အခမဲ့ ဗေဒင်ဟောပေးတယ်ဆိုတဲ့ လိမ်နည်းအသစ် (ခံရတဲ့သူ အတော်များနေပါပြီ၊ ယုံလွယ်သူတွေ သတိထားကြပါ)
အခမဲ့ ဗေဒင်ဟောပေးတယ်ဆိုတဲ့ လိမ်နည်းအသစ် (ခံရတဲ့သူ အတော်များနေပါပြီ၊ ယုံလွယ်သူတွေ သတိထားကြပါ)
ပုံပါ အကောင့်ပိုင်ရှင်က ဗေဒင်အခမဲ့ဟောပေး တယ်ဆိုလို့ ဝါသနာအရ သွားမေးလို့ဟောပေးပါတယ် သူက သူ့ကိုမယုံမှာစိုးလို့ သူ့အကြောင်းတွေ ပြောပြပါတယ် သူကကျောင်းဆရာမဟောင်းတစ်ဉီး လက်ရှိက ရှမ်းပြည်မှာရှိတဲ့ ဟိုမိန်းရိပ်သာ မှာ နေပြီးဟောခန်းဖွင့်ထားတဲ့အကြောင်း ပြောပါတယ် အခမဲ့ လူသားတွေကို ကယ်တင်ဖို့ မိရိုးဖလာ ဗေဒင်ပညာနဲ့ ကုသိုလ်ပြု ရင်း နေ ထိုင်တဲ့အကြောင်းပြောပါတယ်။
သူတို့ရိပ်သာ ကို ကူညီပေးနေတဲ့ အောင်ဘာလေ ထီရုံးက ဒုညွှန်ကြားရေးမှူး ဉီးပြည့်စုံက နှစ်စဉ် ကူညီပေးလို့ ရိပ်သာ မှာမိဘမဲ့ခလေးတွေ အတွက် အဆင်ပြေနေကြောင်းပြောပြပါတယ် သူက သမီးငွေအများကြီးရှိရင်ဘာလုပ်မလဲမေးပါတယ် ကျမက မရှိတဲ့သူတွေကိူပေးကမ်းချင်ပါတယ် ပြောတော့ မွန်မြတ်တဲ့စိတ်ထားရှိလို့ သူကူညီပေးမယ်ပြောပါတယ် လိမ်နည်းတွေ စပါပြီ ကိုယ်ကလည်း ညံ့တယ်လူ ယုံလွယ်တယ်လေ ထီလည်းမထိုးဖြစ်တော့ ထီအကြောင်းတွေ မသိတာလည်းပါတယ်
ကျမကို သူ့ရဲ့ အသိအနေနဲ့ ဉီးပြည့်စုံဆီမှာ ပေါက်ထားတဲ့ ဆုလက်မှတ်ကို ယူခိုင်းမယ်တဲ့ ဆရာမကြီး ကရော အဲ့ဆုငွေတွေ မယူဘူးလားဆိုတော့ နှစ်စဉ် သိန်း3000ယူပေးတါတဲ့ အဲ့ငွေနဲ့လှည့်ပတ်နေရကြောင်း ယခုတောင်မှ ရိပ်သာမှာ ရေကန်တစ်ခု လိုအပ်နေကြာင်း ဘယ်လောက်ကုန်ကျမလဲ လို့မေးတော့ သိန်း30လောက် ကုန်မယ်တဲ့
ကျမ ကလည်း ဘယ်လို ဘာညာမေးတော့ ဉီးပြည့်စုံရဲ့ ph.no ပေးပြီးသေချာအောင်မေးကြည့် ပါတဲ့ ကျမကလည်း သိချင်တော့ph ဆက်တာ မကိုင်ဘဲ မိနစ်30လောက်ကြာတော့ ပြန်ဆက်သွယ်လာတယ် ဘယ်သူ ဘာညာ မေးတယ် ဆရာမကြီး ဒေါ်ခင်မေပြုံးရဲ့ အသိ လို့ပြောလိုက်တော့ aww ဆိုပြီး သူ့ကို ပြောပြထားပြီးကြောင်း ပြောပြီး ရှင်းပြ ပြောပြနေတာ နာရီ ဝက်ကြာသွားတယ် (ကိုယ်ကလည်း မေးမြန်းထူတယ်လေ)
