ရှိသမျှ ဝဋ်ကြွေးတွေ ပေးဆပ်ရတဲ့ လက်ဖဝါးမှာ ဂမ္ဘီရကြက်ခြေ ပါသူတွေ အကြောင်း

“လက်ဖဝါးမှာ ဂမ္ဘီရကြက်ခြေ ပါသူတွေ”

ဂမ္ဘီရကြက်ခြေ ပါသူတွေဟာ လောကဓံ ပေါင်းစုံကို အကုန်စင်ခံရပြီး အနည်းဆုံး သောတာပန် ဖြစ်မယ့် ပုဂ္ဂိုလ်တွေပါ။ ရှိသမျှ ဝဋ်ကြွေးတွေ ပေးဆပ်ရခြင်းသဘောပါ။ ဘယ်တော့မှ ထမင်းမငတ်ပါဘူး။ သူတစ်ပါးလက်ချက်နှင့် ဘယ်တော့မှမသေဘူး။ ကိုယ်စိတ်ကတော့ အနားမရဘဲ ပင်ပန်းပါမယ်။ တရားထိုင်ရင် တရားထူး အမြန်ရပါတယ်။ ထူးခြားသူများနှင့် ထူးခြားဖြစ်စဉ်များကို ကြုံရမြင်ရပါမယ်။

(၁) အများအတွက် လူပင်ပန်း စိတ်ပင်ပန်း ရပါမယ် အကျိုးဆောင်လိုက်ပါ။

(၂) အများအားကိုးတာ ခံရပါ့မယ်။

(၃) အိပ်မက်ထူးများ မြင်မက်ပါတယ်။

(၄) တစ်ခါမှ မရောက်ဖူးတဲ့နေရာ ရောက် သွားရင် ရင်းနှီးစွာ သိနေတတ်ပါတယ်။

(၅) မသန့်တဲ့နေရာ အသုံးအဆောင် နဲ့ကြုံတဲ့ အခါ ချက်ချင်း စိတ်ကသိပြီး ဓါတ်ပြင်းတဲ့ သူတွေဆိုရင် ယားယံ လာတတ်တယ်။

(၆) လူတစ်ယောက်ကို ချက်ခြင်းအကဲခတ် မသိစိတ် က ပုံဖော်ပြီး လူကောင်း ဟုတ် မဟုတ် ချက်ခြင်းသိပါတယ်။

(၇) ဓါတ်ပြင်းတဲ့ သူတွေဆိုရင် စုန်းတစ္ဆေ ပူးသူနားရောက်တာနဲ့ ချက်ခြင်း ရောဂါပျောက်ပါတယ်။

(၈) မွေးမြူရေးလုပ်ပါက အရင်းပြုတ် တတ်ပါတယ်။

(၉) အကုသိုလ်အလုပ် ဘာမှအကျိုးမပေးပါဘူး။

(၁၀) မီးလောင် ရေနစ် ဓါတ်လိုက် မျိုးစုံ ကြုံဖူးပါမယ်။

(၁၁) အိမ်ထောင်ရေး သာယာမှု နည်းပါးပါတယ် ကွဲတတ်ပါတယ် မကွဲရင်တောင် ခွဲနေရတတ်ပါတယ်။

(၁၂) အခက်အခဲ သိပ်ကြုံလာရင် နောက်ဆုံး အချိန် မှာ ကူညီမဲ့သူ ပေါ်လာတတ်ပါတယ် ဘယ်တော့မှ ဒုက္ခမရောက်ပါ။

(၁၃) အချုပ်အနှောင် ကိန်းတွေလဲ ကြုံရတတ်ပါတယ်။

(၁၄) သွားပုပ်လေလွင့် အပြောခံရတတ်ပါတယ်။

(၁၅) ဘဝနေဝင်ချိန်မှ ဥစ္စာချမ်းသာ တရားအသိ ချမ်းသာရပါမယ်။

(၁၆) ပထမ ဒုတိယ တတိယ အရွယ်တွေမှာ ခံရပြီး စတုတ္ထအရွယ်ရောက်ပါမှ အေးချမ်းရပါမယ်။

ကြီးပွားချမ်းသာပြီး အထွတ်အထိပ်သို့ ရောက်တတ်သည်။ ငယ်ရွယ်စဉ်မှာ မချမ်းသာ သေးရင်လည်း ကြီးလာသောအခါ ပြည့်ပြည့်စုံစုံနေရတတ်တယ်။ ဆဌမအာရုံ အကြား အမြင် ရတတ်ပါသည်။ ဘယ်သူ တွေက ကိုယ်အပေါ်ဘယ်လို ဆက်ဆံတယ်ဆိုတာ ချက်ခြင်းသိသည်။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တယ် ကြိုတင်သိမြင် တတ်တယ်။

အချစ်ရေးမှာတော့ မိမိချစ်သလောက် ပြန်မချစ်တတ် သူနဲ့ တွေ့ရတတ်တယ်။ မိမိသေသွားခဲ့ရင်တောင် နာမည်တစ်လုံး ကျန်ခဲ့သူဖြစ်မည်။ ခေါင်ဆောင်ကောင်း အကြီးအကဲဖြစ်တတ်တယ်။ ဘာသာရေး အထူးလုပ်တတ် ကုန်းကောက်စရာ မရှိအောင်မွဲပါစေ၊ မကြာခင် ချမ်းသာမည်။ စိတ်ကောင်းရှိသူ မိတ်ဆွေပေါသူ အနုပညာဝါသနာကြီးသူ စာပေတေးကဗျာ အောင်မြင်ပြီး အသံအဆိုကောင်းသူ လူလိမ်များကို လိမ်တာနဲ့သိတယ်။ လိမ်ညာသူကို မုန်းသည် ချုပ်ချယ်မှုကို မကြိုက် ဗြောင်ပြောတတ်သူဖြစ်တယ်။

အသက်ရှည်ပြီး ဘေးရန်ကင်းသူ၊ ထီ သုံးကြိမ်ထက်မနည်း ကံထူးသူ သူများဒုက္ခရောက်ရင် ကူညီတတ်သူ၊ ဆန်းပွင့်တတ်သူ။ မွေးရပ်မြေနဲ့ ဝေးကွာစွာနေရတတ်သည်။ အပူအပင်ကင်းစွာ ဘဝကို ရပ်တည်တတ်သူ။ ကျေးဇူး မမေ့တတ်သူ၊ အလွမ်းအဆွေးကြီးသူ မျက်ရည်ဝဲတတ်သူ၊ ဘာပဲဝတ်ဝတ် အချိုးကျပြီး မြင်သူ တကာငေးရတတ်သူဖြစ်တယ်။ ဘုရား တရားများများ လုပ်ဖို့ကတော့ မိမိတာဝန်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page