သန္တာကျောက်တန်းပေါ် တက်ထိုင်မိလို့ ဘတ် ၁ သန်းနဲ့ ထောင် ၁၀ နှစ်ကျခံရနိုင်တဲ့ ထိုင်းခရီးသွား
ထိုင်း ပင်လယ်နဲ့ ကမ်းရိုးတန်း သဘာဝအရင်းအမြစ် ဌာနက မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ သန္တာကျောက်တန်း အပေါ်ထိုင်ခဲ့တဲ့ ခရီးသွား ၁ ယောက်ကို အရေးယူပေးဖို့ ရဲဌာနကို တိုင်ကြားခဲ့ပါတယ်။
ဌာနက တာဝန်ရှိသူက အဆိုပါ ခရီးသွားရဲ့ ဖေ့ဘုတ်မှာ တင်ထားတဲ့ ဓါတ်ပုံကို သက်သေ အဖြစ် အသုံးပြုခဲ့ပါတယ်။
အဆိုပါ ခရီးသွားဟာ Sattahip ဒေသ၊ Koh Khram ရှိ ပင်လယ် ရေအောက်က သန္တာကျောက်တန်း အပေါ်မှာ ထိုင်နေတာကို ဓါတ်ပုံရိုက်ကူးထားတာပါ။ ဓါတ်ပုံထဲက သန္တာကျောက်တန်းဟာ မျိုးတုံးလုနီးပြီ ဖြစ်ပြီး ထိုင်း ဥပဒေနဲ့ ကာကွယ်ထားတဲ့အတွက် အဲဒီလူကို အရေးယူနိုင်တယ်လို့ ပြောပါတယ်။
ခရီးသွားဟာ ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ဘတ် ၁ သန်း ပေးဆောင်ရနိုင်သလို ထောင် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။ ဒဏ်ငွေနဲ့ ထောင်ဒဏ် ၂ ခုစလုံးနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။
အဆိုပါ ခရီးသွားဟာ နောက်ပိုင်းမှာ ရဲတွေနဲ့ တွေ့ဆုံခဲ့ပြီး သန္တာကျောက်တန်းတွေကို ပျက်ဆီးစေလိုတဲ့ ဆန္ဒ မရှိဘူးလို့ ပြောပြခဲ့ပါတယ်။ အဲဒီ ဓါတ်ပုံကို ပြီးခဲ့တဲ့ နှစ်က ရိုက်ကူးခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့ကမှ ဖေ့ဘုတ် မှာ တင်ခဲ့တာပါ။
ဘန်ကောက်လမ်းညွန်ကိုစိုင်း