ဘယ်လို ဆုလက်မှတ်မျိုးလဲ? မေးတော့ (နှစ်စဉ်နှစ်တိုင်း ပေါက်မဲ လက်မှတ်တွေ ဆုငွေလာမထုတ်ရသေးတာ ကို သူတို့က အစိုးရကိုပြန်မအပ်ဘဲ အောက်လမ်းနဲ့ ရောင်းစားတဲ့သဘော တဲ့) အဲ့လက်မှတ်က ၁ သိန်းကစ 100/200သိန်းဆုအထိ စုပေါင်းထားတဲ့ လက်မှတ်တွေတဲ့ အဲ့ အထဲမှာမှ ကိုယ် လိုချင်တဲ့ ပမာဏ လက်မှတ်ကို ဝယ်ရတယ်ပေါ့ အဲ့လို ဝယ်ယူသူထဲမှာ ရုံးကဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဆွေမျိုးတွေ ပါလိူ့မရဘူးတဲ့ ကျမ ကို ဝင်ဝယ်ခိုင်းတာက လက်မှတ် ကို ဆုငွေ ယူပြီးတာနဲ့ ပေါက်မဲလက်မှတ်ကို သူတို့ကိုပြန်ပေးရမယ်တဲ့ (ကျမက ပေါက်မဲ ကိုယ်စား ထုတ်ပေးသူ အနေနဲ့) ဉပမာ ထီဆုသိန်း500လက်မှတ်ကို ဝယ်မယ်ဆိုရင် ကြိုတင် code no တစ်ခု ယူထားရမယ်ပေါ့ အဲ့ဒီ code no ကိုယ့်phထဲ ရောက်ဖို့ ကြိုတင် 5သိန်း သွင်းရမယ်ပေါ့
အဲ့ဒီဆုငွေကလည်း 500 ဆိုရင် သိန်း 300 လောက်သာရမည်ဖြစ်ကြောင်း ကျန်တဲ့ငွေက သူတို့နုတ်မည်ဖြစ်ကြောင်း ရှင်းပြတယ် ဒီ အကြောင်းတွေကို ဘယ်သူ့ကိုမှပြောလို့မရကြောင်း ဒိကိစ္စပေါက်ကြားသွားရင် သူအလုပ်ပြုတ်ပြီးထောင်ကျနိုင်ကြောင်း ဆရာမကြီးက ယုံကြည်ရတဲ့သူပဲလွှတ်လိုက်လို့ သူလက်ခံပြောပြကြောင်း ကျမက မေးတာပေါ့ January 4ရက်နေ့(လွတ်လပ်ရေးနေ့) က အလုပ်မပိတ်ဘူးလား ဆိူတော့ သူတို့ အထက်လူကြီးတွေက အဲ့ဒီဆုငွေ ကိစ္စ တွေလုပ်နေရလိူ့ ရုံးမှာအလုပ်လုပ်နေရကြောင်းပြောပါတယ်
ဆုငွေက 1လပိုင်း7ရက်နေ့ ထုတ်မှာဖြစ်ကြောင်းပြောပါတယ် အဲ့ဒီ ဉီးပြည့်စုံ ဆို လူက ညီမ ဒီကိစ္စ ကို ယုံကြည်မှ လုပ် ပါ မယုံကြည်ရင် မလုပ်ပါနဲ့ အတင်းမတိုက်တွန်းပါဘူးတဲ့ ညီမ မယူရင် အဲ့လက်မှတ် ကို တခြားယူချင်လို့ ဆက်သွယ်ထားတဲ့သူတွေကို ပေးရမှာ လို့ပြောပါတယ် တကယ်လို့ လက်မှတ်ယူဖြစ်တယ်ဆို ပြန်ဆက်သွယ် ပါတဲ့ ဆိူပြီး phချလိုက်ပါတယ် ဗေဒင် ဆရာမ ~~ ခနနေတော့ message ကနေ ph ဆက်ppl အဆင်ပြေလား ဘာညာ လာမေးတာပေါ့ ကျမက ပြေပါတယ်ပေါ့ သမီးက ဘယ်လို ပေါက်မဲ ယူရမလဲ မသိဘူးပေါ့ (ကျမကလည်း သိပ်မသင်္ကာတာနဲ့) ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲလို ဆုကြီးရမယ်ဆိုလည်း ကျမမှာ အကြွေးတွေ အများကြီး ဆပ်ရမှာမို့ သိန်း ၁၀၀၀ ခု လိုချင်တယ်လို့
