တောင်ဥက္ကလာ ကျူးကျော်များ တပတ်အတွင်း မပြောင်းရွှေ့ပါက အကုန်ဖျက်သိမ်းမည်ဟု အမိန့်စာထုတ်

ရန်ကုန်​မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက် ၈ ခုက ကျူးကျော်နေအိမ်တွေကို ၇ ရက်အတွင်း အပြီးဖျက်သိမ်းပြောင်းရွှေပေးဖို့ မြို့နယ်စည်ပင်က မနေ့ဒီဇင်ဘာ ၂၁ရက်မှာ စာပေးပို့ခဲ့တယ်လို့ ကျူးကျော်နေသူတွေဆီက သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက် ၄၊၅၊၇၊၁၀၊၁၁၊၁၂၊၁၃၊၁၄ အစရှိတဲ့ရပ်ကွက်တွေက ကျူးကျော်နေထိုင်သူအားလုံးကို မနေ့က မြို့နယ်စည်ပင်က စာပေးပို့ခဲ့တာဖြစ်တယ်လို့ ၁၄ ရပ်ကွက်ကျူးကျော်နေသူတဦးကပြောပါတယ်။

မြို့နယ်စည်ပင်က စာမပေးပို့မီ အောက်တိုဘာ ၂၃ ရက်ကလည်း အဆိုပါ ရပ်ကွက် ၈ ခုကကျူးကျော် နေထိုင်သူတွေကို မြို့နယ်ထွေအုပ်ကလည်း စာပေးပို့ခဲ့တာရှိတယ်လို့ ၁၂ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့လပိုင်းက စတင်ကာ မြို့နယ်အချို့က ကျူးကျော်နေအိမ်တွေနဲ့လမ်းဘေးဝဲယာက ဆိုင်တွေကို ဖျက်သိမ်းခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page