တပ်မတော်ရဲ့ အမြင့်ဆုံး ဘွဲ့တံဆိပ်ရ အောင်ဆန်းသူရိယ ဆာခ့်ဗဟာဒူးရွိုင်း မိသားစုရဲ့ လက်ရှိအခြေအနေ

တပ်မတော်ရဲ့ အမြင့်ဆုံး ဘွဲ့တံဆိပ်ရ အောင်ဆန်းသူရိယ ဆာခ့်ဗဟာဒူးရွိုင်း မိသားစုရဲ့ လက်ရှိအခြေအနေ…

ကျနော်တို့ ဂေါ်ရခါးလူမျိုးတွေဟာ အမိမြန်မာပြည်အတွက် ပေးဆပ်သူတို့နှလုံးသား ဘာညာဇာတ်ကားထဲကလိုတော့ မဟုတ်သလို၊ အများကြီးပေးဆပ်ပြီး ရယူလိုမှုအနဲဆုံးဆိုတာ ကလည်း စကားသက်သက်မဟုတ်ပဲ၊ သမိုင်းကသက်သေတည်နေတာ ကနေ့အထိအားလုံးအမြင်ပါပဲ။

စိတ်မကောင်းဖြစ်မိရုံ မှတစ်ပါး ကျန်တာဘာမှမဆောင်ရွက်ပေးနိုင်ဘူး၊ ဒီမိသားစုဟာ မြန်မာ့တပ်မတော်နဲ့နိုင်ငံတော်က ချီးမြင့်တဲ့တပ်မတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အောင်ဆန်းသူရိယ ဆုရရှိထားတဲ့မိသားစုဖြစ်သလို၊ အဲ့ဒီရွာမှာ အခြေချလာတာကလည်း အခုမှမဟုတ်တာ အားလုံးအသိပါ၊

ဒီကိစ္စကနေ ကျနော်တို့ကို မျိုးစုံတဲ့ စိတ်ခံစားချက်ကိုပေးပါတယ်၊ အဆိုးဆုံးကတော့ ကျနော်တို့အနေနဲ့ နိုင်ငံတော်အစိုးရနဲ့တပ်မတော်အတွက် ဘာတွေကို ဘယ်လိုပဲ ပေးဆပ်ခဲ့ပေးဆပ်ခဲ့၊ အဆုံးမှာ ဒီလိုသာဆက်ဆံခံရမယ်ဆိုတဲ့ ခံစားချက်ပါ။ ကျနော်တို့လူမျိုးဟာ ဒီတိုင်းပြည်မှာ အရိုးသားဆုံးနေထိုင်ခဲ့ ကြသူတွေဆိုတာ အားလုံးအသိပါ၊

ဂေါ်ရခါးရဲ့ဂုဏ်ပုဒ်ကိုက ရဲရင့်ခြင်း၊ သစ္စာရှိခြင်းနဲ့ ရိုးသားခြင်းပါ၊ ဒါပေမဲ့ကနေ့ ကျနော်တို့ရဲ့ ဂုဏ်ပုဒ်ကို နင်းချေခံနေရသလို ခံစားရပါတယ်၊ စိတ်မကောင်းဖြစ်မိပါတယ်။

စိတ်မကောင်းဖြစ်ပေမဲ့ ကျနော်တို့ရဲ့ ဂုဏ်ပုဒ် (အမိမြန်မာပြည်အပေါ်သစ္စာရှိခြင်း) ကိုဘယ်လိုအကြောင်းတရား (လွိုင်လင်မြို့နယ်၊ ကွတ်ချိုရွာက တပ်သား အောင်ဆန်းသူရိယ ဆွတ်ဗဟာဒူးရိုင်းရဲ့အစ်မနေအိမ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ်ကျော်ထဲက နေထိုင်လာတဲ့မြေနေရာကို တပ်မြေနဲ့မလွတ်လို့ဆိုပြီး၊ တရားစွဲပြီး ထောင်တစ်လချလိုက် တာမျိုး အပါအဝင်အခြားကိစ္စ) တွေရှိနေပါစေ အပျက်စီးခံမှာ မဟုတ်တာကိုတော့ ကမ္ဘာမြေကိုတိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။

Sanjay Mech (မြန်မာပြည်ဖွားဂေါ်ရခါး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page