အဲ့တော့ ဗေဒင် ဆရာမ~~အဲ့ဆို သမီး code no ရဖို့ 10သိန်းသွင်းနေရမှာပေါ့တဲ့ ကျမ~ ဟုတ်ကဲ့ ပါ အဲ့ဒါကို စိတ်ညစ်နေ တာပါ ငွေကလည်းမရှိတော့ တကယ်သိန်း1000ဆုရမယ်ဆိုရင်အတိုးနဲ့ချေးပြီး ပေးမှရမယ်လို့ ငြီးငြူပြလိုက်တယိ ဗေဒင် ဆရာမက~~ပြည့်စုံက စိတ်ထားကောင်းသူပါ အမေက သမီး ကို သနားလို့ကူညီတာတဲ့ သမီး 500ဆုပဲ ယူလိုက်ပါ့လားတဲ့ အမေ 3သိန်းနဲ့ ရအောင် ပြောပေးလိုက်မယ်တဲ့ (သူ့ဘာသာ အမေအမေ နဲ့ပြောနေတယ်လေ)
ကျမ~ အမေနဲ့ ph ပြောချင်တယ် messager ကနေ ph ခေါ်တာမကိုင်ဘူး ဘာလို့ မကိုင်လဲ မေးတော့ အမေ တရားစခန်းမှာ တိတ်ဆိတ်နေကြလို့ ph ပြောမရလို့တဲ့ ကျမကလည်း ဒါဆို ဆက်သွယ်လို့ရမဲ့ ph ပေးပါ့လား အမေ ဆိုတော့ ph.no တစ်လုံး ပေးလိုက်တယ် အပြင်ကနေဆက်တော့ မကိုင်ဘူး Ph လည်းမကိုင်ဘူး အမေ ဆိုတော့ ဟောခန်းက ph တဲ့ ဟောခန်းမှာ စောင့်နေတဲ့ ခလေးမတွေက ရွာထဲပွဲသွားကြည့်ကြလို့နဲ့တူပါတယ် မကိုင်ဖြစ်တာ
ရွှီးပြန်ပြီ အမေက ph မကိုင်ဘူးဆိုတော့ ph မသုံးဘူးတဲ့ computerနဲ့သုံးနေလို့တဲ့ ကျမကလည်း အမေတို့မှာ Ooredoo လိုင်းကောင်းတယ်နော် ပြောတော့ ဟုတ်တယ် ဖုန်းတိုင် လာစိုက်ထားလို့တဲ့ သူနဲ့ဖုန်းမပြောရတော့ ခုနက ဉီးပြည့်စုံကို Ph ပြန်ဆက်ပြီး လက်မှတ် ယူမယ် လို့ပြောလိုက်တော့ ဉီးပြည့်စုံက ~ဆရာမကြီးပြောပေးထါးလို့နော် ကျတော့်အထက် လူကြီးကိုပေးရမှာနဲ့ မကျန်တော့ဘူးတဲ့ သိန်း500ဆုကို 3သိန်းနဲ့ထားပေးထါးလို့ ကျမ က ကံကောင်းနေသေးတယ်
လူကိုယ်တိုင် ygn လာရမယ်တဲ့ လက်မှတ်ကို ဆူးလေ က အောင်ဘာလေ ထီရုံးမှာ လာယူရမယ်တဲ့ ရုံးကို တောင်မှ လမ်းညွှန်လိုက်သေး ရုံးကိုရောက်ရင် တခြားလူတွေမရိပ်မိအောင် လုံခြုံရေးကို ဒုညွှန်ကြားရေးမှူး ဉီးပြည့်စုံ နဲ့တွေ့ချင်တယ်ပြောပြီး ထိုင်စောင့်နေပါတဲ့ ညီမ လက်မှတ်ယူဖြစ်တယ်ဆိုရင် ဒိနေ့ ပဲ code no ကြေးသွင်းရမယ်တဲ့ အဲ့လိုသွင်းထားမှ လက်မှတ် လာထုတ်ရင် အဲ့ဒိcode noပြပြီး လာထုတ်ရမယ်တဲ့ အခုညီမ ယူမဲ့လက်မှတ်ကို codeရအောင် သူ့အထက်လူကြီးဆီကို တင်ပြီး computer အခန်းမှာ print ထူတ်ပြီး စာတင်ရမှာတဲ့ အခု ဘယ်ကနေပြောနေလဲဆိုတော့ သူတို့ အလုပ်များနေတာတဲ့ ကွန်ပျူတာအခန်းမှာ သာပြောတာ စာနှိပ်တဲ့လက်ကွက်အသံလည်းမကြားရ တိတ်ဆိတ်နေတာပဲ ပြီးရင်ပြန်ဆက်မယ်တဲ့ph ချသွားတယ်
ကျမ လည်း ဗေဒင် ဆရာမဆီ ပြန်သွားတာပေါ့ ဆရာမ ဉီးပြည့်စုံက vb မသုံးဘူးလားပေါ့ မေးတာ noတစ်ခူပေးတယ် ဗိုင်ပါသုံးနေတယ် အဲ့တော့ ဗေဒင်ဆရာမက သမီး ygn သွားရင်မှီပါ့မလား တဲ့ ကားဘယ်လောက်စီးရလဲ တဲ့ ကျမ က ဒီညနေ လက်မှတ်ဖြတ်ပြီး တက်မယ်လို့ ဗေဒင်ဆရာမ~ ဟုတ်လား သတိလည်းထားပါဉီးတဲ့ ဘာကားတွေနဲ့ လာမလဲတဲ့ Ygn ကို ဘယ်အချိန်ရောက်မလဲမေးတာပေါ့ ကျမက ~ဆုငွေ သိန်း500ရမယ်ဆို လို့ အတိုးချေးပြီး ကို လာမှာလို့ ကားနာမည်လျှာက်ပြော အချိန်လည်းလျှောက်ပြောတာပေါ့
ဗေဒင်ဆရာမ~~သမီးygn မှာ အသိတွေရှိလို့လား တဲ့ သူငယ်ချင်းတွေပဲရှိတာလို့ တခြားအသိမရှိဘူးလို့ အဲ့ဆို အဆင်ပြေရဲ့လားတဲ့ ကျမက ပြေအောင်သွားမှာလို့ ဉီးပြည့်စုံ က ph ပြန်ဆက်တယ် ညီမ တဲ့ code noကြေးသွင်းဖို့ အဆင်သင့်ဖြစ်ပြီလားတဲ့ လက်ထဲ တစ်သိန်းပဲရှိတာလို့ ကျန်တာ ygn လာဖို့စားရိတ် ညနေမှ အတိုးသွားချေး ရမှာလို့ပြောတော့ ညီမ ဘယ်လိုလုပ်ချင်တာလဲတဲ့ အခု ရှိသလောက်လွှဲပေးလို့ရ မလား မေးတော့ အင့် အဲ နဲ့ အသံက မကောင်းတော့ဘူး ညီမ မှာ လည်းခက်ခဲနေတော့ အဲ့လောက်ပဲတတ်နိုင်လို့ပါ တကယ်လို့ မရရင်လည်း ညီမ ကံပဲပေါ့ လို့ပြောလိုက်တော့
သူခဏ စဉ်းစားပြီး ဆရာမကြီး လည်းပြောပြထားppမို့ လုပ်ပေးလိုက်ပါမယ်ပေါ့ ဘယ် bank နဲ့လွှဲပေးရမလဲဆိုတော့ အခုက တရားမဝင် လုပ်တာဆိုတော့ bank နဲ့မရဘူးတဲ့ wave money နဲ့ လွှဲပေးမှရမယ်တဲ့ ကျမက aww ဟုတ်ကဲ့ ဒီနားမှာ wave money ဆိုင်မရှိလို့ အဝေးကြီးသွားရမှာမို့ ညနေ 3နာရီလောက်ဆို အဆင်ပြေလားဆိုတော့ ဉီးပြည့်စုံ က 5နာရီ နောက်ဆုံးပဲတဲ့ ရုံးဆင်းပြီးရင် မရတော့ဘူးတဲ့ အဲ့ဆို ညီမကို 3နာရီ မထိုးခင် wave moneyဆိုင်ကနေစောင့်နေပါလို့ လွဲဲပြီး password ပြောမယ်လို့
