လမ်းလျှောက်နေတာတောင် ကျောမလုံတော့တဲ့ ရန်ကုန်က ပြည်သူတွေ ခံစားနေရတဲ့ အဖြစ်

လမ်းလျှောက်တာဘဲ ဖြစ်ဖြစ်၊ အပြေးလေ့ကျင့်တာဘဲ ဖြစ်ဖြစ် အစစ အရာရာဂရုစိုက်ကြပါ၊ ကိုယ့်အနောက်လှန် ပြန် လှည့်ကြည့်ပေးပါ။

ဒီနေ့ညနေ ငါးနာရီလောက် ရွှေတိဂုံဘုရားဘက် လမ်းလျှောက်ပြီးအပြန် အလုံလမ်းနားရောက်တော့ ပလပ်ဖောင်းပေါ်က မလျှောက်ဘဲ ကားလမ်းပေါ် ခဏတက်မိသွားတယ်။ အဲ့နားက လမ်းတခြမ်းပိတ်ထားတယ်လေ။

အဲဒါနဲ့ ဆောက်လက်စ အလုံလမ်းဂုန်းကျော်တံတားနား တက်ခါနီးမှာ အနောက်က ကားမီးထွန်းလို့ ကျွန်တော်ဘေးကပ်ပေးလိုက်တယ်။

ကားက ကျွန်တော့်ကို ကျော်မသွားဘဲ အနောက်က ဆက်လိုက်လာပါတယ်။ ကျွန်တော်လည်း ကိုယ့်အသိတယောက် နှုတ်ဆက်တယ်ထင်လို့ အနောက်လမ်းကြည့်မှ အုတ်သဲကျောက်သယ်တဲ့ ကားကြီး ဖြစ်နေတယ်။

ကားပေါ်နေ လှမ်းပြောသွားတယ် မင်းလမ်းလျှောက်တာ ပလက်ဖောင်းပေါ် တက်လျှောက် မမြင်ဘူးလား၊ ဘဝကူးသွားမယ် ဘာညာပေါ့။

ကျွန်တော်လည်း ဘာမှပြန်မပြောပါဘူး။ အဲဒါနဲ့ ကျွန်တော့်ကိုယ် အဲ့ကားကျော်သွားတယ်၊ ကျွန်တော်ကားပေါ်က လူ ရေတွက်ကြည့်တော့ အစိတ် သုံးဆယ်လောက်ပါတယ်။

ကျွန်တော့်ကို back မှန် ထဲမှာတွေ့လိုထင်တယ် ကားရပ်ပြီး ကားခေါင်းထဲက ဆင်းပြီး ထိုးတော့မလိုလို….ကားနဲ့ဘဲ ကြိတ်တော့ မလိုလို လှမ်းဆဲပါတယ်။ ပြီးတော့ ပြောသေးတယ် ဟေ့ယျောင် ကျေနပ်လားတဲ့။

ကျွန်တော်လည်း ဟန်မပျက်နေပေမယ့် ဒေါသအတော်ထွက်ပါတယ်။ ဒီကားသမား ကျွန်တော့်ကိုဆဲ ပြီး မောင်းထွက်သွားတယ်။ ကျွန်တော်လည်း နားလည်ပေးလိုက်ပါတယ်။

ဒီပုဂ္ဂိုလ် စိတ်မကြည်လို့ဘဲနေမှာပါဆိုပြီး အခုကျွန်တော်ပြောချင်တာက လမ်းလျှောက်ရင် သတိနဲ့ လျှောက်ကြပါ။ လမ်းတွေကအရင်လို မလွတ်လပ်တော့ဘူး။

စစ်ကောင်စီရဲ့ ကျူးကျော်တဲတွေက အရမ်း up grade မြင့်လာပြီ။ ကြာရင်လမ်းလည်ခေါင်ရောက်တော့မယ်။

အဲ့တော့ ပြောချင်တာ မြန်မာပြည်ကြီး အမြန် လွတ်မြောက် ငြိမ်းချမ်းပါစေဗျာ. (၂၇-၁၂-၂၀၂၁)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page