လူလိမ်လို့ ခေါင်းစဉ်တပ်လို့ မရအောင် လုပ်ထားတဲ့ ရွှေဆိုင်တွေရဲ့ လိမ်နည်း

အခု နာမည်ကြီး​နေတဲ​့​ရွှေအ​ရောင်းအဝယ် case မှာ Z Vs U Vs ရွှေလာ​ရောင်းသူ ၃ဦးမှာ ကလိမ်ကကျစ်ကျတာ Z ပါ။

ကျန် ၂ ဦး မမှားပါဘူး… ​ရွှေ​လောကထဲမှာပြင်ပ​ရွှေဝယ်တဲ့ ရွှေနဝလီ​ကောက်တဲ့ဆိုင်​အချို့တွေလုပ်​နေကျ အကွက်မျိုး လုပ်တာပါ။

ရွှေလာ​ရောင်းတဲ့သူကို ဘယ်ဆိုင်မှ ပြန်မ​ဝယ်နိုင်တဲ့​စျေးအမြင့်ဆုံး​ပေးပါတယ်… ​ရောင်းသူက ဝမ်းသာပြီး ရောင်းမယ်ဆုံးဖြတ်တဲ့အခါ ရွှေစစ်မစစ် စစ်မယ်​နော်ဆိုပြီး ကပ်​ကြေးနဲ့ကိုက်ပြီး ငရဲမီးစိမ်ချလိုက်ပါလိမ့်မယ်… ရွှေကငရဲမီးထိ​တော့ဖြူသွား​ရော

အဲ့မှာအတုလိုလို ရွှေရည်မပြည့်သလို​ပြောပြီး ခုနက​စျေး မ​ပေးနိုင်​တော့​ကြောင်း​ပြောပြီး စျေးကိုအနိမ့်ဆုံးစပြီး နင်းနှိပ်ပြီးဝယ်တာပါ။

ရောင်းသူခမျာမှာလည်း ကိုယ့်​ရွှေက ပုံပျက်အ​ရောင်ပျောက်​တော့ အပြင်မှာလည်း ရောင်းမရ​တော့ဘူးထင်ရှာပြီး ရရာ​စျေးနဲ့​ရောင်းသွားကြတာ​ပေါ့။

တကယ်က ငရဲမီးနဲ့ထိလို့ဖြူသွားလည်း အ​ရောင်ပြန်တင်ရင် ရွှေက​ရွှေပါပဲ… လူလိမ်လို့​ခေါင်းစဉ်တပ်လို့မရတဲ့ လိမ်နည်း​တွေထဲက လိမ်နည်းတမျိုးပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page