ကျမလည်း မန်းလေးက ကျမသူငယ်ချင်းကို ထီဆိုင်ကြီးတွေရဲ့ph.noတောင်းပြီး ဒီနေ့ အောင်ဘာလေထီရုံးဖွင့်လား လိုက်မေးတယ် Ygn ရုံးက ph မကိုင်လိူ့ ပြီးရင် ဟိုမိန်းရိပ်သာ page ထဲက ph.no ကိုဆက်ကြည့်တော့ ဗမာစကားနားမလည်ဘူး ပြောလည်းမတတ်ဘူး နောက်တစ်ခေါက်ဆက်ကြည့်တော့ ယောဂီ အမျိုးသမီး တစ်ဉီး ကိုင်လိုက်တယ် ဗမာလို သိပ်မပီဘူး ဒီရိပ်သာမှာ ဗေဒင်ဟောနေတဲ့ ဆရာမဒေါ်ခင်မေပြုံးရှိလား ဆိုတော့ ဘာဗေဒင်ဟောမဲ့ ဆရာမ မှမရှိဘူးတဲ့ ပြီးရင် အခုပေါ့ အဲ့လို တွေ ယုံအောင်ပြောပြီး ယောကျ်ားတစ်ယောက်နဲ့ ငွေတွေလွှဲအောင်ပြောနေလို့ ဆိုပြီးပြောလိူက်တော့
လိုက်မယုံနဲ့သမီးတဲ့ ဟိုနေ့ကလည်း မုံရွာက ကောင်မလေးတစ်ယောက် 5သိန်းပါသွားလို့ ph.လာဆက်တာတဲ့ နေ့တိုင်းလိုလို ပဲတဲ့ ပိုက်ဆံ 3သိန်း5သိန့်းတွေ လွှဲလိုက်ပြီးမှ ဖုန်းလာဆက်ကြတော့ ပါကုန်တာပေါ့တဲ့ လိုက်လိမ်စားနေတာတဲ့ သူတို့ရိပ်သာက ရှမ်းလူမျိုးစစ်စစ်တွေ ဘယ်မှာမှအလှူခံမရှိဘူးတဲ့ ဉီးပြည့်စုံ ဆို တဲ့လူက ကျမ ကိုph ဆက်လာတယ် ညီမရေ့ အခုwave money ဆိုင်ကိုရောက်နေပြီတဲ့ 4နာရီ လည်းထိုးတော့မယ်တဲ့ ဆရာမကြီး အသိမို့လို့ ဒီလောက်လိုက်လုပ်ပေးနေတာတဲ့ (စိတ်ဆိုးတဲ့လေသံနဲ့)
အခုဆိုင်သွားနေတုန်းမို့ ခနစောင့်နေလို့ ၁ သိန်းခွဲ လွှဲပေးလိုက်မယ်လို့ ညီမက ကတိတည်တယ်လို့ ဆက်ဆက်စောင့်နေပါလို့ password က 1 ခြောက်လုံးလို့ပြောပြီး Ph.no တွေ အကုန် block အကောင့်တွေ အကုန် block ပြီးငြိမ်နေလိုက်တာ လူလိမ်က miss call 3/4callလာပေါ်နေသေးတယ် (လူလိမ် လည်း ဂျင်းမိသွားတော့ စိတ်တိုနေမလား ကြောက်မိသေး) စာကိုအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင် ကျမလို အလိမ်မခံရအောင် ဆင်ခြင်နိုင်ကြပါစေ
Hla Hla Htay