လေထုအရည်အသွေး အလွန်ဆိုးဝါးနေတဲ့ ရန်ကုန်နဲ့ အဆိပ်ငွေ့တွေ နေ့စဥ်ရှူနေရတဲ့ ရန်ကုန်သားများ
လေထုအရည်အသွေး အလွန်ဆိုးဝါးနေတဲ့ ရန်ကုန်နဲ့ အဆိပ်ငွေ့တွေ နေ့စဥ်ရှူနေရတဲ့ ရန်ကုန်သားများ
ရန်ကုန်မြို့ရဲ့ လေအရည်အသွေး အလွန်ဆိုးဝါးနေပါတယ်၊ အအေးပိုလာတာနဲ့အမျှ အေးတဲ့လေက လေးပြီး အောက်မှာထိုင်နေပါတယ်၊ လူတွေက အေးတော့ ခြံထဲမီးရှို့တယ်၊ ကာဗွန်လေဟာ အပေါ်မတက်နိုင်ပဲ လေးနေတဲ့လေအေးနဲ့အတူ မြို့ထဲပတ်နေတယ်။ မနက် ၉/၁၀ နာရီလောက်လည်းကျရော ကားတွေက ကာဗွန်တွေ၊ ထမင်းဟင်းချက်တဲ့ အငွေ့တွေ၊ ကားသွားလို့ထလာတဲ့ ဖုန်နုနုတွေ လေထဲတက်လာရော။ ပိုဆိုးလာပါတယ်။
ပြဿနာက ဆောင်းတွင်းဆိုတော့ လေမသန့်တာမသိဘူး၊ မြူလိုလို နှင်းလိုလိုမို့ ကြည်နူးကြတယ်၊ လူတွေက အားကစားထွက်လုပ်ကြတယ်၊ အားကစားလုပ်တဲ့အခါ အသက်ရှုရတာပိုလာတယ်၊ နဂိုလ်ကမသန့်တဲ့လေနဲ့ ဝတ်မှုံနဲ့တွေ့တဲ့အခါ ရင်ကြပ်ပါတယ်။ ဓါတ်မတည့်ရောဂါ အယ်လာဂျီဖြစ်လာတယ်။
နဂိုလ်က အဆုတ်မကောင်းရင် အဆုတ်ကင်ဆာ နဲ့ တခြားကင်ဆာရောဂါတွေ ဖြစ်လာပါတယ်။ သန့်စန့်လေ မရှုရတော့ autoimmune သွေးလေဖက်နာ နဲ့ တခြားရောဂါပိုးတွေ ကြွလာပါတယ်။ ခန္တာကိုယ်ထဲက ငြိမ်နေတဲ့ ဘက်တီးရီးယားအမျိုးမျိုး အောက်ဆီဂျင်ရှိရာနေရာ ရွှေ့ရင်း ရောဂါကြွလာတတ်ပါတယ်။ ဒီလိုအခြေအနေဟာ အလွန်အန္တရာယ်များပါတယ်။
ကိုဗစ်ဗိုင်းရပ်စ်က နေရာအနှံ့ ၊ အဆုတ်က အောက်စီဂျင်ဝတ မရတာနဲ့ပေါင်းရင်တော့ မြန်မာတွေ အလွန်ဝဋ်ကြီးပါတယ်။ လေထုအရည်အသွေးထိမ်းချုပ်ဖို့ လိုတယ်လို့ အုပ်ချုပ်သူတွေနားမလည် ပညာဥာဏ်မပြည့်ဝတဲ့မြို့ပါ။
မြို့ထဲမှာ မီးရှို့သူ တွေ့ရင် ဓါတ်ပုံရိုက်ပြီး စည်ပင်တိုင်ကြပါ။ အပြင်မှာထွက်ပြီး လေ့ကျင်ခန်း (လုံးဝ) မလုပ်သင့်ပါ။ အိမ်တံခါးများပိတ်ထားသင့်ပါတယ်။ အိမ်တွင်း လေသန့်စင်စက် ဖွင့်ထားသင့်ပါတယ်။ အပြင်ထွက်လျှင် Mask တပ်ပါ။
အဆုတ်ကောင်းစေတဲ့ ငရုတ်၊ ငရုတ်ပွ၊ Beet ၊ ပန်းသီး၊ ဖရုံသီး၊ ဆနွင်း၊ ခရမ်းချဉ်သီး၊ လက်ဖက် စတာတွေ စားသင့်ပါတယ်။
လေမသန့်တာ ဘယ်လောက်ထိကြာမလဲ? နောက် တလလောက်အထိ လေအရည်အသွေးဆိုးနေပါမယ်တဲ့၊ အရှေ့လေလေး များများတိုက်မှ သိသာပါလိမ့်မယ်။
Kyaw Swa Min