်နိုင်မယ့် နည်းလမ်း

ယာဉ်မောင်းလိုင်စင်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားလို့ အသစ်ပြန်လျှောက်ရတော့မယ်ဆိုရင် မှတ်ပုံတင်မူရင်း/မိတ္တူ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံး ထောက်ခံစာ နှင့် ပတ်စ်ပို့ပုံ (၃) ပုံ အစရှိတာတွေ လိုအပ်ပါတယ်။

မှတ်ပုံတင်တို့ ပတ်စ်ပို့ပုံတို့က အခက်အခဲမရှိနိုင်ပေမယ့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံး ထောက်ခံစာယူမယ်ဆိုရင်တော့ ယာဉ်ထိန်း ရုံးကိုသွားရပါတော့မယ်။

ဒီနေရာမှာ မိဘပြည်သူများကို နားလည်ထားစေချင်တာက ယာဉ်ထိန်းရဲထောက်ခံစာဟာ ပျောက်ဆုံးသွားတဲ့လိုင်စင်နံပါတ်ကို အမှုကင်းရှင်းကြောင်းစိစစ်ထောက်ခံပေးတာ ဖြစ်တာကြောင့် မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေးတော့ သိထားဖို့လိုအပ်ပါတယ်။

နံပါတ်ကလည်းမမှတ်မိဘူး ယာဉ်မောင်းလိုင်စင်ကိုမိတ္တူ ကူးထားတာလည်းမရှိ ဓာတ်ပုံရိုက်ထားတာလည်းမရှိဘူးဆိုရင်တော့ ထောက်ခံပေးရမည့် ယာဉ်မောင်းလိုင်စင်နံပါတ် မရှိတဲ့အတွက် ထောက်ခံစာရေးရာမှာအဆင်မပြေပါဘူး။

ယာဉ်မောင်းလိုင်စင်နံပါတ် ရရှိမှသာ အဆင်ပြေမှာဆိုတော့ နံပါတ်ကလည် းမမှတ်မိတာမို့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူးဖြစ်ကြရတယ်။ ဒါကြောင့် မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်ကို မှတ်ထားပါ။ မိတ္တူကူးထားပါ။ ဓါတ်ပုံရိုက်ထားပါ။

တကယ်လို့များ နံပါတ်ကို လုံးဝပြန်မရနိုင်တော့ဘူးဆိုရင်တော့ မိမိရဲ့မှတ်ပုံတင်နံပါတ်နဲ့ မိမိယာဉ်မောင်းလိုင်စင်လုပ်ခဲ့တဲ့ရုံးမှာ လိုင်စင်နံပါတ် ရှာပေးဖို့ အကူညီတောင်းလို့ရပါတယ်။ သက်ဆိုင်ရာရုံးကလည်း အကူအညီပေးပါလိမ့်မယ်။

ယာဉ်မောင်းလိုင်စင်နံပါတ်သာ မှတ်မိထားရင်တော့ အပျောက်လျှောက်တဲ့အခါမှာ အချိန်ကုန်သက်သာ သွားတာပေါ့။ ဒါကြောင့် မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေးတော့ တစ်နည်းနည်းနဲ့ မှတ်ထားဖို့ သတိပေးလိုက်ပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page